fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူး၏အရည်အသွေးကောင်းစေရန် မည်သို့လုပ်ဆောင်မည်နည်း

အာလူး၏အရည်အသွေးကို အဆုံးအဖြတ်ပေးသော အဓိက စံချိန်စံညွှန်း ၃ ချက်ရှိပါသည်။ အရည်အသွေး၊ အခွံကောင်းမွန်မှုနှင့် သိုလှောင်ခြင်းနှင့် ချက်ပြုတ်ခြင်း အရည်အသွေးတို့ ဖြစ်ပါသည်။ မျှတသော အာဟာရပေးမှုအစီအစဉ်သည် ထိုစံချိန်စံညွှန်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် ကူညီပေးပါသည်။

ဥအရည်အသွေး


အခြောက်ပါဝင်မှုအတွက်ဖြစ်စေ၊ ကစီဓာတ်ပါဝင်မှုအတွက်ဖြစ်စေ၊ အတွင်းဘက် ပုံမမှန်မှု အတွက်ဖြစ်စေ၊ ချက်ပြုတ်မှုလုပ်ဆောင်နိုင်မှုအတွက် ဖြစ်စေ အာလူးဥအရည်အသွေးသည် စားသုံးသူအတွက် အရေးကြီးပါသည်။
နိုက်ထရိုဂျင်သည် အရွက်နှင့် အာလူးဥကြီးထွားမှုကို အားပေးပြီး ကစီဓာတ်ထုတ်လုပ်မှုကို တိုးမြှင့်ကာ ဖော့စဖိတ်သည် အရွက်နှင့် အာလူးဥကြီးထွားမှုကို ထိန်သိမ်းထားကာ ကစီဓာတ်ပါဝင်မှုနှင့် အရည်အသွေးကို လွှမ်းမိုးပါသည်။ ပိုတက်စီယမ်သည် ရေစုတ်ယူနိုင်မှုနှင့် အခြောက်ပစ္စည်းထုတ်လုပ်ခြင်းကို မြှင့်တင်ပေးပြီး ပွန်းပဲ့မှုအဆင့်ကိုလျှော့ချရန် ကူညီပေးပါသည်။ ကယ်လ်စီယမ်သည် အတွင်းဘက်သံချေးကွက်နှင့် အနက်ရောင်အကွက် ဖြစ်ပွားမှုကို လျှော့ချပေးပြီး မဂ္ဂနီဆီယမ်သည် အားကောင်းသည့် အစာချက်လုပ်ခြင်းဖြစ်စဉ်နှင့် ကောင်းမွန်သောကြီးထွားမှုကို ဖြစ်စေပြီး ဘိုရွန်သည်အတွင်းပိုင်းသံချေးကွက်များနှင့် အင်ဇိုင်းကြောင့် အနက်ရောင်ဖြစ်ခြင်းတို့ကို လျော့နည်းစေပါသည်။

အခွံချောမွေ့မှု

စားသုံးသူများသည် သန့်ရှင်းပြီး ဆွဲဆောင်မှုရှိသော (အထူးသဖြင့် ထုပ်ပိုးမှုမလုပ်မီ သို့မဟုတ်အလုံးလိုက်ဝယ်ယူရာတွင်)အာလူးများကို ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အာလူးအခွံချောမွေ့မှုသည် ပိုမိုအရေးကြီးလာပါသည်။ မျက်နှာပြင်တွင် ရောဂါများပါသော အာလူးသည် ဆွဲဆောင်မှုနည်းပါးရုံသာမက သိုလှောင်သက်တမ်းကိုလည်း တိုစေပါသည်။


အာဟာရမှန်ကန် ညီညွတ်မျှတစွာထည့်ပေးခြင်းသည် အရေပြားပုံစံမမှန်ဖြစ်ခြင်းကို လျော့နည်း စေပြီး အခွံကိုကောင်းမွန်စေပါသည်။ ကယ်လစီယမ်သည် အာလူးအခွံကို အားဖြည့်ပေးပြီး ရောဂါများကို ကောင်းစွာခံနိုင်ရည်ရှိအောင်ဆောင်ရွက်ပေးပါသည်။ ဘိုရွန်သည် ကယ်လစီယမ်၏ စုပ်ယူမှုအားကို မြှင့်တင်ပေးပြီး သာမန်အကြေးဖတ်ဖြစ်ခြင်းနှင့် အခြားအာလူးရောဂါများကို လျော့ကျစေပါသည်။ ဇင့်သည် အမှုန့်ကဲ့သို့အကြေးဖတ်များကို လျော့နည်းစေပြီး ဆာလဖါသည် အမှုန့်ကဲ့သို့အကြေးဖတ်နှင့် သာမန်အကြေးဖတ်ဖြစ်ပွားမှုနှစ်မျိုးလုံးကို လျော့နည်းစေပါသည်။



သိုလှောင်မှုနှင့် ချက်ပြုတ်မှုအရည်အသွေး


သိုလှောင်မှုနှင့်ချက်ပြုမှုအရည်အသွေးကို လျစ်လျူရှုထား၍ မရနိုင်ပါ။ နိုင်ငံအများစုတွင် တနှစ်ပတ်လုံး အဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် အာလူးကိုသိုလှောင်ကြသဖြင့် သီးနှံရိတ်သိမ်း လိုက်သော်လည်း ကိစ္စများမပြီးသေးပါ။ ပွန်းပဲ့နိုင်မှု၊ အရောင်ပျက်နိုင်မှူနည်းသည့် အာလူးများသည် ချက်ပြုတ်နိုင်သည့် အရည်အသွေးကို သိသာထင်ရှားစွာထိန်းထားပြီး သိုလှောင်နိုင်ပါသည်။


သီးနှံမရိပ်သိမ်းမီ အာဟာရညီမျှမှု မှန်ကန်စေရန် ပြုလုပ်ပေးခြင်းသည် အာလူး၏ သိုလှောင်မှုနှင့် ချက်ပြုတ်မှု အရည်အသွေကို လွှမ်းမိုးမှုရှိပါသည်။ ပိုတက်စီယမ်၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဘိုရွန်တို့သည် အာလူးဥပွန်းပဲ့ခြင်းနှင့် အင်ဇိုင်းကြောင့် အနက်ရောင်ဖြစ်ခြင်းတို့ကို လျော့နည်း စေခြင်းဖြင့် အာလူး၏ သိုလှောင်မှုနှင့် ချက်ပြုတ်မှု အရည်အသွေးတို့အတွက် ကောင်းကျိုးများ ရှိပါသည်။


အာလူးအတွက် ထောက်ခံအကြံပြုထားသော ယာရာမြေသြဇာများ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅