ဖရဲ၊ သခွှားမွှေးမြေသြဇာကျွေးခြင်း
အခြောက်ကျွေးမြေသြဇာများကိုအများအားဖြင့် အပင်မစိုက်ပျိုးမီရောစပ် ထည့်ကျွေးလေ့ရှိပြီး ထို့နောက် သီးနှံပင်များအား အကြိမ်ကြိမ်ခွဲ၍ ကြဲပက်ပေးလေ့ရှိပါသည်။
ထိရောက်မှုမရှိခြင်း၊ ဆုံးရှုံးခြင်းနှင့် မြေကြီးထဲသို့ရောက်ရှိ သွားခြင်းစသည် တို့ကိုကာမိစေရန် အခြောက်ကျွေး မြေသြဇာအစီအစဉ် နှင့်အတူ အများအားဖြင့် ပို၍မြင့်မားသော အာဟာရဓာတ် အချိုးအစားများလည်း လိုအပ်လေ့သည်။
မြေသြဇာကို အရည်ပုံစံဖြင့်ကျွေးခြင်းသည် ရေပေးသွင်းသည့်စနစ်မှတဆင့် အာဟာရများကိုထောက်ပံ့ပေးသည့် စနစ်ဖြစ်ပါသည်။ ထိုစနစ်သည် ရှင်သန် ဖျတ်လတ်နေသောအမြစ်နေရာဆီသို့ မြေသြဇာကိုတိုက်ရိုက်ပို့ ဆောင်ပေးခြင်းအားဖြင့် အာဟာရစွမ်းရည်သတ္တိ အမြင့်ဆုံးကို ရရှိပါသည်။ အစက်ချရေသွင်း စနစ်များသည် အမြစ်များရှင်သန်ကြီးထွားနိုင်သော အစိုဓာတ်ရရှိသည့် နေရာတွင်သာ အစိုဓာတ်ကိုပံ့ပိုးပေးသည်။
၎င်းတို့သည် အပင်တိုင်းအတွက် ပိုမိုညီညာစွာကျွေးခြင်းကိုလည်း သေချာစေပြီး အာဟာရများကို အကောင်းဆုံး စုပ်ယူစားသုံးမှုအတွက် အချိန်မှန်မှန်နှင့် ပမာဏ မှန်မှန်ကျွေး ပေးခြင်းဖြင့် မှန်ကန်သော အာဟာရဓာတ်ကို ရရှိစေသည်။ မြေသြဇာအရည်ကျွေးသည့်စနစ်အောက်တွင် ထုတ်လုပ်မှုကာလ တလျှောက်လုံး၌ အပင်တစ်ပင်၏ အာဟာရလိုအပ်ချက် သင့်တင့်မှန်ကန်စေရန် မှန်ကန်သော အာဟာရအချိုးများကိုထိန်းထားရန်အရေးကြီးပါသည်။
အရေးပေါ်အာဟာရလိုအပ်ချက်ကိုဖြေရှင်းရန် သို့မဟုတ် မြေဆီလွှာမှ သီးခြား သတ်မှတ်ထားသော အာဟာရများ ရရှိနိုင်မှုကို ဟန့်တားထားနိုင်သည့် အခြေအနေများတွင် ရွက်ဖျန်းပုံစံဖြင့် မြေသြဇာကျွေးခြင်းကို အသုံးပြုနိုင် ပါသည်။
မြေသြဇာကျွေးပြီးနောက် အကြိမ်ကြိမ်ခွဲကျွေးသည့်မြေသြဇာ (side-dressed fertilizer) ကိုမြေကြီးထဲသို့ရောထည့်ပါ။ အကြိမ်ကြိမ်ခွဲကျွေးသည့်မြေသြဇာကိုအပင်အောက်ခြေနှင့်ဝေးသောနေရာတွင် မကျွေးသင့်ပါ။ မြေသြဇာကိုအပင်အောက်ခြေနှင့်ဝေးသောနေရာတွင် မကျွေးသင့်ပါ။ မြေသြဇာ အရည်သည် အပင်ပေါက်ကလေးများ၏ ဖွံ့ဖြိုးကြီးထွားမှုကို အားကောင်းစေသည်။