fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီ၏ အပြင်ခွံအရောင်နှင့်အခြေအနေကောင်းမွန်လာစေခြင်း

ကြက်သွန်နီများ၏ အပြင်အခွံရောင်တပြေးညီဖြစ်ခြင်းသည် လတ်ဆတ်သောဈေးကွက်အတွက် အဓိကကျသော အချက်ပင်ဖြစ်ပါသည်။

ထို့ပြင် ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့၏ အပြင်အခွံခိုင်မာတောင့်တင်းခြင်းသည် ရောဂါများနှင့် သိုလှောင်မှုပြဿနာများ မရှိစေရေးအတွက် အရေးကြီးသည်။ မြေဆီလွှာအစိုဓာတ်မကောင်းပါက အခွံအက်ကွဲခြင်းကို ဖြစ်ပေါ်နိုင်သည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ၏ အခွံအရောင် ကောင်းမွန်မှုရှိစေရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိ ကိုက်ညီမှုရှိစေရေး တို့အတွက် ညီညွတ်မျှတသော အာဟာရများထည့်သွင်းပေးရန် အလွန် အရေးကြီးပါသည်။

သီးနှံအဟာရနှင့် ကြက်သွန်နီ၏ အပြင်အခွံသွင်ပြင်လက္ခဏာနှင့် အခြေအနေ

နိုက်ထရိုဂျင် (N)

နိုက်ထရိုဂျင်နှင့် ကြက်သွန်နီအခွံအရည်အသွေး

နိုက်ထရိုဂျင်သည် ကြက်သွန်နီအပြင်ခွံအလေးချိန်ကို တိုးမြင့်စေခြင်းဖြင့် အခွံအရည်အသွေးကောင်းမွန်စေသည်ဟု များစွာသော လေ့လာတွေ့ရှိချက်များတွင် ဖေါ်ပြထားသည်။ ဤအချက်သည် သိုလှောင်မှုအတွက် အလွန်အရေးကြီးသည်။

ကယ်လ်စီယမ် (Ca)

ကြက်သွန်နီတွင် ကယ်လ်စီယမ်နိုက်ထရိတ်နှင့် ကွာဆန်တင်ဓာတ် ပါဝင်မှု ကယ်လ်စီယမ်နိုက်ထရိတ်နှင့်အတူ ကောင်းမွန်သောအာဟာရများကို ထည့်သွင်းပေးပါက ကြက်သွန်နီဥအတွင်းရှိ ကွာဆန်တင်ဓာတ် ပါဝင်မှုကိုမြင့် တက်စေမည်ဖြစ်ကြောင်း သုတေသနတွေ့ရှိချက်တွင် ဖော်ပြထားသည်။

ကွာဆန်တင်ဓာတ်သည် အဝါရောင်ရှိပြီး အခွံ၏အရောင်အသွေးကို ကောင်းမွန်စေသည့်အပြင် သိုလှောင်မှုအတွက်လည်း ကောင်းမွန် စေသည်။ ၎င်းသည် အန်တီအောက်ဆီးဒင့်တစ်ခုဖြစ်ပြီး ကိုလက်စထရော ဓာတ်အဆင့်များကိုလျော့ချပေးခြင်း၊ သွေးဖိအားကိုထိန်းချုပ်ပေးခြင်းနှင့် ဓာတ်မတည့်မှုများကို ခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးခြင်းတို့ဖြင့် လူသားများ၏ ကျန်းမာရေးကောင်းမွန်လာစေသည်။

ကယ်လ်စီယမ် ချို့တဲ့မှုကြောင့် ကြက်သွန်နီကျစ်လစ်မှုလျော့နည်းစေသည့်အပြင် အရည်အသွေး ကျဆင်းခြင်းနှင့် အပြင်ခွံပျော့ပြောင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ကြေးနီဓာတ် (Cu)

ကြေးနီဓာတ်နှင့် ကြက်သွန်နီအခွံအရောင်

ကြေးနီဓာတ်လုံလောက်စွာထည့်သွင်းခြင်းဖြင့် လစ်နင်ဓာတ် ထုတ်လုပ်ရာတွင် ထွက်ရှိလာသောအရာကြောင့် ကြက်သွန်နီ၏အပြင်ခွံအရောင်နှင့် အလွှာများဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။

စမ်းသပ်ကွက်များမှ တွေ့ရှိချက်များအရ ကြေးဓာတ်သည် ကြက်သွန်နီအပြင်ခွံအရောင်ကို တိုးတက်ကောင်းမွန်စေကြောင်း သိရှိရပါသည်။

ကြက်သွန်နီအတွက် အကြံပြုထောက်ခံထားသော ယာရာဓာတ်မြေသြဇာများ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅