fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအထွက်နှုန်းတိုးမြှင့်ခြင်း

အာလူးအထွက်နှုန်းအတွက် အဓိကကျသော အချက်နှစ်ခုမှာ ယူနစ်ဧရိယာတွင်ရှိသော အာလူးအရေအတွက်နှင့် အာလူးအရွယ်အစား (သို့မဟုတ်) အလေးချိန်ဖြစ်ပါသည်။

သင့်တော်သော အာလူးအရေအတွက်ကို ရရှိမှု၊ စိမ်းနေသော ရွက်ပြန့်ကို ထိန်းသိမ်းထားနိုင်မှုနှင့် အာလူးအရွယ်အစားနှင့် အလေးချိန်တိုးလာမှုတို့ကြောင့် အထွက်နှုန်းတိုးလာပါသည်။ အများလို အာဟာရများနှင့် အနည်းလိုအဟာရများပါဝင်သော မျှတသော သီးနှံအဟာရအစီအစဉ်သည် ထိုအချက်များကို စီမံခန့်ခွဲရာတွင် ကူညီရန် အရေးပါလှပါသည်။


သီးနှံအာဟာရနှင့် အာလူးအထွက်နှုန်း


ပိုတက်စီယမ်သည် အာလူးသီးနှံမှ အကျယ်ပြန့်ဆုံးအသုံးပြုသော ဒြပ်စင်ဖြစ်ပြီး အာလူး အထွက်မြင့်မားရန်အတွက် နိုက်ထရိုဂျင်နှင့်အတူ ပမာဏအများဆုံးလိုအပ်ပါသည်။ ဖော့စဖိတ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်လိုအပ်ချက်များမှာ နည်းပါးပါသည်။ ဖယ်ရှားမှုသည် စိုက်ခင်းတစ်ခုနှင့် တစ်ခုအကြား ကွဲပြားပြီး အထွက်နှုန်းအပေါ် မူတည်သော်လည်း အာလူးသည် ပိုတက်စီယမ်ကို နိုက်ထရိုဂျင်ထက် ၅၀ ရာခိုင်နှုန်းခန့်ပိုမိုသုံးစွဲနိုင်ပါသည်။ ဤဂရပ်တွင် တွေ့မြင်ရသည့် အတိုင်း တစ်ဟက်တာတွင် ၃၅ တန်ရှိသော သီးနှံသည် တစ်ဟက်တာတွင် ပိုတက်စီယမ် ၂၀၀ ကီလိုဂရမ်နှင့် နိုက်ထရိုဂျင် တစ်ဟက်တာလျှင် ၁၁၅ ကီလိုဂရမ် ဖယ်ရှားနိုင်ပါတယ်။

 

 

နေ့စဉ်နှုန်းထား- အာလူးအပင်တစ်ခုလုံး


အာဟာရစုပ်ယူမှုသည်အပင်၏ကြီးထွားမှုအဆင့်နှင့်လိုက်ပြီး ကွဲပြားပါသည်။ အများလို အာဟာရ ဓာတ်ကို ကြီးထွားမှု အစောပိုင်းကာလနှင့် အထွက်နှုန်းနှောင့်နှေးမှုများကို ရှောင်ရှားရန် ပမာဏ များပြားစွာလိုအပ်ပါသည်။ အပင်မှလိုအပ်သော လုံလောက်သောအဟာရပမာဏကို ရရှိနိုင်ရန် အရေးကြီးပါသည်။ ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင်တို့ကို ပင်ပိုင်းကြီးထွားတလျောက်လုံး၊ အာလူးဥဖြစ်ပေါ်ချိန်နှင့် ကြီးထွားချိန်တို့တွင် လိုအပ်ပါသည်။

 

နေ့စဉ်နှုန်းထား-အာလူးဥ



ပိုတက်စီယမ်သည် အထွက်နှုန်းကောင်းစွာရရှိရန်အတွက် အလွန်အရေးကြီးသကဲ့သို့ အာလူးဥတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန်အတွက်လည်း အရေးကြီးပါသည်။ ပိုတက်စီယမ်ကို အလျှံပယ်စားသုံးခြင်းသည် အာလူး၏ သဘာဝဖြစ်ပါသည်။ နိုက်ထရိုဂျင်သည် အရွက်နှင့် အာလူးဥကြီးထွားမှူအတွက် အရေးကြီးပါသည်။ ပိုတက်စီယမ်ကဲ့သို့ပင် နိုက်ထရိုဂျင် အများစုသည်လည်း အာလူးဥကြီးထွားချိန်တွင် အရွက်မှ အာလူးဥသို့ ပြန်လည်ပို့ပေးပါသည်။ ကြီးထွားမှူအစောပိုင်းကာလများတွင် အမြစ်နှင့် အာလူးဥတွဲများကို အားပေးရန် ဖော့စဖိတ်ကို အခြားအာဟာရများထက် အများအပြား လိုအပ်ပါသည်။ ထို့နောက် နောက်ပိုင်းကာလများတွင် အာလူးကြီးထွားမှုအတွက်လိုအပ်ပါသည်။


အာလူးတွင် အနည်းလိုအဟာရစုတ်ယူမှု


အနည်းလိုအဟာရများဖယ်ရှားမှု


အနည်းလိုအဟာရကို အလွန်နည်းပါးသောပမာဏသာ လိုအပ်သော်လည်း သီးနှံထုတ်လုပ်မှူ အရည်အသွေးအတွက် မှန်ကန်မျှတရန် လိုအပ်ပါသည်။


အလွန်နည်းပါးသော ပမာဏကိုသာ လိုအပ်သော်လည်း မျှတသောသီးနှံအဟာရဗျူဟာသည် မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းတို့သည် အထွက်နှုန်းအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်များ ဖြစ်သောကြောင့် မှန်ကန်မျှတသော အနည်းလိုအဟာရများ ပါဝင်သင့်ပါသည်။ အာလူးအတွက် အရေးအကြီးဆုံး အနည်းလိုအဟာရဓါတ်များမှာ ဘိုရွန်၊ ကော့ပါး၊ မဂ္ဂနစ်နှင့် ဇင့်တို့ဖြစ်ပါတယ်။

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅