fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စားစပျစ်စိုက်ပျိုးရေးနည်းပညာ အခြေခံသဘောတရားများ

မည်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်သူမဆို အထွက်မြင့်မားရန်နှင့် အမြဲတမ်း စားသူများ ကြေနပ်မှုရှိစေရန်အတွက်

အရည်အသွေး မြင့်မားသော သီးနှံရရှိရေးကိုသာ ရည်ရွယ်ချက် ထားကြပါတယ်။၎င်းရည်ရွယ်ချက်ကို ရရှိစေနိုင်သော စပျစ်စိုက်ပျိုးနည်းများ မြောက်များစွာ ရှိပြီး၊ ထိုထဲမှ အများအပြားသည် စိုက်ပျိုးသူ၏ ကွပ်ကဲမှုလက်အောက်၌ ရှိခြင်း၊ ရရှိနိုင်သော ရာသီဥတုနှင့် မြေဆီလွှာ အနေအထားများပေါ်တွင် မူတည်လျက်ရှိပါတယ်။

ရာသီဥတုဇုန်


စားစပျစ်များသည် ကမ္ဘာ့မြောက်ခြမ်းနှင့် ကမ္ဘာ့တောင်ခြမ်းနှစ်ခု စလုံး၌ ၃၄ မှ ၄၉ ဒီဂရီလတ္တီကျူကြားတွင် အစဉ်အလာအားဖြင့် အကောင်းဆုံးစိုက်ပျိုးနိုင်ပါတယ်။ ၎င်းတို့ကို ပိုမိုမြင့်မားသော လတ္တီကျူများ၌ နေမျက်နှာမှုထားသော ဆင်ခြေကုန်းနိမ့်များတွင် လည်းကောင်း၊ ရေသွင်းစိုက်နိုင်သော အပူပိုင်းခြောက်သွေ့ဒေသများတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ နေ့တာရှည်၍ ခြောက်သွေ့ ပူအိုက်သော နွေဥတုနှင့် အေးချမ်းသော ဆောင်းဥတုများတွင် ပိုမို၍ ဖြစ်ထွန်းပါတယ်။ အပူဆုံးလတွင် အများဆုံး အပူချိန်သည် ၁၈ ဒီဂရီမှ ၂၀ ဒီဂရီ စဲလ်စီးယပ် (18 – 20°C) အထက် ရှိသင့်ပြီး အအေးဆုံးလတွင် အေးခဲမှုနှုန်းထက် ပိုသင့်ပါတယ်။

၁၇ ဒီဂရီ စဲလ်စီးယပ် (17°C) အောက် အပူချိန်သည် အချိုဓာတ် စုစည်းမှုနှုန်းကို လျှော့ကျစေပြီး အသီးရင့်မှည့်မှု ရှည်ကြာစေ၍၊ အပူချိန်မြင့်များခြင်းနှင့် စွတ်စိုမှုနည်းပါးခြင်းသည် အချိုစုစည်းမှုနှုန်းကို လျှော့ကျစေနိုင်ပါတယ်။ စွတ်စိုမှုမြင့်များခြင်းသည် ပိုးကျခြင်းနှင့် ရောဂါကျရောက်မှု အန္တရာယ် တိုးပွား စေနိုင်ပါတယ်။ ပန်းပွင့်ချိန်တွင် မိုးကျခြင်းနှင့် တိမ်ထူထပ်ခြင်းများကြောင့် အသီးတင်မှု ညံ့စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးချိန် မိုးကျပါက အသီးပုတ်နှုန်း တိုးနိုင်စေပါတယ်။ စားစပျစ် အရွယ်ရောက်ရန်အတွက်စိုက်ပျိုးရာသီကြာရှည်စွာလိုအပ်ပါတယ်။


မြေအမျိုးအစား


စားစပျစ်


စားစပျစ်ကို မြေသြဇာကောင်းသော သို့မဟုတ် ညံ့သော သဲမြေမှ ရွှံ့မြေကြားရှိ မြေဆီလွှာ အမျိုးအစား အများအပြားတွင် စိုက်ပျိုးနိုင်ပါတယ်။ မြေဆီလွှာနက်၍ ကောင်းသော နေရာများတွင် အကောင်းဆုံး ပေါက်ရောက်နိုင်ပြီး အမြစ်သည် ၃ မီတာမှ ၅ မီတာ သို့မဟုတ် ပိုမိုရှည်လျားသည်အထိ ကြီးထွားနိုင်ပါတယ်။ ရွှံ့စေးအလွန်များသော သို့မဟုတ် မြေဆီပါသော၊ ရေစီးဆင်းမှုညံ့သော စိုက်ခင်းများနှင့် ဆားဓာတ်ပါဝင်မှု အလွန်မြင့်သော ဆားငန်မြေများ၊ သို့မဟုတ် အခြားသော အဆိပ်အတောက်မြေများသည် အာဟာရပါဝင်မှု အလွန်နည်းပါးသောကြောင့် ထုတ်လုပ်မှုကောင်း ရရှိရန်အတွက် မသင့်တော်ပေ။

အာဟာရဓာတ် ရရှိနိုင်မှုသည် အဓိကအားဖြင့် မြေဆီ၏ မြေချဉ်ငံဓာတ်၊ အာဟာရပါဝင်နှုန်းနှင့် မြေဆီအချိုးစား၊ အမြစ်ပေါက်နိုင်သည့် အနက်၊ မြေအောက်ရေ ထောက်ပံ့ပေးနိုင်မှုနှင့် သီးညှပ်စိုက်ပျိုးခြင်း၊ ၊ မြေဖုံးခြင်းသို့မဟုတ် ထွန်ယက်ခြင်းများအပေါ်တွင် မူတည်လျက်ရှိပါတယ်။ စပျစ်ပင်များသည် အလယ်လတ်ကျသော ချဉ်ငံဓာတ်ကို ပိုမိုနှစ်သက်ပြီး၊ မြေချဉ်ငံဓာတ် ၄.၅ မှ ၈.၅ အတွင်းခံနိုင်ရည် ရှိသော်လည်း မြေချဉ်ငံဓာတ် ၇.၃ အထက်တွင် စိုက်ပျိုးသော စပျစ်ပင်သည် သံဓာတ်ချို့ယွင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅