fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီအညှာထူထဲမှုကို လျှော့ချခြင်း

ကြက်သွန်နီ၏ အညှာသည် ကျစ်လစ်ပါက ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ထားနိုင်သည်။

ရောက်ဂါပိုးများ ဝင်ရောက်နိုင် သည့်နေရာအား ပိတ်ပင်ထားနိုင်ရန်အတွက် ခြောက်သွေ့သော ကြက်သွန်နီများဖြစ်ပေါ်စေရန် အချိန်ယူအခြောက်ခံရန်လိုအပ်သည်။ အညှာများ အလွန်ထူပါက သိုလှောင်မှုအရည်အသွေးနှင့် အပင် ကျန်းမာရေးကို ထိခိုက်နိုင်သည်။

ကြက်သွန်နီ၏အညှာထူထဲမှုကို လျော့နည်းစေရေးအတွက် ညီညွှတ်မျှတသော သီးနှံ အာဟာရထည့်သွင်း ရေးသည် အလွန်အရေးကြီးသည်။

သီးနှံအဟာရနှင့် ကြက်သွန်နီအညှာထူထဲမှု

ကြက်သွန်နီတွင် ဖော့စဖရပ်နှင့် မဂ္ဂနိစ် ချို့တဲ့ပါက ရင့်မာချိန်တွင် အညှာများသည် ထူထဲနိုင်သည်။ နိုက်ထရိုဂျင်အား နောက်ကျမှ ထည့်သွင်း ပါက အညှာထူထဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

နိုက်ထရိုဂျင်နှင့် ကြက်သွန်နီအညှာထူထဲမှု

နိုက်ထရိုဂျင်ပမာဏ လွန်ကဲပါက ကြက်သွန်ဥကို ပျော့စေပြီး သိုလှောင် ရာတွင် ဥပုတ်သိုးသည့်ရောဂါများ ပိုမိုကျရောက်စေနိုင်သည်။ နိုက်ထရိုဂျင် အား လိုအပ်သည်ထက်ပိုမိုထည့်သွင်းပါက အညှာထူထဲစေပြီး ရောဂါဝင် ရောက်မှုကိုဖြစ်စေနိုင်သည်။

နိုက်ထရိုဂျင်အားနောက်ကျမှထည့်သွင်းပါက အညှာထူထဲခြင်းနှင့် သိုလှောင်ရာတွင် ဥပုတ်သိုးခြင်းသာမက ရင့်မာမှု အချိန်ကို နောက်ကျစေမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သိုလှောင်မှု အရည် အသွေးကို ထိခိုက်မှုမရှိစေပဲ အထွက်နှုန်းတိုးမြင့်စေရေးအတွက် နိုက်ထရိုဂျင်မျှတ၍ အချိန်မှန်ထည့်သွင်းခြင်းသည် အရေးကြီးပါသည်။
ကြက်သွန်နီများအတွက် ထောက်ခံအကြံပြုထားသည့် ယာရာမြေသြဇာများ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅