fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့အတွက် အာဟာရဆိုင်ရာအကျဉ်းချုပ်

အာဟာရများ

နိုက်ထရိုဂျင်သည် ကြီးထွားမှုနှင့်အထွက်နှုန်း တိုးမြင့်စေရေးအတွက် ပမာဏအများဆုံးလိုအပ်သည့်အာဟာရဖြစ်ပြီး ပိုတက်စီယမ်သည် ဒုတိယအများဆုံးလိုအပ်သည့်အာဟာရဖြစ်သည်။

ကြက်သွန်နီဥများတွင် အဓိကအာဟာရများကို စုပ်ယူသည့်အရာများ

နိုက်ထရိုဂျင် (N)

နိုက်ထရိုဂျင်သည် ကြီးထွားမှုနှင့်အထွက်နှုန်းတိုးမြင့်စေရေးအတွက် ပမာဏအများဆုံးလိုအပ်သည့်အာဟာရဖြစ်သည်။ ၎င်းကို အရွက်ထွက်သည့်အချိန်တွင် အများဆုံးလိုအပ်ပြီး အခြားသော အာဟာရများထက်အချိန်စောစွာ စုပ်ယူသည်။

ကြက်သွန်နီသည် အထွက်နှုန်းတစ်တန်လျှင် ၃ ကီလိုဂရမ်ခန့်လိုအပ်သည်။ အသုပ်တွင်အသုံးပြုသည့်ကြက်သွန်နီနှင့် နှိုင်းယှဉ်ကြည့်ပါက ၎င်းတို့သည် အစိမ်းရောင်ရှိချိန်တွင် ရိတ်သိမ်းကြပြီး နိုက်ထရိုဂျင်အား ပိုမိုလိုအပ်သည်။

ကြက်သွန်နီဥများ၏ အမြစ်သည် သီးနှံလိုအပ်ချက်ပြည့်မီစေရေးအတွက် နိုက်ထရိုဂျင်ပမာဏများစွာထည့်ရန်လိုအပ်ပြီး စုပ်ယူမှု တိုးမြင့်စေရန်နှင့် မြေထဲတွင် ဆုံးရှုံးမှုနည်းစေရအတွက် ပမာဏနည်းနည်းနှင့်အကြိမ်များများကို ကြီးထွားမှု၏ အစပိုင်းချိန်တွင် ထည့်သွင်းသင့်သည်။ ကြက်သွန်နီမှရယူထားသော နိုက်ထရိုဂျင်အများစုကို ကြက်သွန်နီဥတွင် တွေ့ရှိရသည်။

သို့သော်လည်း နိုက်ထရိုဂျင်အား လိုအပ်သည်ထက်ပိုမိုထည့်သွင်းခြင်းမပြုရန်အရေးကြီးပြီး အထူးသဖြင့် ကြက်သွန်နီဥများတွင် ပိုမိုထည့်သွင်းမိပါက ရင့်မာမှုကိုနောက်ကျစေခြင်း၊ ကြက်သွန်ဥကိုပျော့စေခြင်းနှင့် သိုလှောင်ရာတွင်ဥပုတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

ကယ်လစီယမ် (Ca)

ကယ်လစီယမ်အား ကြက်သွန်နီတစ်တန်လျှင် ဝ.၈ ကီလိုဂရမ် လိုအပ်သည်။ အများဆုံးလိုအပ်သည့်အချိန်သည် ပိုတက်စီယမ်လိုအပ်သည့်အချိန်နှင့်တူညီပြီး ကြက်သွန်ဥဖြစ်ပေါ်သည့်အချိန်နှင့် အရွယ်အစားစတင်ကြီးထားချိန်တို့ ဖြစ်ပါသည်။

၎င်းသည် အရွယ်ကြီးထွားစေရေးအတွက် အထူးအရေးကြီးစဉ်တွင် ကြက်သွန်နီဥအရေအတွက်နှင့် သိုလှောင်မှုအရည်အသွေးကို ထိန်းသိမ်းနိုင်ရေးအတွက် ကယ်လ်စီယမ်အနည်းငယ်ကို ကြက်သွန်နီဥတွင် တွေ့ရှိရပါသည်။

နိုက်ထရိုဂျင်ကဲ့သို့ပင် ကယ်လ်စီယမ်သည် အရွက်ကြီးထွားစေရေးတွင် အရေးကြီးသည့်အတွက် ရိတ်သိမ်းပြီးသော အစိမ်းရောင်ကြက်သွန်နီ ဥပမာ- အသုပ်နှင့် အမြိတ်စားတွင်အသုံးပြုသောကြက်သွန်နီနှင့်ကြက်သွန်မြိတ်တို့တွင် ကယ်လစီယမ်အနည်းငယ်ဖယ်ရှားခြင်းကို တွေ့ရှိရသည်။

ခြောက်သွေ့သော ကြက်သွန်နီဥများတွင် ဆာလ်ဖာဖယ်ရှားမှုသည် အနည်းငယ်သာဖြစ်ပြီး ကယ်လ်စီယမ်ဖယ်ရှားမှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။ ကြက်သွန်နီဥရင့်မာသည့် နောက်ပိုင်းအဆင့်များတွင် စုပ်ယူမှုအများဆုံးဖြစ်သည်။

သို့ဖြစ်ပါ၍ အချိန်စောစွာရိတ်သိမ်းခြင်း သို့မဟုတ် ဆာလ်ဖာထည့်သွင်းမှုနည်းသော မြေများတွင် ဆာလ်ဖာထည့်သွင်းမှုကိုထိန်းချုပ်ထားခြင်းဖြင့် ချိုသောကြက်သွန်နီများကို ထုတ်လုပ်နိုင်သည်။

အလားတူပင် အချိန်စောစောရိတ်သိမ်းသည့်သီးနှံ ဥပမာ- အသုပ်နှင့်မြိတ်စားတွင်အသုံးပြုသော ကြက်သွန်နီသည် ဆာလ်ဖာစုပ်ယူမှုလျော့နည်းပြီး စူးရှသည့်အနံ့လည်းနည်းသည်။ ကြက်သွန်နီသည် မဂ္ဂနီစီယမ်အနည်းငယ်ကိုသာ အသုံးပြုသည်။

စုပ်ယူမှုအများဆုံးအချိန်သည် နောက်ကျသည်။ အထက်တွင်ဖေါ်ပြထားသော အာဟာရအားလုံး၏ စုပ်ယူသည့်အချက်အလက်များသည် သဘာဝပုံစံဖြင့်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

ဖော့စဖရပ် (P)

ကောင်းမွန်သောအမြစ်ကြီးထွားမှုဖြစ်ပေါ်လာစေရေးနှင့် မြန်ဆန်စေရန် အပင်များ ကြီးထွားဖွံ့ဖြိုးသည့် အစောပိုင်းကာလတွင် ဖော့စဖရပ်အများစုကို လိုအပ်သည်။ ရယူထားသော ၇၀% အထက် ဖော့စဖရပ်များကို ကြက်သွန်နီဥတွင် တွေ့ရသည်။ ဖော့စဖရပ်ထည့်သွင်းရာတွင် အများဆုံး အသုံးပြုသည့် နည်းလမ်းမှာ မစိုက်ပျိုးမီတွင် ထည့်သွင်းခြင်း သို့မဟုတ် စတင်ထည့်သွင်းသည့် ဓာတ်မြေသြဇာကဲ့သို့ထည့်သွင်းခြင်းတို့ပင်ဖြစ်ပါသည်။

ပိုတက်စီယမ် (K)

ပိုတက်စီယမ်အား ပမာဏများစွာလိုအပ်သည်။ ကြက်သွန်နီဥတစ်တန်လျင် 1.81 ကီလိုဂရမ် ဖယ်ရှားသည်။ ပိုတက်စီယမ်အများဆုံးလိုအပ်သည့်အချိန်သည် နိုက်ထရိုဂျင်လိုအပ်သည့်အချိန်ထက်နောက်ကျပြီး ကြက်သွန်ဥဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။

ပိုတက်စီယမ်အား စိုက်ပျိုးရာသီတစ်ခုလုံးတွင် ပုံမှန်ထည့်သွင်းလေ့ရှိကြသည်။ အပင်မှစုပ်ယူသော ပိုတက်စီယမ်အများစုကို အရွက်မှအသုံးပြုသည့်အတွက် အသုပ်တွင်အသုံးပြုသော ကြက်သွန်နီတွင် ဖယ်ရှားမှုပိုမိုမြင့်မားသည်။

အာဟာရများ

ကြက်သွန်နီအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စေရေးအတွက် အာဟာရကို အနည်းငယ်သာလိုအပ်သော်လည်း အချိုးအစားမှန်ကန်မှုရှိစေရေးသည် အလွန်ပင်အရေးကြီးပါသည်။

အာဟာရများအားလုံးသည် အစေ့ဖြစ်ပေါ်ခြင်းနှင့်အရွက်ကြီးထွားခြင်းတို့တွင် ပါဝင်ဆောင်ရွက်ပေးသည်။ ကောင်းမွန်သောအရွက်ထုတ်လုပ်နိုင်စွမ်းအားမရှိပါက ကြီးထွားမှုနှေးကွေးစေမည်ဖြစ်ပြီး အထွက်နှုန်းကိုလည်း ထိခိုက်နိုင်ပါသည်။

အရွက်တစ်သျှူးအား စမ်းသပ်စစ်ဆေးခြင်းဖြင့် အာဟာရလိုအပ်ချက်ကို သိရှိနိုင်ပြီး မှန်ကန်သော လေ့လာသုံးသပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ဖြင့် ချို့တဲ့မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့်အပြင် ကြက်သွန်နီဥထုတ်လုပ်မှုကိုလည်း တိုးမြင့်နိုင်ပါသည်။

 

ကြက်သွန်နီဥတွင် အာဟာရဖယ်ရှားခြင်း

ဘိုရွန် (B)

ဘိုရွန်သည် အဓိကကျသော အာဟာရတစ်ခုဖြစ်ပြီး ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာတွင် ပမာဏအများဆုံးလိုအပ်ပြီး သံဓာတ်သည် ဒုတိယအများဆုံးလိုအပ်သည့် အနည်းလို အာဟာရတစ်ခုဖြစ်ပါသည်။ ၎င်းသည် အထွက်နှုန်းနှင့် အရည်အသွေးကို လွှမ်းမိုးနိုင်သည်။

ကြေးနီဓာတ် (Cu)

ကြေးနီဓာတ်ကို ပမာဏအလွန်နည်းစွာလိုအပ်သော်လည်း ကြက်သွန်နီဥ၏ အခွံနှင့်အရောင်အတွက် အရေးကြီးသည်။

သံဓာတ် (Fe)

သံဓာတ်သည် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရာတွင် ပမာဏများစွာလိုအပ်သည့် အာဟာရဖြစ်သည်။

သွပ်ဓာတ် (Zn)

သွပ်ဓာတ်သည် အစေ့အညှောင့်ပေါက်စေရေးအတွက် အရေးကြီးသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅