fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ဓာတ်မြေသြဇာစီမံခန့်ခွဲခြင်း

ဓာတ်မြေသြဇာအသုံးပြုမှု ပိုမိုထိရောက်စေခြင်းအတွက် သီးနှံလိုအပ်ချက်နှင့် အာဟာရထည့်သွင်းသည့်အကြိမ်ရေတို့ ကိုက်ညီမှုရှိရမည်။

ရွှေ့ပြောင်းစိုက်ပျိုးပြီးနောက် ပထမ ရက်သတ္တ(၄)ပတ်အတွင်း အပင်ဖြစ်တည်မှုတွက် လိုအပ်သောအရာများ စုပုံလာသည့် အတွက် အာဟာရလိုအပ် ချက်ပမာဏ နည်းသည်။ ထို့နောက် အပင်ကြီးထွားမှုမြန်ဆန်လာပြီး အာဟာရလိုအပ်ချက်များစွာနှင့်အတူ ကြက်သွန်နီဥစတင်ဖြစ်ပေါ် လာသည်။

အာဟာရလိုအပ်ချက်သာမက ကြက်သွန်နီသည် ယေဘူယျအားဖြင့် အဟာရစုပ်ယူမှုနည်းပါးပြီး အခြားသော သီးနှံအများစုနှင့်နှိုင်းယှဉ် ကြည့်ပါက အထူးသဖြင့် ဖော့စဖရပ်အားစုပ်ယူမှုနည်းပါးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အမြစ်အရေအတွက်နည်းပါးပြီး တို၍တုတ်ခိုင်သော အမြစ်မွှေးများကြောင့်ဖြစ်ပါသည်။

ထို့ပြင် ကြက်သွန်နီအမြစ်များတွင် အာဟာရစုပ်ယူနိုင်ရန်အတွက် ကျဉ်းမြောင်းသော မျက်နှာပြင်ဧရိယာရှိသည်။ သို့ဖြစ်ပါ၍ ဓာတ်မြေသြဇာများထည့်သွင်းရာတွင် အမြစ်များ တည်ရှိသည့်နေရာနှင့် ဖြစ်နိုင်သမျှနီးကပ်စွာ၊ အကြိမ်ရေများစွာ ထည့်သွင်းပြီး အဆင်သင့်အသုံးပြုနိုင်သည့်ပုံစံများ ရရှိစေမည့် နည်းလမ်းများကို အသုံးပြုသင့်သည်။

 

အခြားသီးနှံမျိုးများနှင့် နှိုင်းယှဉ်ထားသည့် ကြက်သွန်နီ အမြစ်များ၏ ပြင်ပသွင်ပြင်လက္ခဏာများ

အောက်တွင်ဖော်ပြထားသည့် အာဟာရထည့်သွင်းခြင်းနည်းလမ်းများကို အသုံးပြုနိုင်သည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့တွင် မြေသြဇာများထည့်သွင်းခြင်းအား စီမံခန့်ခွဲရာတွင် အပင်မစိုက်ပျိုးမီတွင် ပမာဏနည်းနည်းထည့်သွင်းခြင်းနှင့် အပင်ကြီးထွားမှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ နောက်ထပ်ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ခြောက်သွေ့မြေသြဇာများ ထည့်သွင်းရာတွင် အမြစ်၏ ပြင်ပသွင်ပြင်လက္ခဏာကြောင့် အာဟာရစုပ်ယူနိုင်မှုအားနည်းခြင်း၊ ယိုစိမ့်မှုကြောင့် ဆုံးရှုံးခြင်းနှင့် မြေထဲတွင် အာဟာရတွယ်ကပ်ခြင်း စသည်တို့ အတွက် လုံလောက်မှုရှိစေမည့် များစွာသောအာဟာရများ ထည့်သွင်းရန် လိုအပ်ပါသည်။

အာဟာရသွင်းအားစုများနှင့်အတူ ရေသွင်းခြင်းဖြင့် အမြစ်များထံသို့ ဓာတ်မြေသြဇာများတိုက်ရိုက်ရောက်ရှိနိုင်ပြီး အမြစ်များ၏ အာဟာရ စုပ်ယူမှုအားကောင်းစေမည်ဖြစ်ပါသည်။

သမရိုးကျ ရေသွင်းခြင်းဖြင့် အမြစ်တည်ရှိသောနေရာတွင် အစိုဓာတ်နည်းပါးစေသည်။ အဆိုပါ နည်းလမ်းသည်လည်း အပင်တိုင်းအတွက် တူညီမှုရှိစေရန် လိုအပ်ပြီး မှန်ကန်သောအာဟာရကို လိုအပ်သောအချိန်တွင် လိုအပ်သည့်ပမာဏ အတိုင်းတိကျစွာ ထည့်သွင်းနိုင်ရန် အရေးကြီးပါသည်။

အရွက်ပေါ်သို့ပက်ဖျန်းပေးခြင်းဖြင့် လိုအပ်သည့်အာဟာရများကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်ရုံသာမက မြေဆီလွှာထဲတွင် လိုအပ်သည့်အာဟာရ ဓာတ်ကို ရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။ အဆိုပါနည်းလမ်းဖြင့်လည်း အာဟာရများကို ထည့်သွင်းလေ့ရှိပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅