fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီသိုလှောင်မှုအရည်အသွေးတိုးတက်လာစေခြင်း

ကြက်သွန်နီကို ကာလရှည်သိုလှောင်ထားပါက အလေးချိန်လျော့နည်း လာကြောင်း တွေ့ရှိရသည်။

အပင်ပေါက်ခြင်းနှင့် ဥပုပ်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ ဥပုပ်မှု အနည်းဆုံးဖြစ်စေရေးအတွက် ကြက်သွန်နီဥများကို မသိုလှောင်မီ သေချာစွာအခြောက်ခံရမည်။

လေထုအား ထိန်းချုပ်ခြင်းဖြင့် အရည်အသွေးကို ကြာရှည်စွာ ထိန်းသိမ်း နိုင်မည်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားနိုင်သည့် ကာလကိုလည်း တိုးချဲ့ ထားနိုင်မည်။

သင့်လျော်သည့် သီးနှံ အာဟာရများထည့်သွင်းခြင်းဖြင့် သီးနှံသိုလှောင်မှုအရည်အသွေးကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါသည်။

 

သီးနှံအာဟာရနှင့် ကြက်သွန်နီသိုလှောင်မှုအရည်အသွေး

အရွက် မြန်မြန်ထွက်စေရန်နှင့် ဥမြန်မြန်ကြီးထွားစေရန် နိုက်ထရိုဂျင် လုံလုံလောက်လောက် ရခဲ့သည့် ကြက်သွန်နီများသည် အလေးချိန်လျော့ခြင်း၊ အပင်ပေါက်ခြင်းမျိုး နည်းပါးသဖြင့် သိုလှောင်ရာတွင် ပိုမိုတာရှည်ခံသည်။

နိုက်ထရိုဂျင်သည် အပြင်အခွံ၏ အလေးချိန်ကို တိုးမြင့်စေသည့်အပြင် ကိုင်တွယ်မှုများနှင့် သိုလှောင်မှုတို့ကြောင့် ဖြစ်ပေါ်နိုင်သော ပျက်စီးဆုံးရှုံးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေသည်။

နိုက်ထရိုဂျင်ပမာဏများလွန်းပါက ကြက်သွန်နီဥကို ပျော့ပြောင်းစေပြီး သိုလှောင်ရာတွင် ပုပ်သိုးနိုင်ခြေ ပိုများလာသည်။

 

ကယ်လစီယမ်နှင့်မဂ္ဂနီဆီယမ်                               

ကယ်လစီယမ်သည် ကြက်သွန်နီ၏ ကျစ်လစ်သိပ်သည်းမှု၊ ပေါင်းစည်း ပါဝင်မှုနှင့် ရောဂါပြဿနာအနည်းငယ်ဖြင့် ရေရှည်သိုလှောင်နိုင်ရန်အတွက် အရေးကြီးပါသည်။ မဂ္ဂနီဆီယမ်သည် သိုလှောင်မှုအရည် အသွေး တိုးမြင့် စေရေး အခန်းကဏ္ဍတွင်ပါဝင်ပါသည်။

 

ကယ်လစီယမ်နှင့် အေးခဲခြင်းကြောင့်ထိခိုက်ပျက်စီးခြင်း

ကြက်သွန်နီဥတွင် ကယ်လစီယမ်ပါဝင်မှု အနည်းငယ်ကိုသာ တွေ့ရှိရပြီး ၎င်းသည် သိုလှောင်မှုအရည်အသွေး၊ ဆဲလ်နံရံများ ပိုမိုသန်မာရေးတို့ အတွက် အလွန်အရေးပါသည်။

မဂ္ဂနီဆီယမ်အား ကယ်လစီယမ်နှင့် အတူ ထည့်သွင်းခြင်းဖြင့် သိုလှောင်ချိန်တွင် ဥပုပ်နိုင်ခြေနည်းကာ ကြာရှည်သိုလှောင်နိုင် မည်ဖြစ်ပါသည်။

 

ဖော့စဖရပ်နှင့် သိုလှောင်မှုအရည်အသွေး

ဖော့စဖရပ်သည် အထူးသဖြင့်နိုက်ထရိုဂျင်များစွာ အသုံးပြုထားပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့၏ သိုလှောင်မှုအရည်အသွေးများကို ပိုမိုကောင်းမွန်စေသည်။

ဖော့စဖရပ်အား လုံလောက်စွာထည့်သွင်းထား ပါက အလေးချိန်လျော့နည်းမှု၊ အပင်ပေါက်မှုနှင့် ဥပုတ်မှုတို့ကို လျော့နည်းစေသည်။

 

ပိုတက်စီယမ်

ပိုတက်စီယမ်ကို အသုံးပြုခြင်းဖြင့် သိုလှောင်မှုတွင် ဖြစ်ပေါ်တတ်သော ဥပုပ်ခြင်းနှင့် အပင်ပေါက်ခြင်းပြသနာများကို လျော့နည်းစေမည်ဖြစ်ပြီး အထွက်နှုန်းကို တိုးမြင့်စေမည့် နိုက်ထရိုဂျင်ကိုလည်း ထိန်းသိမ်းထား နိုင်သည်။ ပိုတက်စီယမ်သည် ဖော့စဖရပ်သွင်းအားစုများနှင့်အတူ ညီညွတ်မျှတမှုရှိရန် လိုအပ်ပါသည်။

 

ဘိုရွန်

ဘိုရွန်သည် အထွက်နှုန်းအပေါ်အကျိုးသက်ရောက်မှုရှိစေပြီး သိုလှောင်မှု အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေကြောင်း စမ်းသပ်ကွက် များ၏ တွေ့ရှိချက်များတွင် ဖော်ပြထားသည်။

ဘိုရွန် ထည့်သွင်းခြင်းဖြင့် သိုလှောင်မှုအရည်အသွေးတိုးတက်လာခြင်းသည် အနည်းလိုအာဟာရများနှင့်အတူ ကြက်သွန်နီဥတွင် ကယ်လ်စီယမ်စုစည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅