fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ပြောင်းဖူး

ပြောင်းဖူးစေ့ပရိုတင်းနှင့်အမိုင်နိုအက်ဆစ်ပါဝင်မှုကို တိုးစေခြင်း

ကောင်းမွန်သောသီးနှံအာဟာရပေးခြင်းသည် ပြောင်းဖူးရှိ ပြောင်းဖူးစေ့၏ မြင့်မားသော ပရိုတင်းနှင့် စွမ်းအင်အဆင့်များကို သေချာစေသည်။

နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဆာလ်ဖာနှင့် ဇင့်တို့အား မှန်ကန်ညီမျှအောင် အာဟာရကျွေးခြင်းသည် ပြောင်းဖူးစေ့ ပရိုတင်းနှင့် အမိုင်နို အက်ဆစ်ပါဝင်မှုတိုးစေရာတွင် အထူးအရေးကြီးသည်။

သီးနှံအာဟာရပေးခြင်းနှင့် ပြောင်းဖူးစေ့ပရိုတင်းနှင့်အမိုင်နိုအက်ဆစ်ပါဝင်မှု

နိုက်ထရိုဂျင်

ပြောင်းစေ့ အစာဖြည့်ချိန်အတောအတွင်း ညံ့ဖျင်းသော နိုက်ထရိုဂျင် ထောက်ပံ့ခြင်းသည် သီးနှံစေ့ ပရိုတင်းများကို လျော့နည်းစေသည်။ ပင်စည်ရှည်ထွက်ချိန် အတောအတွင်း ဟန်ချက်ညီသော နိုက်ထရိုဂျင်ကို မြေပေါ်မှ ကျွေးခြင်းသည် ပြောင်းစေ့ပရိုတင်းပါဝင်မှုကို တိုးစေပြီး ပြောင်းဖူးစေ့ အစေ့အဆန်တည်ခြင်းကို ထောက်ပံ့ရန် မှန်ကန်သော နိုက်ထရိုဂျင်ပမာဏကို ဖြည့်ဆည်းပေးသည်။


ပိုတက်စီယမ် (K)


ကောင်းမွန်သော ပိုတက်စီယမ်အာဟာရပေးခြင်းသည် ပြောင်းစေ့၏ ပရိုတင်းပါဝင်မှု၊ ပရိုတင်း၊ သြဂဲနစ်အက်ဆစ်များ၊ ဆစ်စ်တိုင်းနှင့် မီသိုင်မိုနိုင်းတို့၏ အဆင့်များကို တိုးစေသည်။


ဆာလ်ဖာ (S)


ဆာလ်ဖာထောက်ပံ့ပေးခြင်းသည် နိုက်ထရိုဂျင်မှ ပရိုတင်းသို့ ပြောင်းလဲရာနှင့် ပြောင်းဖူး စေ့အရည်အသွေး တိုးတက်စေရာတို့တွင် အထူးအရေးကြီးပါသည်။ ဆာလ်ဖာ (S) သည် မြင့်မားသော နိုက်ထရိုဂျင်အသုံးပြုနိုင်စွမ်းကို သေချာစေကာ အမိုင်နိုအက်ဆစ်ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွင်လည်း အကူအညီရစေသည်။


အိုင်းရွန်း (Fe)

အိုင်းရွန်းသည် အင်ဇိုင်းများနှင့်ပရိုတင်းများ၏ ပါဝင်ပစ္စည်း၊ နိုက်ထရိတ်မှ အမိုနီယမ် ထို့နောက် အမိုင်နိုအက်ဆစ်များအဖြစ် ဓါတ်လျှော့ရန်အတွက် နိုက်ထရိတ်ဓာတ်လျှော့ပစ္စည်းအဖြစ် အပင်ဇီဝကမ္မဖြစ်ပျက်ခြင်းအတွက် အရေးကြီးသည်။

သင့်ရဲ့ပြောင်းဖူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ပြောင်းဖူးသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ပြောင်းဖူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅