fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

မြေချဉ်ငန်ဓာတ်ညွှန်းကိန်း

မြေချဉ်ငန်ဓာတ်ညွှန်းကိန်းတန်ဖိုးဟာ (၀ မှ ၁၄) ထိရှိပါတယ်။ (၀- ၆.၅) ကြားမှာဆို မြေချဉ်သည့်အနေထားဖြစ်ပြီး (၇.၅-၁၄) ကြားမှာဆို ငန်တဲ့အနေထားဖြစ်နေပါတယ်။ မြေချဉ်ငန်ဓာတ်ညွှန်းကိန်းတန်ဖိုး (၇) ကတော့ မြေကြီးဟာ ချဉ်ခြင်းငန်ခြင်းသဘောမရှိတဲ့ အစွမ်းမဲ့ (neutral) သဘောဖြစ်ပါတယ်။ 

မြေချဉ်ငန်ဓာတ်ညွှန်းကိန်း

တောင်သူဦးကြီးတွေစိုက်ပျိုးနေတဲ့မြေကြီးရဲ့ မြေချဉ်ငန်ဓာတ် အကြောင်းလေး မျှဝေပေးသွားပါမယ်

မြေချဉ်ငန်ဓာတ်ညွှန်းကိန်းဆိုတာဟာ မြေကြီးရဲ့ချဉ်မူ (သို့) ငန်မူကို တိုင်းတာ တာပဲဖြစ်ပါတယ်။ ဒီလိုတိုင်းတာရာမှာ မြေကြီးပျော်ရည်တွင်ပါဝင်တဲ့ ဟိုက်ဒရိုဂျင် အိုင်းရွန်း (H+ ions) ၏ လုပ်ဆောင်မူကို တိုင်းတာတာပဲဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် အိုင်းရွန်း (H+ ions) ၏ လုပ်ဆောင်မူများလာလေလေ မြေကြီးသည် ပို၍ချဉ်လာလေလေဖြစ်ပြီး ဟိုက်ဒရောဆိုဒ် အိုင်းရွန်း (OH- (hydroxyl) ions)များလျှင် မြေကြီးဟာငန်တဲ့ဖက်ပါသွားတယ်။

မြေချဉ်ငန်ဓာတ်ညွှန်းကိန်းတန်ဖိုးဟာ (၀ မှ ၁၄) ထိရှိပါတယ်။ (၀- ၆.၅) ကြားမှာဆို မြေချဉ်သည့်အနေထားဖြစ်ပြီး (၇.၅-၁၄) ကြားမှာဆို ငန်တဲ့အနေထားဖြစ်နေပါတယ်။ မြေချဉ်ငန်ဓာတ်ညွှန်းကိန်းတန်ဖိုး (၇) ကတော့ မြေကြီးဟာ ချဉ်ခြင်းငန်ခြင်းသဘောမရှိတဲ့ အစွမ်းမဲ့ (neutral) သဘောဖြစ်ပါတယ်။

Soil moisture

မြေချဉ်ငံဓာတ်ညွှန်းကိန်းအတိုင်းတာဟာ လော့ဂရသန်မစ် (logarithmic)ဖြစ်ပါတယ်။ မြေချဉ်ငန်ဓာတ်ညွှန်းကိန်းတန်ဖိုး ၇ မှ ၈ သို့ တိုးသွားမယ်ဆိုရင် မြေကြီးဟာ (၁၀) ဆပို၍ငန်သွားပါတယ်။ ထို့အတူ မြေချဉ်ငန်ဓာတ်ညွှန်းကိန်းတန်ဖိုး (၇ မှ ၅) သို့လျှော့သွားခြင်းသည် မြေကြီးသည် အဆ (၁၀၀) ပိုပြီး ချဉ်သွားပါတယ်။ ရာသီဥတု၊ စိုက်ပျိုးတဲ့ အပင်မျိုးစိတ်၊ စက်ရုံ၊ စိုက်ပျိုးတဲ့နည်းလမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ သဘာဝ မြေချဉ်ငန်ဓာတ်ညွှန်းကိန်းကို ပြောင်းလည်းနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးတဲ့တောင်သူဦးကြီးတွေဟာ ရည်ရှည်စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ မြေများဖြစ်အောင် မိမိစိုက်ပျိုးမြေကိုတန်ဖိုးထားနိုင်ပါစေ။ မိမိတို့စိုက်ပျိုးတဲ့သီးနှံတွေ အထွက်နှုန်းနှင့် အရည်သွေးကောင်းမွန်စွာစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်ရှင့်......


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅