fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီကြီးထွားမှုအဆင့်တိုင်းတွင် အာဟာရ၏ အခန်းကဏ္ဍ

နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်- ကြီးထွားမှုအစောပိုင်းကာလတွင် ပိုမိုသန်မာစေသည်။

ဖော့စဖရပ်- အမြစ်ပိုမိုဖွံ့ဖြိုးစေခြင်းနှင့် ကြီးထွားမှုကြာရှည်စေရန်နှင့် ကောင်းမွန်သော ကြက်သွန်နီဥဖြစ်ပေါ်စေရန်အတွက် အရန်အဖြစ်ထည့်သွင်းပေးသည်။
ဆာလ်ဖာ- အပင်ကြီးထွားမှုကိုအားပေးသည်။
ဘိုရွန်၊မဂ္ဂနိစ်နှင့်သွပ်ဓာတ်- ကောင်းမွန်သော အညွှန့်ကြီးထွားမှုကို ပိုမိုကောင်းမွန်စေသည်။

ပင်ပိုင်းကြီးထွားသည့် အဆင့်

နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်- ဆက်လက်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကိုသေချာစေသည်။
ကယ်လ်စီယမ်၊ ဆာလ်ဖာနှင့် မဂ္ဂနီစီယမ်- ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးပြီး ကောင်းမွန်သောအရွက်ကြီးထွားမှုနှင့် ကြက်သွန်နီဖြစ်ထွန်းစေရေးအတွက် အပင်အားဖြည့်ဆည်း ပေးသည်။

အာဟာရများ- အပင်အစာချက်လုပ်မှုကို အတားအဆီးမရှိ ကြီးထွားစေသည်။

ကြက်သွန်ဥ ဖြစ်ပေါ်သည့် အဆင့်

နိုက်ထရိုဂျင်- နိုက်ထရိတ်ပုံစံဖြင့် ကြက်သွန်နီဥဖွံ့ဖြိုးမှုကို ထိန်းသိမ်းထား နိုင်ပြီး အချိန်စော၍ ကြီးထွားစေသည်။
ပိုတက်စီယမ်- အထွက်နှုန်းနှင့် အရည်အသွေးအတွက်လိုအပ်ပြီး ကြက်သွန်နီဥဖြစ်ပေါ်ချိန် တွင် လိုအပ်ချက်အများဆုံးဖြစ်သည်။

ကယ်လ်စီယမ်- ကြက်သွန်နီတွင် ကယ်လ်စီယမ်ဓာတ်ရရှိပြီး သိုလှောင်ရာတွင် အရည်အသွေးကောင်းမွန်စေသည်။
အာဟာရများ- အရွက်ကြီးထွားမှုကို ဆက်လက် ထိန်းသိမ်းပေးသည်။

ကြက်သွန်ဥ ကြီးထွားသည့်အဆင့်

နိုက်ထရိုဂျင်- အရေအတွက်ကိုလျှော့ချပေးခြင်းဖြင့် ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းပေးသော်လည်း ကြက်သွန်နီဥ၏ အရည်အသွေးကို ထိခိုက်နိုင်ခြင်းမရှိပါ။
ဖော့စဖရပ်- အချိန်စောစွာ ရင့်မာစေခြင်းနှင့် ကြက်သွန်နီဥ အရွယ်အစားကြီးမားစေခြင်းတို့ကို အားပေးသည်။
ပိုတက်စီယမ်- သကြားဓာတ်ပါဝင်မှုနှင့် အရည်အသွေးတို့ကို တိုးမြင့်စေသည်။

ကယ်လ်စီယမ်- ကြက်သွန်နီဥ၏ ကျစ်လျစ်မှုနှင့် သိုလှောင်မှုပြသနာများလျော့နည်းစေခြင်းနှင့်အတူ အရည်အသွေးကို ထိန်းသိမ်းပေးသည်။
ဆာလ်ဖာ- ကြက်သွန်နီတွင် လိုအပ်သောအနံ့အပေါ်တွင် မူတည်သည်။
ဘိုရွန်- သိုလှောင်မှုအရည်အသွေးနှင့် ကယ်လ်စီယမ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေသည်။

ကြေးနီဓာတ်- အခွံအရည်အသွေးကိုကောင်းမွန်စေသည်။
အခြားသော အာဟာရများ- အရေးပါမှုနည်းသော်လည်း ကြီးထွားမှုနှင့် အရေအတွက်ပိုမိုများပြားစေရေးအတွက် ထိန်းသိမ်းပေးသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅