fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီသိုလှောင်ရာတွင် ပုပ်သိုးမှုများကို လျော့နည်းစေခြင်း

ကြက်သွန်နီများသည် ရိတ်သိမ်းသည့်အချိန်တွင် ရင့်မာပြီး ခြောက်သွေ့ ရန် လိုအပ်သည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဥတို့သည် ရောဂါဝင် ရောက်နိုင်သည့် ကြေမွခြင်းနှင့်ပြတ်တောက်ခြင်းတို့ကို လျော့နည်းစေရန် ဂရုပြုသင့်သည်။

ကြက်သွန်နီများ၏ အညှာအား ပိတ်ဆို့နိုင်ပြီး ရောဂါများနှင်ဥ့ပုပ်သိုးမှုများကို ကာကွယ်နိုင်ရုံသာမက တောက်ပ၍ အက်ကွဲကြောင်းရာကင်းသည့်အခွံဖြစ်ထွန်းနိုင်ရန်အတွက် အချိန်ယူ အခြောက်ခံရန်လိုအပ်ပါသည်။

ပူနွေးသော ဒေသများတွင် အခြောက်ခံခြင်းကို သိုလှောင်ရာတွင် ပြုလုပ်လေ့ရှိသော်လည်း ကြက်သွန်များသည် စိုက်ခင်းထဲတွင် ခြောက်သွေ့ပြီးဖြစ်ပါသည်။

သီးနှံအဟာရနှင့် ကြက်သွန်နီသိုလှောင်ရာတွင်ဥပုပ်မှုများ

နိုက်ထရိုဂျင်

နိုက်ထရိုဂျင်နှင့် ကြက်သွန်နီသိုလှောင်ရာတွင် ဥပုပ်မှုများ

နိုက်ထရိုဂျင်အား လိုအပ်သည်ထက်ပိုမိုထည့်သွင်းပါက သိုလှောင်ရာတွင် ဥပုပ်မှုများဖြစ်ပေါ်ခြင်း၊ သိုလှောင်သည့်အချိန်တွင် အထွက်နှုန်း ဆုံးရှုံးခြင်း များကို ဖြစ်ပေါ်စေသည်။

Effect of nitrogen rate on onion storage rots

၎င်းသည် အပင်တစ်သျှူးများကို အားနည်းစေပြီး အအေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုကို ပိုမိုဖြစ်ပေါ် စေသည်။ ညီညွတ်မျှတသည့် သီးနှံအာဟာရသည် အပင်များ၏ ကျန်းမာရေးကို ကောင်းမွန်တိုးတက်စေခြင်းဖြင့် သိုလှောင်ရာတွင် ဥပုပ်မှု များကို လျော့နည်းစေပါသည်။

 

နိုက်ထရိုဂျင်ထည့်သွင်းသည့်အကြိမ်ရေနှင့် ကြက်သွန်နီဥပုပ်သိုးမှုများ

Effect of nitrogen rate and timing on onion storage rots

နိုက်ထရိုဂျင်အား အချိန်နောက်ကျမှထည့်သွင်းပါက အညှာများထူထဲခြင်း ကို ဖြစ်ပေါ်စေနိုင်ပြီး ရင့်မာမှုနောက်ကျခြင်းကြောင့် သိုလှောင်ရာတွင် ဥပုပ်မှုများ အဓိကဖြစ်ပေါ်စေနိုင်သည်။

ကယ်လစီယမ်နှင့် မဂ္ဂနီစီယမ်

ကယ်လစီယမ်၊ မဂ္ဂနီစီယမ်နှင့် ကြက်သွန်နီ သိုလှောင်ရာတွင် ဥပုပ်မှုများ

Effect of calcium and magnesium on onion storage

ကယ်လစီယမ်သည် ရောဂါဒဏ်ခံနိုင်ရည်ကို တိုးတက်စေသည်။ မဂ္ဂနီစီယမ်နှင့်ပေါင်းစပ်ခြင်းဖြင့် ကြက်သွန်နီဥတွင် ကယ်လစီယမ်ပါဝင်မှု အဆင့်မြင့်မားနိုင်ပြီး သိုလှောင်ရာတွင်ဥပုပ်မှု လျော့နည်းကြောင်း တွေ့ရှိရပါသည်။

 

ကယ်လ်စီယမ်နိုက်ထရိတ်နှင့် ကြက်သွန်နီဥပုပ်မှုများ

ကယ်လ်စီယမ်နိုက်ထရိတ်သည် ကြက်သွန်နီများသိုလှောင်ရာတွင် ဥပုပ်မှု အနည်းဆုံးဖြစ်စေသည်။ ကယ်လ်စီယမ်နှင့်ပိုတက်စီယမ်အချိုးညီမျှရေးသည် အရေးကြီးသည်။

Effect of calcium on onion bulb rots

Effect of calcium nitrate on onion storage decay

ဘိုရွန်

ဘိုရွန်နှင့် ကြက်သွန်နီသိုလှောင်မှုအရည်အသွေး

Effect of boron on onion storage quality

ဘိုရွန်သည် ကယ်လ်စီယမ်စုပ်ယူမှုနှင့် ကြက်သွန်နီဥအရည်အသွေးကို တိုးတက်ကောင်းမွန်စေသည်။ သုတေသနတွေ့ရှိချက်များအရ ဘိုရွန်ထည့်သွင်းခြင်းဖြင့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့အား သိုလှောင်ရာတွင် ဥပုပ်မှုရော့နည်းစေနိုင်သည်။

အဆိုပါအကျိုး သက်ရောက်မှုသည် ကြက်သွန်ဥတွင် ကယ်လ်စီယမ်စုပုံမှုအား တိုးတက် ကောင်းမွန်စေသည့် အနည်းလိုအာဟာရများ၏ အခန်းကဏ္ဍနှင့် ပေါင်းစပ်ထားသည်။

ကြက်သွန်နီများအတွက် အကြံပြုထောက်ခံထားသော ယာရာမြေသြဇာများ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅