fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီတွင်ကျရောက်တတ်သော ဖျက်ပိုးများနှင့်ရောဂါများကို ထိန်းချုပ်ခြင်

ပတ်ဝန်းကျင်သက်ရောက်မှုများနှင့် ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည့် အချက်များသည် ကြက်သွန်နီဥ ဖြစ်ပေါ်မှုနှင့်အရည်အသွေးကို ထိခိုက်မှုမရှိစေရန် အရေးကြီးသည်။

ဖျက်ပိုးများနှင့်ရောဂါများကို ထိန်းချုပ်ကာကွယ်ခြင်းဖြင့် ပုပ်၍ပျက်စီးခြင်းနှင့် သိုလှောင်မှု မမှန်ကန်ခြင်းတို့ကို လျော့နည်းသက်သာစေသည်။
မြေဆီလွှာသန့်စင်ခြင်းနှင့် ကောင်းမွန်သောသီးလှည့်စိုက်ပျိုးခြင်းတို့သည် ရောဂါပြဿနာများလျော့နည်းစေရေးကို ကူညီထောက်ပံ့ပေးနိုင်သည့် အရေးကြီးသော နည်းလမ်းများဖြစ်ကြသည်။

ကောင်းမွန်သော အာဟာရဓာတ်များသည် ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့တွင် ပိုးမွှားများနှင့် ရောဂါဖြစ်ပွားမှုတို့ကို လျော့နည်းစေသည်။ နီမတုတ်များ၊ ပင်စည်နှင့်ကြက်သွန်ဥ ဖောက်ပိုးများ၊ နှံကောင် ငယ်များနှင့် ကြက်သွန်လိပ်ပြာ သို့မဟုတ် ပိုးတုံးလုံးများကဲ့သို့သော ကြက်သွန်နီနှင့်ကြက်သွန်ဖြူများတွင် ကျရာက်နိုင်သော အရေးကြီးသည့် ဖျက်ပိုးများစွာရှိကြသည်။

ကြက်သွန်နီဥ၏ အရည်အသွေးကို ကျဆင်းစေနိုင်သည့် ကြက်သွန်နီ၏အပြင်ပိုင်း ချဉ်နိုင်သော ဘတ်တီးရီးယားရောဂါများအပါအဝင် အရွက်ရောဂါများနှင့် ကြက်သွန်ဥပုပ်ရောဂါကျရောက်မှုအများဆုံးဖြစ်ပေါ်နိုင်ပါသည်။

အညှာပုပ်ခြင်း၊မှိုရောဂါ၊ သံချေးတက်ခြင်းနှင့် အရွက်ပုတ်ခြင်းကဲ့သို့သော မှိုရောဂါများလည်း မကြာခဏကျရောက် တတ်သည်။ အဆိုပါမှိုရောဂါများကို မှိုသတ်ဆေးဖြင့် ထိန်းချုပ်ကာကွယ် နိုင် သည်။

 

 

ကြက်သွန်အလွှာများချဉ်ခြင်း

ချဉ်သောအလွှာများ

ကြက်သွန်အညှာပုပ်ခြင်း

အညှာပုပ်ခြင်း

သီးနှံအာဟာရနှင့် ကြက်သွန် ဖျက်ပိုးများနှင့်ရောဂါများ

အပင်ပိုင်း တည်ဆောက်ခြင်းနှင့် ကြီးထွားခြင်းတို့ဖြစ်ပေါ်သည့်အချိန်တွင် ကြက်သွန်နီအရည်အသွေးကို ထိခိုက်မှုမရှိသော အာဟာရများပြည့်စုံစွာ ရရှိစေရေးအတွက် စီမံဆောင်ရွက်ပေးရမည်။

နိုက်ထရိုဂျင် (N) နှင့် ပိုတက်စီယမ် (K)

ကြက်သွန်နီဥ ပိုမိုခြောက်သွေ့မှုရှိစေရန်နှင့် အရွယ်အစားကြီးမားစေရန်အတွက် နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်တို့ လိုအပ်သည်။ နိုက်ထရိုဂျင် ပမာဏ အရမ်းများပါက ကြက်သွန်နီဥကို ပျော့ပျောင်းစေပြီး သိုလှောင်ရာတွင် ပုပ်သိုးနိုင်သည့်ရောဂါကျရောက်မှု ဖြစ်ပေါ်တတ်သည်။

နိုက်ထရိုဂျင်အား လိုအပ်သည်ထက်ပိုမိုအသုံးပြုပါက အညှာထူ၍ ကြီးခြင်းကိုဖြစ်ပေါ်စေသည့်အတွက် ရောဂါကျရောက်မှုကို ပိုမိုဖြစ်ပွားစေသည်။

 

 

ကယ်လ်စီယမ် (Ca)

 

ကယ်လ်စီယမ်နှင့် ကြက်သွန်ဥပုပ်ခြင်း

ကယ်လ်စီယမ်သည် ရောဂါပြဿနာနည်းစွာဖြင့် ကြက်သွန်ဥသိပ်သည်း ကျစ်လျစ်မှုရှိစေရေး၊ ပေါင်းစည်းပါဝင်မှုနှင့် ရေရှည်သိုလှောင်နိုင်ရေးတို့ အတွက် အထူးလိုအပ်သည်။ ကယ်လ်စီယမ်သည် ရောဂါကျရောက်မှု နည်းပြီး အရည်အသွေးကောင်းမွန်စွာဖြင့် ရေရှည်သိုလှောင်နိုင်ရေး အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။

ကြက်သွန်နီဥများတွင် မြင့်မားသော ကယ်လ်စီယမ်ပါဝင်မှု အဆင့်များပါဝင်ပါက Aspergillus niger မှို ကြောင့်ဖြစ်ပွားသည့် အမဲရောင်ပုပ်ခြင်းနှင့် Botrytis allii မှို ကြောင့်ဖြစ်ပွားသည့် အညှာပုပ်ခြင်းတို့ကို လျော့နည်းသက်သာ စေသည်။

ကြက်သွန်နီများအတွက် ထောက်ခံအကြံပြုထားသည့် ယာရာဓာတ်မြေသြဇာများ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅