fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

အာဟာရဓာတ်များ

နိုက်ထရိတ်ပုံစံ နိုက်ထရိုဂျင်၏ အကျိုးအာနိသင်များ

တောင်သူတွေအသုံးပြုနေတဲ့ မြေသြဇာတွေမှာ နိုက်ထရိုဂျင်အနေနဲ့ ယူရီးယား၊ အမိုနီယမ် နဲ့ နိုက်ထရိတ် ဆိုတဲ့ပုံစံတွေ အသုံးပြုကြပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့ နိုက်ထရိုဂျင်မြေသြဇာတွေဖြစ်တဲ့ ယူရီးယားနဲ့ အမိုနီယမ်ပုံစံ မြေသြဇာတွေအသုံးများပါတယ်။ ဒီမြေသြဇာတွေဟာ အပင်ကစားသုံးနိုင်တဲ့ ပုံစံရောက်ဖိုအတွက် နိုက်ထရိတ်ပုံစံပြောင်းဖို လိုအပ်ပါတယ်။

မင်္ဂလာပါ
ဒီနေ့မှာ တောင်သူတွေ အသုံးပြုနေတဲ့ မြေသြဇာထဲမှာပါဝင်နေတဲ့ နိုက်ထရိတ်ပုံစံ နိုက်ထရိုဂျင်ရဲ့ အကျိုးကျေးဇူးများကို မျှဝေသွားမှာ ဖြစ်ပါတယ်။

တောင်သူတွေအသုံးပြုနေတဲ့ မြေသြဇာတွေမှာ နိုက်ထရိုဂျင်အနေနဲ့ ယူရီးယား၊ အမိုနီယမ် နဲ့ နိုက်ထရိတ် ဆိုတဲ့ပုံစံတွေ အသုံးပြုကြပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့ နိုက်ထရိုဂျင်မြေသြဇာတွေဖြစ်တဲ့ ယူရီးယားနဲ့ အမိုနီယမ်ပုံစံ မြေသြဇာတွေအသုံးများပါတယ်။ ဒီမြေသြဇာတွေဟာ အပင်ကစားသုံးနိုင်တဲ့ ပုံစံရောက်ဖိုအတွက် နိုက်ထရိတ်ပုံစံပြောင်းဖို လိုအပ်ပါတယ်။

အပင်တွေက နိုက်ထရိုဂျင်ကို စုပ်ယူစားသုံးတဲ့အခါမှာ နိုက်ထရိတ်ပုံစံကို ပိုပြီးနှစ်သက်ပါတယ်။ အပင်ကနေ စုပ်ယူတဲ့ နိုက်ထရိုဂျင် စုစုပေါင်းရဲ့ (၉၀) ရာခိုင်နှုန်းဟာ နိုက်ထရိတ်ပုံစံပဲ ဖြစ်ပါတယ်။ သီးနှံပင်တွေဟာ ကြီးထွားဖိုအတွက် အမိုနီယမ်နဲ့ နိုက်ထရိုဂျင် တိုကို အိုင်းရွန်းပုံစံနဲ့ စုပ်ယူကြပါတယ်။ မြေကြီးတွင်းရှိနေတဲ့ အဏုဇီဝသက်ရှိသက်ရှိများရဲ့ နိုက်ထရီဖီကေးရှင်းဖြစ်စဉ်ကြောင့် နောက်ဆုံးမှာ ရရှိတဲ့ ပုံစံပဲဖြစ်ပါတယ်။ နိုက်ထရိတ် ပုံစံဟာ အပင်ကချက်ချင်းစုပ်ယူစားသုံးနိုင်တဲ့အတွက် အပင်ကို မြန်မြန်ဖြစ်ထွန်းစေပြီး အမြစ်ကြီးထွားမှုကိုလည်း ကောင်းမွန်စေပါတယ်။ အမိုနီယမ်ပုံစံကတော့ တဖြည်းဖြည်းခြင်းမှ အပင်ကို အာဟာရထောက်ပံ့ပေးနိုင်ပါတယ်။

နိုက်ထရိတ်ရဲ့ ဓာတုပုံစံက (NO3-) ပုံစံ (အနုတ်ဓာတ်) ဖြစ်တဲ့အတွက် အခြား အပေါင်းဓာတ် ရှိတဲ့ အာဟာရတွေ (ကယ်လ်စီယမ်၊ မဂ္ဂ နီစီယမ်၊ ပိုတက်စီယမ်) တိုကို ဆွဲယူပြီး အပင်ကိုထောက်ပံ့ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ (ဥပမာ လျှပ်စစ် အဖိုအမ ပေါင်းသွားသလိုပါပဲ)။ ဒါကြောင့် အပင်တွေအတွက် အာဟာရဓာတ်ရရှိမှုကို ကောင်းမွန်စေပြီး အထွက်နှုန်းနဲ့ အရည်သွေးကို ပိုမို ကောင်းမွန်စေပါတယ်။
ဒါ့အပြင် နိုက်ထရိတ်ပုံစံက တခြားပုံစံတွေ ဖြစ်တဲ့ ယူရီးယားတို အမိုနီယမ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် နိုက်ထရိတ်ပုံစံကအငွေ့ပျံဆုံးဆုံးမှုမရှိသလောက်နည်းတာကို တွေ့ရှိရပါတယ်။

တကယ်လို အပင်တွေကို အမိုနီယမ်ဆာလ်ဖိတ် သိုမဟုတ် ယူရီယား တွေကို ဆက်တိုက် ကျွေးမယ်ဆိုရင် အပင်အမြစ်အဝန်းအဝိုင်းမှာ အချဉ်ပေါက်လာတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ချဉ်တဲ့မြေကြီးတွေမှာ အလူမီနီအဆိပ်သင့်တာတွေ ဖော့စဖောရပ်အာဟာရဓာတ်တွေက အပင်ကစုပ်ယူလိုမရနိုင်တဲ့ ပုံစံတွေ ပြောင်းသွားပါတယ်။ နိုက်ထရိတ်ပုံစံကတော့ အမြစ်ပတ်ဝန်းကျင်မှာ အချဉ်ပေါက်တာကို သိသိသာသာ လျှော့နည်းစေပါတယ်။
နိုက်ထရိုဂျင်ကို နိုက်ထရိတ်ပုံစံထုတ်လုပ်ထားတဲ့ မြေသြဇာတွေကို ရွှေးချယ်အသုံးပြုမယ်ဆိုရင် အထက်ပါ ကောင်းကျိုးတွေ ရရှိမှာပဲဖြစ်ပါတယ်။ မှန်ကန်တဲ့မြေသြဇာ ပုံစံတွေ ရွှေးချယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဗဟုသုတများ မျှဝေပေးလိုက်ပါတယ်။

ယာရာကထုတ်လုပ်ထားတဲ့ ယာရာမီလာမြေသြဇာတွေမှာ နိုက်ထရိုဂျင်ကို ပုံစံ ၂ မျိုးနှင့် ထုတ်လုပ်ထားလို အခြားမြေသြဇာများနှင့် နှိင်းယှဥ်လျင်လေလွင့်ဆုံးရှုးမှုနည်းပြီး ကြာရှည်စွာ အာဟာရထောက်ပံ့ပေးနိုင်ပါတယ်။ မိတ်ဆွေတောင်သူများ အရည်သွေးပြည့်တဲ့ သီးနှံတွေ ထွက်နှုန်းတိုးပြီး ကျန်းမာဘေးကင်းနိုင်ကြပါစေ။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅