fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဂေါ်ဖီများ၏ အထွက်နှုန်းတိုးတက်စေခြင်း

 သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းစွာရရှိခြင်းနဲ့ အမြတ်အစွန်းအမြင့်ဆုံးရရှိရန် အရေးကြီးပါတယ်။

စိုက်ပျိုးရေး ရှုထောင့်မှကြည့်လျှင် သီးနှံ၏စွမ်းဆောင်မှုကာင်းမွန်စေရန်အတွက် အဓိကကျသည့်အချက်မှာ အပင်အာဟာရမျှတခြင်းပဲ ဖြစ်ပါတယ်။ မြေဆီသြဇာကြွယ်ဝပြီး ရေအလွယ်တကူရရှိနိုင်သောနေရာများတွင် ဂေါ်ဖီအထွက်နှုန်းမြင့်မားစွာရရှိပါတယ်။ မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံကောင်းမွန်ခြင်းသည် သန်မာသောအမြစ်များ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။


အများလိုအာဟာရဓာတ်စုတ်ယူခြင်းနှင့် ဖယ်ရှားခြင်း


ဂေါ်ဖီမျိုးရင်းဝင်အပင်များတွင် မြောက်မြားစွာသောကွဲပြားသော ကြီးထွားမှုပုံစံများရှိကြပါတယ်။ ဂေါ်ဖီမျိုးများအကြား တစ်ယူနစ်အထွက်ကိုထုတ်လုပ်ရန် အာဟာရလိုအပ်မှုမှာ အလွန်ခြားနားပါတယ်။ (အပင်မှ စုပ်ယူသောအာဟာရနှင့် ရိတ်သိမ်းခြင်းကြောင့် စိုက်ခင်းထဲမှ ဖယ်ရှားခံရသောအာဟာရအချိုး) ဖယ်ရှားသည့်အဆင့်သည် နောက်ထပ်စိုက်ပျိုးမည့်သီးနှံ၏ အာဟာရအပေါ်တွင် သိသာစွာသက်ရောက်လျှက်ရှိပါတယ်။ စိုက်ခင်းထဲတွင် မြေသြဇာထည့်သွင်းမည့်အစီအစဉ်ပြုလုပ်ရာတွင် ၎င်းအချက်ကို ဂေါ်ဖီပင်နှင့် နောက်သီးနှံနှစ်မျိုးလုံးအတွက် ထည့်သွင်းစဉ်းစားရမှာပဲ ဖြစ်ပါတယ်။


အပင်၏အာဟာရနှင့် ဂေါ်ဖီအထွက်နှုန်း


နိုက်ထရိုဂျင်သည် အထွက်နှုန်းမြင့်မားစွာရရှိရန်အတွက် အခြေခံကျသော အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။ စုစုပေါင်းနိုက်ထရိုဂျင်လိုအပ်ချက်သည် ဂေါ်ဖီအမျိုးအစားကိုလိုက်ပြီးကွဲပြားလျှက်ရှိပြီး မုန်ညှင်းဖြူ နှင့် ကွမ်းသီးဂေါ်ဖီထုတ်အသေးစားတို့တွင် စုစုပေါင်းအပင်ထုပါဝင်မှု တစ်တန်တွင် ၁.၆ ကီလိုဂရမ်မှ ၄.၇ ကီလိုဂရမ်အကြားလိုအပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းတွင် နိုက်ထရိုဂျင်အလိုအပ်ဆုံးအချိန်မှာ အရွက်အများအပြားထုတ်လုပ်သောအချိန်ပဲ ဖြစ်ပါတယ်။


အမြစ်ကြီးထွားမှုကောင်းမွန်စေရန်နဲ့ဲ့တည်ဆောက်မှုအားကောင်းစေရန် ဖော့စဖောရပ်သည် အပင်ဖွံ့ဖြိုးမှု၏ အစောပိုင်းကာလများတွင် လိုအပ်ပါတယ်။ ပိုတက်စီယမ်နှင့် ကယ်လ်ဆီယမ်အာဟာရ တွေကို ပမာဏများများ ထည့်ပေးရန် လိုအပ်ပါတယ်။ တစ်ခါတရံနိုက်ထရိုဂျင်ကို ၎င်းတို့ထက် ပိုမိုလိုအပ်ပါတယ်။ အရွက်ထုတ်လုပ်မှုအများဆုံးပြုလုပ်ချိန်တွင် ပိုတက်ဆီယမ်အများဆုံးလိုအပ်ပါတယ်။ သို့သော်လည်း အပင်၏လိုအပ်ချက်သည် နိုက်ထရိုဂျင်ကဲ့သို့ ကျဆင်းမသွားပဲ ရင့်မှည့်ချိန်နှင့် ထုတ်လုပ်မှု ပမာဏများပြားချိန်တို့တွင် ပမာဏအများအပြားအသုံးပြုရပါမယ်။


ပန်းဂေါ်ဖီစိမ်းတွင် အနည်းလိုအာဟာရစုတ်ယူမှုနှင့် ဖယ်ရှားမှု


မဂ္ဂနီဆီယမ်နှင့် ဆာလ်ဖာတို့သည် အစာချက်လုပ်ခြင်းလုပ်ငန်းကိုတိုးမြင့်စေပြီး အထွက်နှုန်းမြင့်မားစွာရရှိစေရန်နဲ့ ကြီးထွားနှုန်းကိုထိန်းသိမ်းပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းတွင် ဆာလ်ဖာပမာဏများပြားစွာ အသုံးပြုပြီး သီးနှံ ရိတ်သိမ်းချိန်တွင် ၂၀ ရာခိုင်နှုန်းခန့်ကိုဖယ်ရှားပေးပါတယ်။ မဂ္ဂနီဆီယမ်လိုအပ်မှုသည် အခြားသီးနှံများထက် လျော့နည်းပြီး ဖယ်ရှားမှုသည် သီးနှံပေါ်လိုက်ပြီးတစ်တန်တွင် ဝ-၁ မှ ဝ.၃ ကီလိုဂရမ် ကြားတွင် ရှိပါတယ်။


စိတ်ကြိုက်အထွက်နှုန်းကိုရရှိစေရန်အတွက် အနည်းလိုအာဟာရဓာတ်အနည်းငယ်သာလိုအပ် သော်လည်းထိုအနည်းလိုအာဟာရများ မျှတစွာပါဝင်ရန်မှာ အရေးပါလှပါတယ်။ အဓိကလိုအပ်သောအနည်းလိုအာဟာရဓာတ်များမှာ သံဓာတ်၊ ဘိုရွန်၊ ဇင့်နှင့် မဂ္ဂနိးစ် တို့ဖြစ်ကြပါတယ်။


ဂေါ်ဖီမျိုးများ၏ အထွက်နှုန်းပြဿနာနှင့် ပတ်သက်ပြီး ယာရာအကြံပြုချက်များကို ကြည့်ရှုပါ။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅