fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီဥများ၏ အရသာနှင့်စူးရှသည့်အနံ့တို့ကိုစီမံခန့်ခွဲခြင်း

ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့၏ အရသာနှင့် အနံ့တို့သည် ၎င်းတို့၏ အဓိကကျသောသွင်ပြင်လက္ခဏာများဖြစ်ကြပြီး အမျိုးအစားနှင့် စိုက်ပျိုးသည့်မျိုးများအပေါ်မူတည်၍ ကွဲပြားခြားနားကြသည်။

စူးရှသည့်အနံ့သည် ၎င်းတွင်ပါဝင်သော အသားဓာတ်မဟုတ်သည့်အမိုင်နိုအက်စစ်များအပေါ်အခြေခံထားသည့် ဆာလဖာဓာတ်ပါဝင်မှုအဆင့်ကြောင့်ဖြစ်ပါသည်။ အချိုဓာတ်ကိုလည်း ကြက်သွန်ဥနီတွင်ပါဝင်သော သကြားဓာတ်ဖြင့် အကဲဖြတ်နိုင်သည်။

အဆိုပါအချက်များကိုတိုင်းထွာရန် ခက်ခဲသော်လည်း အရသာနှင့် စူးရှသည့်အနံ့အားစီမံခန့်ခွဲနိုင်ရန် ကောင်းမွန်သောအာဟာရထည့်သွင်းခြင်းသည် အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါသည်။

 

သီးနှံအာဟာရနှင့် ကြက်သွန်နီဥ၏ အရသာနှင့်စူးရှသောအနံ့

ဆာလဖာနှင့် ကြက်သွန်နီ၏ စူးရှသောအနံ့

ဆာလဖာနှင့် ကြက်သွန်နီတွင် စူးရှသောအနံ့ဖြစ်ပေါ်ခြင်း

ဆာလဖာသည် ကြက်သွန်နီဥ၏ အရသာနှင့်စူးရှသောအနံ့တို့အတွက် အဓိကကျသည်။ဈေးကွက်လိုအပ်ချက်အတိုင်းရရှိစေရေးအတွက် ဆာလဖာထည့်သွင်းမှုကိုစီမံခန့်ခွဲနိုင်သည်။

ဆာလဖာသည် ကြက်သွန်နီအခွံ၏ သန်မာ့ခိုင်မှုနှင့်အရောင်ကိုလည်းပိုမိုကောင်းမွန်စေသည်။ဆာလဖာသည် ကြက်သွန်နီဥတွင် ပိုင်ရူဗစ် အက်စစ် တိုးမြင့်လာစေခြင်းဖြင့် ကြက်သွန်နီဥ၏ စူးရှသောရနံ့ဖြစ်ပေါ်စေရေးအတွက် သိသာထင်ရှားသောအကျိုးသက်ရောက်မှုရှိသည်။

သို့ဖြစ်ပါ၍ဈေးကွက်လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိစေရန် သင့်လျော်သည့်မြေကိုအသုံးပြု၍ဆာလဖာအား နှုန်းထားမှန်ကန်စွာဖြင့် အချိန်မီထည့်သွင်းနိုင်ရေးသည် အရေးကြီးပါသည်။

 

ဆာလဖာနှင့်သကြားဓာတ်ပါဝင်မှု

ကြက်သွန်နီတွင် ဆာလဖာ၊ စူးရှသောအ့နှင့် သကြားဓါတ်ပါဝင်မှု

ဆာလဖာသည် ကြက်သွန်နီဥတွင် သကြားဓာတ်ပါဝင်မှုအပေါ်သိသာစွာအကျိုးသက်ရောက်မှုရှိသည်။ သို့ဖြစ်ပါ၍ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် မြေအမျိုးအစားနှင့် အဟာရထည့်သွင်းသည့်အစီအစဉ်အနက် ဆာလဖာအသုံးပြုခြင်းကိုဂရုပြုဆောင်ရွက်ရန်လိုအပ်သည်။

ဥပမာ- ချိုသော ကြက်သွန်နီများသည် ဆာလဖာဓာတ်နည်းသောမြေများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ကြက်သွန်နီဥမှ စုပ်ယူမှုနည်းစေရန် အတွက် ဆာလဖာအားအစောပိုင်းအချိန်တွင်သာပမာဏအနည်းငယ် ထည့်သွင်းသင့်ပါသည်။

 

ကြက်သွန်နီများအတွက်အကြံပြုထောက်ခံထားသောယာရာဓာတ်မြေသြဇာများ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅