fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

မြေသြဇာ‌ကျွေးသည့် နည်းဗျူဟာများ

အထူးသဖြင့် မိုးရေချိန်မြင့်မားပြီး အပူပိုင်းသီးနှံစိုက်ခင်းများရှိ မြေမျက်နှာပြင်ပေါ်တွင် ရေစီးဆင်းခြင်း၊ မြေအောက်သို့ စိမ့်ဝင်သွားခြင်းနှင့်

အငွေ့ပျံခြင်းတို့ကြောင့် ပေါ်ပေါက်သည့် အာဟာရဓာတ်ပမာဏ ဆုံးရှုံးမှုအများဖြစ်ပေါ်ခြင်းအတွက် မြေသြဇာကျွေးသည့် နည်းဗျူဟာများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။

ဖော့စ်စဖောရပ်နှင့် အခြားအနည်းလို အာဟာရဓာတ်ကလွဲ၍ အများလိုအာဟာရ ဓာတ်များသည် မြေကြီးထဲသို့ ပျော်ဝင်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မြေမျက်နှာပြင်ပေါ် ရေစီးဆင်းမှုးကြောင့် ဖော့စ်စဖောရပ် ဆုံးရှုံးနိုင်ပါတယ်။ နိုက်ထရိုဂျင် အငွေ့ပျံခြင်းသည် ကြီးမားသော ပြဿနာဖြစ်ပြီး ဆုံးရှုံးမှု ၅၀% အထိရှိသည်ဟု တိုင်းတာရရှိပြီး ဖြစ်ပါတယ်။ အပူပိုင်းဒေသများတွင် အသုံးပြုလိုက်သည့် နိုက်ထရိုဂျင် တစ်ဝက်ကျော်နဲ့ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ၂၅% ဆုံးရှုံးနိုင်သည်ဟု ယူဆထားကြပါတယ်။


ဓာတ်ဖိုဖလှယ်နိုင်အစွမ်းသတ္တိ (CEC) နိမ့်သောမြေတွင် စုစုပေါင်း အသုံးပြုထားသော နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် မြေသြဇာတို့၏ ၆၀ - ၈၅% ဆုံးရှုံးနိုင်ကြောင်း စမ်းသပ်စစ်ဆေးမှုများအရ သိရှိရပါတယ်။ သို့ဖြစ်၍ မြေသြဇာကို ပမာဏနည်းနည်းဖြင့် အကြိမ်ကြိမ်ကျွေးခြင်း၊ အသုံးပြုလိုက်သော မြေသြဇာများကို ဖြည့်စွက်ရန် အတွက် ဖြစ်နိုင်ပါက မြေဆွေးများကို အသုံးပြုခြင်းတို့ကို ကျင့်သုံးတတ်ကြပါတယ်။

ကော်ဖီစိုက်ခင်းများတွင် ဖြစ်ပေါ်သော အလွန်မြင့်မားသော အာဟာရဓာတ်ဆုံးရှုံးမှု အကျိုးဆက်အနေဖြင့် လိုအပ်ပြီး အသုံးများသည့် မြေသြဇာပမာဏများသည် သီအိုရီအရ တွက်ချက်ထားသည့် အကြံပြုပမာဏထက် များစွာမြင့်မားပါတယ်။ 

 

အပင်ဘေးဖက်က ကျွေးသော မြေသြဇာ - ဓာတ်ပုံဆရာဆန်နီကဖေး (Cenicafe)၏ ဓာတ်ပုံ

 

ကော်ဖီစိုက်ပျိုးရာတွင် မြေသြဇာကျွေးရန် ကြိုတင်ပြင်ဆင်ခြင်း

အထူးသဖြင့် ဖော့စ်စဖောရပ်နှင့် ပိုတက်ဆီယမ်  မြေခံမြေသြဇာများအား အပင်စိုက်သည့်အခါ အပင်စိုက်မည့် ကျင်းထဲတွင် ထည့်နိုင်ပါတယ်။ ၎င်းတို့ကို ကော်ဖီပင်ပျိုးခင်းတို့တွင်လည်း ကျယ်ပြန့်စွာ အသုံးပြုကြပါတယ်။ 

 

အပင်ဘေးဖက်မှကျွေးသော မြေသြဇာများကို အစက်ကျရေပိုက်လိုင်း ပတ်လည်ရှိ အပင်အောက် သို့မဟုတ် မြစ်မွှာများစုနေသည့် အပင်အရိပ်အောက် အပြင်ဖက် အစွန်းတို့တွင် အများအားဖြင့် ကျွေးကြပါတယ်။ မပျက်စီးစေရန် မြေသြဇာ (နှင့် ကောင်းမွန်စွာ မဆွေးမြေ့သော မြေဆွေးများ)ကို ပင်စည်နှင့် အနည်းဆုံး ၁၀ စင်တီမီတာအကွာတွင်  ကျွေးရန် အရေးကြီးပါတယ်။

 

ရွက်ဖျန်းမြေသြဇာအသုံးပြုခြင်းကို အာဟာရဓာတ် ချက်ချင်းလိုအပ်တဲ့အခါ သို့မဟုတ် အချို့သော အာဟာရဓာတ်များရရှိနိုင်မှုက အကန့်အသတ်ရှိသည့် မြေအနေအထားရှိတဲ့ အခါတွင် အသုံးပြုပါတယ်။ ကပ်ဆေးများကို အသုံးပြုခြင်းသည် ဖယောင်းသားနှင့်တူသော ကော်ဖီအရွက်ပေါ်သို့ ရွက်ဖျန်းအရည်များ ထိရောက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ကော်ဖီသီးများသည် ရွက်ဖျန်းမြေသြဇာ၏ဒဏ်ကို များစွာခံနိုင်ရည်မရှိသဖြင့် ပျက်စီးမှု အန္တရာယ်ကို လျော့နည်းစေရန် မှန်ကန်သည့် ဖျော်စပ်ခြင်းများကို သေချာစွာ အသုံးပြုရန် အရေးကြီးပါတယ်။

ရွက်ဖျန်းမြေသြဇာ အသုံးပြုခြင်း

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅