fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

အပင်မစိုက်ပျိုးမီ မြေဆီလွှာစမ်းစပ်ခြင်း

နွေဦးရာသီသို့ အလျင်အမြန် ချဉ်းကပ်လာချေပြီ။ တဲထဲမှ ဂေါ်ပြားထုတ်ရန်အချိန်ကျရောက်ပြီဖြစ်ပြီး နွေဦးအကြိုအပင်စိုက်ပျိုးရန်အတွက် မြေနမူနာ စမ်းသပ်ရမည့်အချိန်ဖြစ်သည်။


အင်္ဂလန်နိုင်ငံ၏ မြေဆီလွှာများသည် လွန်ခဲ့သောရာစုနှစ်အနည်းငယ်တွင် များစွာပြောင်းလဲသွားခဲ့ပြီဖြစ်ရာမြေဆီလွှာနမူနာတွင် (၉၇) ရာခိုင်နှုန်း ဆာလ်ဖာ ချို့တဲ့ခြင်း သို့မဟုတ် စိုက်ပျိုးနိုင်သောမြေတွင် အော်ဂဲနစ်ပစ္စည်းများလျော့နည်းခြင်းစသည့် ဖြစ်စဉ်များကို တွေ့ရနိုင်သည်။ ထို့ကြောင့် မြေနမူနာစမ်းသပ်ခြင်း အရေးပါပုံကို လူတိုင်းသိကြသည်။ သို့ရာတွင် အခြေခံမြေဆီလွှာခွဲခြမ်းစိတ်ဖြာချက်ထက်ပိုမို၍ သင်ရင်းနှီးမြှုပ်နှံသင့်ပါသလား။


အခြေခံခွဲခြမ်းစိတ်ဖြာချက်သည်ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပီအိပ်ချ်(pH)အဆင့်တို့ကို ဖော်ပြပေးလိမ့်မည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ကောင်းမွန်သောစမှတ်တစ်ခုဖြစ်သော်လည်း ကယ်လ်စီယမ်၊ ဆာလ်ဖာ၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဘိုရွန်၊ ဇင့်၊ မော်လီဒီနမ်နှင့် သံဓာတ်တို့ကို စမ်းသပ်ခြင်း မပြုတော့ပြီလော။ ဓာတ်အားလုံးမှာ အရေးကြီးသည့် အာဟာရများဖြစ်ကြပြီး သင်၏မြေများတွင် အဆိုပါ ဒြပ်စင်များအနက်မှ တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုမို၍လျော့နည်းနေသည်ကို သင်သတိမထားမိဘဲ ဖြစ်နေနိုင်သည်။ မြေဆီလွှာခွဲခြမ်းစိတ်ဖြာချက်များတွင်ပါဝင်နိုင်သည့် အော်ဂဲနစ်ပစ္စည်းများနှင့် ဓာတ်ဖိုဖလှယ်ခြင်းစွမ်းရည်(cation exchange capacity) တို့၏ အရေးပါပုံကိုလည်း မေ့ထား၍မရပေ။

အခြေခံမြေဆီလွှာခွဲခြမ်းစိတ်ဖြာချက်တခုထက်ကိုပိုပြီး မြေဆီလွှာကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာသည့်ကိစ္စတွင် ရင်းနှီးမြှုုပ်နှံရန် စဉ်းစားပါ။ ယာရာ၏ ဓာတ်ခွဲခန်းတွင် မြေဆီလွှာ နမူနာပေါင်း သန်း ၂၀ ကျော် ဓာတ်ခွဲဆောင်ရွက်ပြီးဖြစ်သည်။ ဖော့စဖိတ်ညွှန်းကိန်း ၂ အောက်(P < index 2)၊ ပီအိပ်ချ် ၆.၅ အောက် (pH <6.5 )နှင့် အနည်းလိုအာဟာရချို့တဲ့မှုတို့ကဲ့သို့သော ကန့်သတ်အကြောင်းအရင်းများနှင့်အတူ မြေများအားလုံးကို ဖယ်လိုက်သောအခါ အင်္ဂလန်နိုင်ငံ၏ မြေ ၁၃.၅ % သာလျင် ဂျုံစိုက်ပျိုးရန် လုံလောက်သော အာဟာရအဆင့်ရှိသည်ကို ဤစာရင်းအချက်အလက် အများအပြားမှ ပြသခဲ့ပြီးဖြစ်သည်။ဆီထွက် သီးနှံပန်းနှမ်းစိုက်ခင်းများ၏ ပေးပို့ထားသော မြေနမူနာကို လေ့လာကြည့် သောအခါ ၇ % သာလျင် အာဟာရလုံလောက်မှုရှိသည်ကို တွေ့ရှိရသည်။

မြေဆီလွှာကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် ရောဂါဝင်ခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းကဲ့သို့သော ကိစ္စရပ်များကို အချိန်မနှောင်းမီ သင်သိရှိပေလိမ့်မည်။ "မည်သည့်အာဟာရဓာတ် မဆိုချို့တဲ့ခြင်းသည် အထွက်နှုန်းလျော့ကျရန်လုံလောက်သည်" ဟုဖော်ပြထားသော လိုင်ဘိ၏ အနည်းဆုံးနိယာမ ( Liebig’s law of the minimum) ကို သတိရပါ။ အထွက်နှုန်းများ ပိုမိုရရှိရန်ဆောင်ရွက်လေ ကုန်ကျစရိတ်ကြီးမားလေ(ဖော့စဖိတ်နှင့် ပိုတက်စီယမ်များကဲ့သို့) နိုက်ထရိုဂျင်တိုးမြှင့်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်အကျိုးကျေးဇူးကို သင်ကန့်သတ်နိုင်ပေလိမ့်မည်။


မြေဆီလွှာခွဲခြမ်းစိတ်ဖြာလေ့လာခြင်း သတင်းအချက်လက်များပိုမိုသိရှိနိုင်ရန်။

ပိုမိုကောင်းမွန်သော အာဟာရဓာတ်ဆိုင်ရာဆုံးဖြတ်ချက်များကို မည်သို့ချမှတ်မည်နည်း။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅