fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီဥတွင် အခြောက် အလေးချိန်ပါဝင်မှုအားမြင့်တင်ပေးခြင်း

ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့အား လတ်ဆတ်သော ဈေးကွက်အတွက် အဓိကထား စိုက်ပျိုးကြသည်။

ကြက်သွန်နီဥများကို ရည်ရွယ်ထားသည့်အတိုင်း အခြောက်အလေးချိန် ရရှိရန်လိုအပ်သည်။ ကြက်သွန်နီဥ အများစုတွင် အခြောက်အလေးချိန် ၁၀ မှ ၁၂ ရာခိုင်နှုန်းအထိရှိသည်။ ကြက်သွန်နီတွင် အခြောက် ၇ မှ ၁၅ ရာခိုင်နှုန်းအထိသာရှိသော်လည်း ကြက်သွန်မိတ်များ၏ အခြောက်အလေးချိန် မြင့်မားပြီး ၁၆ မှ ၃၅ ရာခိုင်နှုန်းအထိဖြစ်သည်။

ရေဓာတ်ချို့တဲ့မှုအတွက် စိုက်ပျိုးသောကြက်သွန်နီတွင် အခြောက်အလေးချိန် ၁၇ မှ ၂၀ရာခိုင်နှုန်းအထိ လိုအပ်ပါသည်။ ၎င်းတို့သည် များသောအားဖြင့် အဖြူရောင်ကြက်သွန်နီများဖြစ်ကြပြီး ဂျူးမြစ်နှင့်ကြက်သွန်မိတ်များအတွက်လည်း အလားတူနည်းလမ်းများ အသုံးပြုနိုင်သည်။

နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်တို့သည် ကြက်သွန်နီဥ၏ အခြောက်အလေးချိန်များရရှိစေရေးအတွက် အရေးကြီးဆုံးသော အာဟာရများဖြစ်ကြသည်။

 

သီးနှံအာဟာရနှင့် ကြက်သွန်နီဥတွင် အခြောက်အလေးချိန်ပါဝင်မှု

နိုက်ထရိုက်နှင့် အမိုနီယမ်နိုက်ထရိုက်

နိုက်ထရိုက်နှင့် အမိုနီယမ်နိုက်ထရိုဂျင် အချိုးအစားညီစွာ ထည့်သွင်းခြင်းသည် ကြက်သွန်နီအရွက်နှင့် ကြက်သွန်နီဥကြီးထွားစေရေးအတွက် ထိရောက်မှု အရှိဆုံးနည်းလမ်းဖြစ်ကြောင်း စမ်းသပ်ကွက်များမှ အတည်ပြုထားသည်။ သို့သော်လည်း ကြီးထွားမှု၏ နောက်ပိုင်းအဆင့်များတွင် နိုက်ထရိုက်သည် ကြက်သွန်နီဥတွင် အခြောက်မြင့်မားစေရေးတွက် အထောက်အကူပြုသည်။

 

ပိုတက်စီယမ်

အထွက်နှုန်းမြင့်မားသည့်စနစ်ဖြစ်ပါက ပိုတက်စီယမ်သည် နိုက်ထရိုဂျင်နှုန်းထား မြင့်မားစွာထည့်သွင်းထားသော နေရာများတွင် အဓိကအရေးကြီးသည်။ အဆိုပါအခြေအနေများတွင် ကြက်သွန်နီဥ၏ အခြောက်အလေးချိန်များ တိုးမြင့်လာစေခြင်းနှင့် သကြားဓာတ်စုပုံ လာခြင်းတို့ဖြင့် အထွက်နှုန်းကို ထိန်းသိမ်းထားနိုင်သည်။

 

 

 

ကြက်သွန်နီအတွက် အကြံပြုထောက်ခံထားသော ယာရာ ဓာတ်မြေသြဇာ များ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅