fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

ဆိုဒီယမ်ပါဝင်မှု များတဲ့မြေအမျိုးစား/ ဆားပေါက်မြေ (Sodic Soils)

မြေကြီးတွင်းဆိုဒီယမ်ပါဝင်မှု အလွန်များနေခြင်းကြောင့် မြေသားတည်ဆောင်မှု ဖျက်ဆီးသွားခြင်းဖြစ်ပါတယ်။ ဆိုဒီယမ်ပါဝင်မှု များတဲ့မြေတွေဟာ စိုဆွတ်နေမယ်ဆိုရင် မြေသားပွသွားပြီး ခြောက်သွားမယ်ဆိုရင် မြေမျက်ပြင်ကြပ်တည်းသွားပြီး မျိုးစေ့အညှောက်ပေါက်ပြီး မြေပေါ်ပေါ်ထွက်လာရန် အခက်ခဲဖြစ်စေပါတယ်။

 

ဆိုဒီယမ်ပါဝင်မှု များတဲ့မြေအမျိုးစား/ ဆားပေါက်မြေ (Sodic Soils)

Sodic Soils

ကျွန်တော်တောင်သူဦးကြီးတွေ ကြုံတွေ့နေရတဲ့ မြေငန်စေတဲ့ မြေအမျိုးစားထဲမှ စိုက်ပျိုးရာမှာ ပြဿနာကြုံတွေ့နေရတဲ့ မြေကြပ်/ မြေသားထိပ်တင်းနေရတဲ့ အကြောင်းရင်းနဲ့ ဘယ်လို ပြုပြင်ပေးနိုင်လည်း ဆိုတဲ့ အကြောင်းကို ရှင်းပြပေးချင်ပါတယ်။

ဆားငန်မြေထဲမှ ပြဿနာရှိတဲ့မြေအမျိုးစားတစ်မျိုးပဲဖြစ်ပါတယ်။ ဒီမြေတွေမှာဆိုရင် ဓာတ်ဖိုဖလှယ်နိုင်တဲ့ ဆိုဒီယမ်ပါဝင်မှုဟာ (၁၅ %) ကျော်လောက်ပါဝင်နေပါတယ်။ ဆိုဒီယမ်ပါဝင်မှုများတဲ့မြေ (Sodic soil)ရဲ့ ပြဿနာက မြေမျက်နှာပြင် ကြပ်သွားပြီး မျိုးစေ့ မျိုးညှောက်ပေါက်ဖို့အတွက် အနှောက်ယှက်ဖြစ်စေပါတယ်။ မြေအနက်ပိုင်းမှာ ဆိုဒီယမ်ပါဝင်မှု များနေမယ်ဆိုရင် အမြစ်ကြီးထွားဖို့ ကန့်သတ်ထားခြင်း ခံရပါတယ်။

ဒါကြောင့်မလို့ မြေကြီးတွင်းဆိုဒီယမ်ပါဝင်မှု အလွန်များနေခြင်းကြောင့် မြေသားတည်ဆောင်မှု ဖျက်ဆီးသွားခြင်းဖြစ်ပါတယ်။ ဆိုဒီယမ်ပါဝင်မှု များတဲ့မြေတွေဟာ စိုဆွတ်နေမယ်ဆိုရင် မြေသားပွသွားပြီး ခြောက်သွားမယ်ဆိုရင် မြေမျက်ပြင်ကြပ်တည်းသွားပြီး မျိုးစေ့အညှောက်ပေါက်ပြီး မြေပေါ်ပေါ်ထွက်လာရန် အခက်ခဲဖြစ်စေပါတယ်။ ရေစီးဆင်းမှုကို တားစီးခံရတဲ့အတွက်ကြောင့် ရေဝှပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကျောက်မှုန့်ထည့်ပေးခြင်းအားဖြင့် ထိုပြဿနာကို ပြင်ဆင်/ ကျော်လွှားနိုင်ပါတယ်။

ကျောက်မှုန့်မှာပါတဲ့ ကယ်လ်ဆီယမ်က မြေကြီးတွင်တွယ်ကပ်နေတဲ့ ဆိုဒီယမ်ကို အစားထိုးဖယ်ရှား နိုင်တဲ့ အတွက် မြေသားပိုမိုတည်ငြိမ်သွားပါတယ်။ ဖယ်ရှားလိုက်တဲ့ ဆိုဒီယမ်ဟာ ကျောက်မှုန့်ပါဝင်တဲ့ ဆာလ်ဖိတ်နဲ့အတူ ပေါင်းပြီး ဆိုဒီယမ်ဆာလ်ဖိတ်အဖြင့် ပို၍လွယ်ကူစွာ ဆုံးရှုံးသွားနိုင်ပါတယ်။ ကျောက်မှုန့်ရဲ့နောက်ထပ် အကျိုးကျေးဇူးတစ်ချက်ကတော့ မြေကြီးစိုနေတဲ့အချိန်မှာ မြေသားပျက်ပြယ်ခြင်းကို ရပ်တန့်စေပါတယ်။ သို့သော်လည်း ကျောက်မှုန့်အသုံးပြုချင်းဟာ ဆိုဒီယမ်ပါဝင်မှုများတဲ့မြေကြီးတွေမှာ ဘယ်အနက်ထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာတော့ ပြောရခက်ပါတယ်။ လက်တွေ့ကျတဲ့ဖြေရှင်းနည်းတစ်ခုကတော့ ကျောက်မှုန့်ရဲ့အလုပ်လုပ်မှုနှေးတဲ့ အတွက်ကြောင့် ပုံမှန်ထည့်ပေးပြီး မြေသားကို ဖွင့်ပေးဖို့လိုအပ်ပါတယ် (ထယ်နက်နက် ထိုးပေးဖို့လိုအပ်ပါတယ်)။ ဒါကြောင့် ကျောက်မှုန့်ကို သီးနှံမစိုက်ပျိုးမီ ထည့်ပေးသင့်ပါတယ်။

တောင်သူဦးကြီးတွေရဲ့  မြေကြပ် ထိပ်တင်းစေတဲ့ အကြောင်းရင်နဲ့ ပြုပြင်နည်းတွေကို သိရှိသွားပြီး မိမိစိုက်ပျိုးမြေကို ရေရှည်စိုက်ပျိုးနိုင်တဲ့ မြေဖြစ်အောင် ထိန်းသိမ်းလိုက်ကြပါဆို့........


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅