fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီဈေးကွက်၏ လိုအပ်ချက်များ

ကြက်သွန်နီအများစုသည် လတ်ဆတ်သောဈေးကွက်အတွက် စိုက်ပျိုးကြပြီး ဈေးကွက်သို့တင်သွင်းခြင်းမပြုမီ အရည်အသွေးခွဲခြားလေ့ရှိသည်။

တူညီသော အရွယ်အစား၊ ပုံစံနှင့် အရောင်သာမက မြေကြီးနှင့်ရောဂါကင်းစင်မှုတို့သည် လက်လီရောင်းချသူများနှင့် စားသုံးသူများအတွက် အရေးကြီးသော လက္ခဏာများဖြစ်ကြပါသည်။ ကြက်သွန်နီဥတွင် လုံလောက်သော ခြောက်သွေ့မှုရှိရမည်။

ကျစ်လျစ်မှုသည်လည်းအရေးကြီးပြီး အထူးသဖြင့် ခြောက်သွေ့သော ကြက်သွန်နီဥအား ရေရှည်သိုလှောင်ထားရှိရန်ဖြစ်ပါသည်။ ကြက်သွန်နီတွင် အများအားဖြင့် ခြောက်သွေ့သောဓာတ် ၁၀ မှ ၁၂ ရာခိုင်နှုန်းအထိ ရှိသည်။

ကြက်သွန်နီတွင် လည်တိုင်သေးငယ်သောအညှာပါရှိပါက အခြောက်ခံသောအချိန်တွင် ရောဂါဝင်ရောက်မှုနည်းပါးသည့်အတွက် ကောင်းမွန်သောလက္ခဏာပင်ဖြစ်ပါသည်။
ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရာတွင် အရွယ်အစားသည်လည်းအရေးကြီးသည်။

ယေဘူယျအားဖြင့် အရွယ်အစားကြီးမားရုံသာမက ပုံစံနှင့် အခွံတို့သည် ကောင်းမွန်သောအရည်အသွေးပါရှိသော ကြက်သွန်နီဥသည် ဈေးနှုန်းအကောင်းဆုံးရရှိသည်။ အရသာ၊ မျက်နှာပြင်ချောမွေ့မှု၊ အနံ့နှင့် စူးရှသည့်အနံ့တို့သည် အမျိုးအစားနှင့် မျိုးကွဲများအပေါ်မူတည်၍ ကွဲပြားခြားနားကြသည်။ ချက်ပြုတ်ခြင်းမပြုဘဲ အစိမ်းစားသုံးမည့် ကြက်သွန်နီသည် အများအားဖြင့် ပိုချိုပြီး ပျော့သော အရသာရှိသည်။

ယေဘုယျအားဖြင့် ၎င်းတို့သည် ချက်တိုင်တစ်ခုတည်းနှင့် ပိုမိုကြီးမားကြပြီး ကြက်သွန်နီအကွင်းများ လှီးဖြတ်ရန်အတွက် သင့်လျော်မှုရှိသည်။ စူးရှသောရနံ့သည်ကြက်သွန်နီတွင်ပါဝင်သည့် အသားဓာတ်မဟုတ်သော အမိုင်နိုအက်စ်အပေါ်အခြေခံသည့် ဆာလ်ဖာပါဝင်မှုအဆင့်ကြောင့်ဖြစ်သည်။

ဖြတ်တောက်ခြင်း၊ ပျက်စီးခြင်း သို့မဟုတ် စားသုံးပါက ဆာလ်ဖီနင့် အက်စစ်၊ အမိုးနီးယားနှင့် ပိုင်ရူဗိတ် တို့သည် ထွက်ရှိလာပြီး စူးရှပြင်းထန်သောအနံ့ကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့သော အရေးကြီးသည့်လက္ခဏာအား တိုင်းတာရန်ခက်ခဲသည်။ ပိုင်ရူဗိတ် ပါဝင်မှုအဆင့်အား အကဲဖြတ်နိုင်သော်လည်း ၎င်းသည် ကြက်သွန်နီ၏ အရသာ သို့မဟုတ် စူးရှသည့်ရနံ့အတွက် ပြည့်စုံသည့်အဖြေရရှိရန် အမြဲကူညီပေးနိုင်မည်မဟုတ်ပါ။

ချိုမြမှုကို ကြက်သွန်နီဥတွင်ပါဝင်သော သကြားဓာတ်အဆင့်ဖြင့် အကဲဖြတ်နိုင်သော်လည်း စားသုံးသူများအတွက် ပိုင်ရူဗိတ်ကြောင့် အလွန်စူးရှသည့်ရနံ့ သို့မဟုတ် ပြင်းထန်သည့်ရနံ့ကြောင့် ဖုံးအုပ်နိုင်သည်။ ကြက်သွန်နီတွင် ဆာလ်ဖာပါဝင်မှုအဆင့်နည်းပါးမှသာလျှင် ချိုမြသည့်အရသာကို ခံစားရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကြက်သွန်နီအရည်အသွေးအား အများအားဖြင့် အရသာအပေါ်မူတည်၍ အကဲဖြတ်လေ့ရှိကြသည်။ ထိုသို့အကဲဖြတ်မှုသည် နိုင်ငံအလိုက်ကွာခြားမှုရှိကြပြီး အမေရိကန်တွင် ကြက်သွန်နီအား ၁မှ ၁၈အထိ စံနှုန်းသတ်မှတ်ထားသည်။

စံနှုန်း ၁ ရှိ ကြက်သွန်နီအစိမ်းတွင် စူးရှသည့်ရနံ့အနည်းငယ်သာပါရှိသည်။ စံနှုန်း ၆နှင့်အထက်ရှိ မည်သည့်ကြက်သွန်နီတို့သည် အစိမ်းစားသုံးရန် သင့်လျော်မှုမရှိဘဲဗီဒါလီယာ နှင့် အလွန်ချိုသော ကြက်သွန်နီတို့၏ စံနှုန်းမှာ ၂.၅ မှ ၄ အထိရှိသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅