fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောအထွက်နှုန်းအပေါ် လွှမ်းမိုးသည့်အချက်များ

ငှက်ပျောအထွက်နှုန်း အမြင့်မားဆုံးကို ရေလုံလောက်စွာရရှိပြီး လိုအပ်သလို ရေထုတ်နိုင်သည့်မြေများတွင် စိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်ပါသည်။

တောင်သူဦးကြီးတို့သည် ငှက်ပျောပင်များစိုက်ပျိုးခြင်းမပြုမီ စိုက်ပျိုးမြေကိုကောင်းစွာပြင်ဆင်ခြင်းနှင့် သင့်လျော်သည့် မြေချဉ်/ငံဓာတ်အား ထိန်းသိမ်းထားခြင်းတို့သည်ငှက်ပျောပင်အမြစ်ကုတ်တွယ်မှုကောင်းမွန်ပြီး အာဟာရဓာတ်များကိုအပင်မှ အသင့်ရရှိနိုင်ပါသည်။ ငှက်ပျောပင်မှ စွန့်ပစ်အရာများကို မြေဆီလွာဖုံးအုပ်နိုင်သည့်အရာတစ်ခုအနေဖြင့်သာမက အာဟာရများရရှိနိုင်သောတန်ဖိုးရှိသည့်အရင်းအမြစ်တစ်ခုလည်းဖြစ်ပါသည်။ မျိုးရွေးချယ်ခြင်း၊ နေရာ၊ ရာသီဥတုနှင့်ကိုက်ညီမှုရှိသော ပင်ကြားတန်းကြားတို့သည် သဘာဝပတ်ဝန်းကျင်အခြေအနေများကို အကောင်းဆုံးအသုံးပြုနိုင်သည့်အတွက် ငှက်ပျောအထွက်နှုန်းအမြင့်ဆုံးကိုရရှိနိုင်သည်။


ငှက်ပျောပင်အမြစ်ရှင်သန်ကြီးထွားရာတွင် မြေဆီလွှာပတ်ဝန်းကျင်တွင် ဆားပေါက်မှုမဖြစ်ပွားစေရန်ထိန်းချုပ်ခြင်းနှင့် ရေသွင်းမှုကိုစနစ်တကျဆောင်ရွက်ခြင်းတို့ဖြင့် ငှက်ပျောပင်ကြီးထွားမှုကို ပိုမိုကောင်းမွန်စေပြီး ကောင်းမွန်သော အာဟာရရရှိနိုင်ရေးကိုလည်းဆောင်ရွက်ပေးနိုင်ပါသည်။ ငှက်ပျောအထွက်နှုန်း နှင့် အရည်အသွေးတိုးမြင့်စေရေးအတွက် ဓာတ်မြေသြဇာမှရရှိသောအာဟာရသည်လည်း အရေးပါသည်။

သီးနှံအာဟာရနှင့်ငှက်ပျောအထွက်နှုန်း


ငှက်ပျောအထွက်နှုန်းအား လွှမ်းမိုးသည့်အချက်များ

 

နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ် တို့သည် အရွက်၊ ပင်စည်နှင့်အခက်ကြီးထွားစေခြင်း၊ ပန်းပွင့်မှု၊ အသီးဖြစ်တည်မှုနှင့်ဖြည့်တင်းမှုသာမက ထွက်နှုန်းတိုးမြင့်စေရေးတို့ကိုပိုမိုကောင်းမွန်စေခြင်းတို့အတွက် အဓိကကျသောအရာများဖြစ်ပါသည်။


သို့သော်လည်း နိုက်ထရိုဂျင်အား လိုအပ်သည်ထက်ပိုမိုအသုံးပြုမိပါက ပင်စည်အားနည်းမှုမှတဆင့် လေတိုက်ပါကပျက်စီးဆုံးရှုံးနိုင်ပြီး ငှက်ပျောခိုင်ကျိုးကျမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

ပိုတက်စီယမ် အားလိုအပ်သည်ထက်ပိုမိုထည့်သွင်းမိပါက ကယ်လ်စီယမ်နှင့်မဂ္ဂနီစီယမ်ချို့တဲ့မှုကိုဖြစ်ပေါ်စေနိုင်ပြီး ငှက်ပျောအထွက်နှုန်းကို လျော့နည်းစေမည်ဖြစ်ပါသည်။

ပိုတက်စီယမ် သည် ငှက်ပျောအထွက်နှုန်းအပေါ်တွင် အကျိုးသက်ရောက်မှုများစွာရှိပြီး ပန်းပွင့်ချိန်ကာလတွင် လိုအပ်ချက်အများဆုံးဖြစ်ပါသည်။


ဖော့စဖရပ် သည် ကြီးထွားမှု၏အစောပိုင်းကာလနှင့် အမြစ်ထွက်သည့်အချိန်တို့တွင် အရေးကြီးသည့်အပြင် ပန်းပွင့်ချိန်နှင့် အသီးစတင်ဖြစ်ပေါ်ချိန်တို့တွင်လည်းအရေးကြီးပါသည်။

ကယ်လ်စီယမ် သည် အမြစ်အားကောင်းမွန်စေရေး၊ အရွက်နှင့် သားတတ်ဖွံ့ဖြိုးကြီးထွားလာစေရေးတို့မှတဆင့် အထွက်နှုန်းများကို တိုးမြင့်စေရေးအတွက် လိုအပ်ပါသည်။ ၎င်း၏ အကျိုးအာနိသင်သည် အရည်အသွေးမြင့်မားပြီး ရေရှည်သိုလှောင်နိုင်သည့် အသီးဖြစ်ပေါ်ရေးအတွက် အထူးအရေးပါသည်။


မဂ္ဂနီစီယမ် နှင့် ဆာလ်ဖာ တို့သည် အထွက်နှုန်းအပေါ်တွင် တိုက်ရိုက်သက်ရောက်မှုရှိပြီး အခိုင်တစ်ခိုင်တွင် အသီးအရေအတွက်နှင့် အလေးချိန်တိုးမြင့်စေရေးအတွက်လည်းအရေးပါသည်။


အနည်းလိုအာဟာရများလုံလောက်စွာမရရှိပါကအထူးသဖြင့် အပင်ကြီးထွားမှု၊ အရွက်ဧရိယာကြီးထွားမှုတို့ကို အဟန့်အတားဖြစ်စေမည်ဖြစ်ပြီး ငှက်ပျောခိုင်အလေးချိန်နှင့်အထွက်နှုန်းကိုလည်း လျော့နည်းစေပါသည်။


ယာရာမှအကြံပြုထားသည့်ငှက်ပျောအထွက်နှုန်းနှင့်စပ်လျဉ်းသည့်အကြောင်းအရာများတွင် လေ့လာဖတ်ရှုပါ။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅