fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

မြေချဉ်မှုနဲ့  အာဟာရ အဆိပ်သင့်ခြင်းနှင့် အာဟာရချို့တဲ့ခြင်း

မြေချဉ်ငန်ဓာတ်ညွှန်းကိန်း သိသိသာသာကျလာခြင်းဟာ အာဟာရဓာတ်ညီညီမျှမျှရရှိမှုပေါ် အကျိုးသက်ရောက်မှု ရှိနေပါတယ်။

အလူမီနီယမ် (Al) (သွပ်ဓာတ်) နှင့် မဂ္ဂနိစ် (Mn) ရရှိမှုမြင့်မားပြီး အပင်ကြီးထွားမှုကိုဟန့်တားနိုင်တဲ့ အဆိပ်သင့်စေတဲ့ ပမာဏထိ ဖြစ်လာစေနိုင်ပါတယ်။ တခြားအာဟာရဓာတ်တွေဖြစ်တဲ့ မော်လီဒီနမ်၊ ဖော့စဖောရစ် နှင့် ကယ်လ်ဆီယမ် ရရှိမှုအလွန်နည်းသွားပြီး အပင်ကြီးထွားနိုင်မှုစွမ်းရည်ကို လျှော့နည်းစေပါတယ်။

toxicity and deficiency

တော်သူဦးကြီးတွေစိုက်ပျိုးနေတဲ့ မြေကြီးတွေဟာ မြေချဉ်တဲ့ဘက်ကို ရောက်နေပြီဆိုရင် နောက်ဆက်တွဲအနေတဲ့ အာဟာရဓာတ် အဆိပ်သင့်တာတွေ အာဟာရဓာတ် ချို့တဲ့ နိုင်တာတွေကို ရှိနေပါတယ်။ 

မြေချဉ်ငန်ဓာတ်ညွှန်းကိန်း သိသိသာသာကျလာခြင်းဟာ အာဟာရဓာတ်ညီညီမျှမျှရရှိမှုပေါ် အကျိုးသက်ရောက်မှု ရှိနေပါတယ်။ အလူမီနီယမ် (Al) (သွပ်ဓာတ်) နှင့် မဂ္ဂနိစ် (Mn) ရရှိမှုမြင့်မားပြီး အပင်ကြီးထွားမှုကိုဟန့်တားနိုင်တဲ့ အဆိပ်သင့်စေတဲ့ ပမာဏထိ ဖြစ်လာစေနိုင်ပါတယ်။ တခြားအာဟာရဓာတ်တွေဖြစ်တဲ့ မော်လီဒီနမ် (Mo)၊ ဖော့စဖောရစ်(P) နှင့် ကယ်လ်စီယမ် (Ca) ရရှိမှုအလွန်နည်းသွားပြီး အပင်ကြီးထွားနိုင်မှုစွမ်းရည်ကို လျှော့နည်းစေပါတယ်။

အလူမီနီယမ် (Al) အဆိပ်သင့်မယ်ဆိုရင် အထူးသဖြင့် အမြစ်ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့်မလို့ အာဟာရဓာတ်နဲ့ ရေစုပ်ယူမှုကို သိသိသာသာလျှော့နည်းသွားစေပါတယ်။ အပင်တွေကို ကြည့်မယ်ဆိုရင် ညှိးနေပြီး အမြစ်ကြီးကြီးထွားမှု ရပ်တန့်သွားတဲ့အတွက်ကြောင့် အပင်ကြီးထွားမှုကို ဆိုးရွားစွာ ဖြစ်ပေါ်နေတာကို မြင်တွေ့နိုင်ပါတယ်။

ထိုအာဟာရဓာတ်အဆိပ်သင့်ကို ခံနှိုင်ရည်ရှိမှုဟာ အပင် မျိုးစားနဲ့ မြေအမျိုးစားပေါ် မူတည်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ မြေကြီးတွင်း အလူမီနီယမ် ပမာဏမြင့်မာခြင်းဟာ ဖော့စဖောရစ်အာဟာရဓာတ်ကို အပင်မှစုပ်ယူလို့မရအောင် ထိန်းချုပ်ထားတဲ့အတွက် ဖော့စဖောရပ်ချို့တဲ့မှုကို လည်း ဆက်တိုက်ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် မြေကြီး မြေချဉ်ငန်ဓာတ် လျှော့နည်းခြင်းဟာ မဂ္ဂနိစ် (Mn) ရရှိမှုကို အလွန်တိုးလာစေနိုင်ပါတယ်။ ပူနွေးတဲ့အချိန်တွေ ရေဝှပ်တဲ့အချိန်တွေမှာ မဂ္ဂနိစ် အာဟာရဓာတ်ကို ပိုမိုရရှိစေပါတယ်။ မဂ္ဂနိစ် အဆိပ်တောက်ဖြစ်မယ်ဆိုရင်တော့ အမြစ်ကြီးထွားမှုထက် အပင်ပိုင်းကြီးထွားမှုအပေါ်  ပိုမို အကျိုးသက်ရောက်စေပါတယ်။ မဂ္ဂနိစ်အဆိပ်သင့်တဲ့လက္ခဏာကို ကြည့်မယ်ဆိုရင် အရွက်နားတွေ ဝါလာပြီး တစ်သျှူးတွေသေသွားတဲ့ထိဖြစ်စေပါတယ်။ ထိုလက္ခဏာရပ်တွေကို အရွက်ရင့်တွေမှာ ပထမဆုံး စတင်တွေ့ရလေ့ရှိပါတယ်။ မဂ္ဂနိစ် အဆိပ်သင့်တဲ့ လက္ခဏာရပ်တွေဟာ အပင်အမျိုးစားပေါ်မှုတည်ပြီး ကွာခြားနိုင်ပါတယ်။

အာဟာရဓာတ် ရရှိမှုလွန်ကဲပြီး အဆိပ်သင့်တာတွေရှိသလို ရရှိမှု မလုံလောက်၊ ချို့တဲ့တဲ့ အာဟာရဓာတ်တွေလည်းရှိပါတယ်။ ချဉ်တဲ့မြေတွေမှာ မော်လီဒီနမ် (Mo) ရရှိမှုကို ဆုံးရှုံးစေပါတယ်။ အပင်တွေဟာ မော်လီဒီနမ်အာဟာရဓာတ်ရရှိမယ်ဆိုရင် နိုက်ထရိတ် အသုံးပြုမှုကို ကောင်းမွန်စေပါတယ်။ မော်လီဒီနမ်ချို့တဲ့အချိန်မှာဆိုရင် အသုံးပြုလို့မရတဲ့ နိုက်ထရိတ်တွေ အရွက်မှာ စုပုံနေပါတယ်။ ပဲမျိုးရင်းနဲ့ မုန်ညှင်းမုန်လာမျိုးတွေမှာ မြက်နှင့် နှံစားသီးနှံတွေထက် မော်လီဒီနမ်လိုအပ်ချက်ဟာ ပိုမိုမြင့်မားပါတယ်။ ဒါကြောင့် ပဲမျိုးရင်းနဲ့ မုန်ညှင်းမုန်လာမျိုးတွေမှာ ချို့တဲ့တဲ့ လက္ခဏာရပ်တွေ ပထဆုံးတွေ့ရပါတယ်။ ပဲမျိုးရင်းတွေမှာ နိုက်ထရိုဂျင်စုပ်ယူမှု တွင်ပါဝင်မှုနေတဲ့အတွက်ကြောင့် နိုက်ထရိုဂျင်ချို့တဲ့လက္ခဏာကဲ့သို့ ပြသနေတတ်ပါတယ်။ တစ်ခြားအပင်တွေမှာ တစ်ပင်လုံးစိမ်းနေပြီး အရွက်ရင့်တွေများ အဝါရောင်အဆင်းများ တွေ့ရပြီး အရွက်နားနှင့် ရွက်ကြောကြားဧရိယာတွေမှာ နေလှောင်ဒဏ်ကဲ့သို့ ဖြစ်နေပါတယ်။

အခုဆိုရင်တော့ မြေချဉ်တဲ့အခါ ကြုံတွေ့ရမယ့် အာဟာရဓာတ်ရရှိမှု လွန်ကဲတာတွေ၊ ချို့တဲ့တာတွေ သိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါတွေကို သိရှိသွားပြီး ကျွန်တော်တို့ တောင်သူဦးကြီးတွေက ရေရှည်တည်တံ့တဲ့ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ မြေကြီးဖြစ်အောင် ထိန်းသိမ်းသွားကြပါစို့....


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅