fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ပြောင်းဖူး

ပြောင်းဖူးအရည်အသွေးကို တိုးတက်စေခြင်း

ပြောင်းဖူးတွင် သီးနှံအသုံးပြုမှုအပေါ်မူတည်ကာ ခြားနားသော အရည်အသွေးစံ သတ်မှတ်ချက်များ ရှိသည်။

တိရစ္ဆာန်စာအတွက် စိုက်ပျိုးသော ပြောင်းဖူးတွင် မြင့်မားသော ပရိုတင်းနှင့် ကစီဓာတ်ပါဝင်မှု ရှိရန် လိုအပ်မည် ဖြစ်ကာ လူစားသုံးရန်အတွက် မြင့်မားသော ပြောင်းဖူးစေ့အလေးချိန်နှင့် နိမ့်ပါးသော အစိုဓာတ်ရှိရမည်ဖြစ်သည်။

ကောင်းမွန်သော သီးနှံအာဟာရပေးခြင်းသည် ပြောင်းဖူးရှိ ပြောင်းဖူးစေ့တွင် မြင့်မားသော ပရိုတင်းနှင့် စွမ်းအင်အဆင့်များကို သေချာစေမည်ဖြစ်သည်။ ၎င်းသည် တိရစ္ဆာန်စာ ပြောင်းဖူးများရှိ သိုလှောင် အရွက်ပစ္စည်းများ၏ အရည်အသွေးကို တိုးတက်စေရာတွင်လည်း အကူအညီရစေသည်။


သီးနှံအာဟာရပေးခြင်းနှင့် ပြောင်းဖူးအရည်အသွေး


နိုက်ထရိုဂျင်နှင့် ဆာလ်ဖာသည် ပြောင်းဖူးစေ့ပရိုတိန်းကို တိုးစေသည်။ နိုက်ထရိုဂျင် ထောက်ပံ့ခြင်းသည် အပင်ယိုင်လဲမှုအန္တရာယ်တိုးစေမှုနှင့် ရင့်မှည့်မှုနောက်ကျခြင်းကို မတိုးစေဘဲ ကောင်းမွန်သော အပင်ကြီးထွားမှုကို ဖြစ်စေသည်။ လုံလောက်သော အာဟာရပမာဏသည် ရင့်မှည့် ချိန်တွင် ပြောင်းဖူးစေ့ အစိုဓါတ်ကို နိမ့်စေသည်။

ပိုတက်စီယမ်သည် ပြောင်းဖူးစေ့ရှိ အမိုင်နိုအက်ဆစ်အဆင့်နှင့် ပရိုတိန်းပါဝင်မှုတို့ကို တိုးတက်စေရာတွင် အရေးပါသော အခန်းကဏ္ဍက ပါဝင်သည်။

ဖော့စ်စဖောရပ်သည် ပြောင်းဖူးရင့်မှည့်မှုကို စောစေကာ ရိတ်သိမ်းချိန်တွင် ပြောင်းဖူးစေ့ အစိုဓာတ်ကို လျော့နည်းစေသည်။

အနည်းလိုအာဟာရထောက်ပံ့ခြင်းသည်လည်း အရည်အသွေးကောင်း ပြောင်းဖူးစေ့ကို အားပေးသော ကြီးထွားမှုလုပ်ငန်းစဉ်ကို ထိန်းသိမ်းရာတွင် အကူအညီရစေရာတွင် အရေးကြီးသည်။

သင့်ရဲ့ပြောင်းဖူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ပြောင်းဖူးသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ပြောင်းဖူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅