fbpx

တောင်သူအသုံးဝင် ကိရိယာများ

မြေဆီလွှာစီစစ်လေ့လာခြင်း - ကန့်သတ်ချက်များကို ဖော်ထုတ်ရန်

မြေဆီလွှာစီစစ် လေ့လာခြင်းသည် မိမိတို့၏ မြေဆီလွှာနှင့် သီးနှံများကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်ရန် မြေဆီလွှာ၏ ဓါတုဂုဏ်သတ္တိ၊ ရူပဂုဏ်သတ္တိနှင့် ဇီဝဆိုင်ရာ အချက်အလက်များ၏ နောက်ကွယ်၌ရှိသောအသိပညာကို ဖော်ထုတ်ပေးသည်။

 

မည်သည့်အတွက်ကြောင့် မြေဆီလွှာ စီစစ်လေ့လာခြင်းအား အသုံးပြုသနည်း။


မြေဆီလွှာစစ်ဆေးခြင်းရလဒ်များကဲ့သို့သော တိကျသည့်အချက်အလက်များကို ရယူခြင်းနှင့် အသုံးပြုနိုင်ခြင်းသည် စိုက်ပျိုးရေး၊ ဥယျာဉ်ခြံစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် သာယာဝပြောရေး အခန်းကဏ္ဍများအတွက်၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးပါသော အချက်ဖြစ်သည်။
အပင်နှင့်သီးနှံအထွက်နှုန်းအတွက် ၎င်းသည် တိကျသော၊ အချိန်ကိုက်သော၊ တဖြည်းဖြည်း အရေးပါလာသည့်ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို ပေးစွမ်းနိုင်သော မြေသြဇာထည့်သည့်အစီအစဉ်ကို ချမှတ်ပေးစေနိုင်သည်။
အတိုချုပ်အားဖြင့် မြေဆီလွှာစီစစ်ခြင်းသည် အမျိုးမျိုးသော သီးနှံအာဟာရအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိကျခြင်း၊ သက်သာခြင်း၊ ငွေကြေးကို ထိထိရောက်ရောက် သုံးစွဲနိုင်ခြင်းနှင့် တာဝန်ယူခြင်းများ ရှိစေရန်၊အရေးပါသည့်အချက်အလက်များကို ထောက်ပံ့ပေးနိုင်သည်။

မည်သည်ကို စီစစ်လေ့လာရမည်နည်း။


စီစစ်လေ့လာရာတွင် အလုပ်အများဆုံးနှင့် ကုန်ကျစရိတ်အများဆုံးအချက်သည် နမူနာရှာဖွေခြင်းနှင့် ဓါတ်ခွဲခန်းသို့ နမူနာအား တင်ပို့ခြင်းဖြစ်သည်။ နမူနာရောက်ရှိပြီးသည်နှင့် နမူနာမှ သတင်းအချက်အလက်များ ရနိုင်သလောက် ရယူနိုင်ရန် စီစစ်မှုများကို ကျယ်ပြန့်စွာပြုလုပ်နိုင်သည်။


အာဟာရဓါတ် စီစစ်လေ့လာခြင်း

မြေဆီလွှာ စီစစ်လေ့လာခြင်းသည် ရရှိနိုင်သော အာဟာရဓါတ်များစာရင်းကို ထောက်ပံ့ပေးနိုင်ပြီး အာဟာရစီမံခန့်ခွဲရေး အစီအစဉ်ကို တည်ဆောက်နိုင်ရန် နောက်ကွယ်မှအချက်အလက်များ ထောက်ပံ့ပေးသည်။ အင်္ဂလန်နိုင်ငံတွင်ပြုလုပ်သော အခြေခံမြေဆီလွှာ စီစစ်လေ့လာရေးတွင် ဖော့စဖိတ်ဓါတ်၊ ပိုတက်စီယမ် (ပြာဓါတ်)၊ မဂ္ဂနီစီယမ်ဓါတ်နှင့် pH (မြေချဉ်/ငံကိန်း) တို့ပါဝင်သော်လည်း အခြားသော အာဟာရဓါတ်များသည် ကြီးထွားမှုနှုန်းကို ကန့်သတ်စေနိုင်သောကြောင့် ထိုစီစစ်လေ့လာချက်တွင် လိုအပ်သော အချက်အလက်များကိုသာ ထောက်ပံ့ပေးထားသည်။ မြေနမှုနာမှ အကျိုးအမြတ် အများဆုံးရရှိရန် ဘရုတ်စပထရမ် စီစစ်လေ့လာမှုကို အပြည့်အဝသုံး၍ အာဟာရဓါတ်အားလုံးကို စီစစ်လေ့လာရန် အရေးကြီးသည်။

ဓါတုဂုဏ်သတ္တိနှင့် ရူပဂုဏ်သတ္တိကို စီစစ်လေ့လာခြင်း

အခြားသော မည်သည့် မြေဆီလွှာစီမံခန့်ခွဲခြင်း ဆုံးဖြတ်ချက်များ၊ သို့မဟုတ် အာဟာရ မြေသြဇာထည့်သော ဗျူဟာများကို မချမှတ်မီ၊ မြေဆီလွှာ၏ ဓါတုဂုဏ်သတ္တိနှင့် ရူပဂုဏ်သတ္တိတို့၏ သွင်ပြင်လက္ခဏာများကို ဆင်ခြင်ရန် လိုအပ်သည်။ pH (မြေချဉ်/ငံ ကိန်း) ၊ CEC (လျှပ်စစ်အမဓါတ် အစားထိုးလဲလှည်နိုင်သော ပမာဏ) နှင့် မြေသား အနု/အကြမ်း ၎င်းတို့အားလုံးသည် မိမိ၏မြေဆီလွှာနှင့် သီးနှံများကို စီမံခန့်ခွဲရာတွင် အကျိုးသက်ရောက်မှုရှိသည်။

ဇီဝဆိုင်ရာ စီစစ်လေ့လာခြင်း


မြေဆီထဲရှိ သက်ရှိအနုဇီဝများ ရှင်သန်နေခြင်းသည် ကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် အရေးပါသည်။ ၎င်းတို့သည် တစိတ်တပိုင်း ဆွေးမြေ့နေသာ သြဂဲနစ်များ၊ သြဂဲနစ်ပစ္စည်းများနှင့် မြေမှုန်များမှ အာဟာရများကို ပြန်လည်အသုံးပြုနိုင်ရန် ကူညီလုပ်ဆောင်ပေးပြီး အပင်များ စားသုံးနိုင်ရန်အတွက် ကူညီလုပ်ဆောင်ပေးသည်။ သြဂဲနစ်ပစ္စည်းနှင့်အတူ၊ ဇီဝဆိုင်ရာ စီစစ်လေ့လာခြင်းသည် မြေဆီလွှာ၏ အလုံးစုံသော ကျမ်းမာရေးနှင့် ၎င်းမြေဆီလွှာတွင် အထွက်နှုန်းမြင့်မားစေရန်၊ အရေအသွေးမြင့် သီးနှံများထွက်ရှိစေနိုင်ရန် အလားအလာကောင်းများကို ထောက်ပံ့ပေးသည်။

 မြေဆီလွှာစီစစ်လေ့လာခြင်းကို စိတ်ဝင်စားပါသလား။
 ကျွန်ုပ်တို့၏ မြေဆီလွှာစီစစ်လေ့လာမှုရလဒ် အစုံလိုက်အစီအစဉ်များ၏ အကြောင်းကို စီစစ်လေ့လာရေး ဓါတ်ခွဲခန်းသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဖုန်း - +၄၄ ၁၇၅၉ ၃၀၅၁၁၆ (သို့) This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။

 

မည်သည့် စီစစ်မှုရလဒ် အစုံလိုက်အစီအစဉ်များ ရရှိနိုင်မည်နည်း။


ဆွိုင်းဘရုတ်စပတ်ထရမ် (BS)

ဤရလဒ်အစီအစဉ်တွင် အပင်အာဟာရ ဆယ့်နှစ်မျိုးလုံးကို ဖော်ပြထားပြီး အာဟာရချို့တဲ့မှု မရှိစေရန် သေချာသောကြောင့် လူကြိုက်အများဆုံး မြေဆီလွှာစီစစ်မှု အစုံလိုက် အစီအစဉ်ဖြစ်ပြီး CEC ၊ pH (မြေချဉ်/ငံ ကိန်း)နှင့် ထုံးဓါတ်လိုအပ်ချက် တွက်ချက်မှုများ ပါဝင်သည်။ ဤထုတ်ပြန်ချက်တွင် ရလဒ်များအား စံညွှန်းအလိုက် နှိုင်းယှဉ်ပြသထားပြီး အာဟာရချို့တဲ့မှုကို မှန်ကန်စေနိုင်ရန် အကြံပြုချက်များကိုလည်း ထည့်သွင်းပေးထားသည်။ ဤစီစစ်လေ့လာမှု ရလဒ်တွင် ပါဝင်သော အာဟာရဓါတ်များမှာ -
ဖော့စဖိတ်ဓါတ်၊ ပိုတက်စီယမ် (ပြာဓါတ်)၊ ကယ်စီယမ် (ထုံးဓါတ်)၊ မဂ္ဂနီစီယမ်ဓါတ်၊ ဆာလဖာဓါတ်၊ လက်ချားဓါတ် (ဘိုရွန်)၊ ကော့ပါးဓါတ်၊ သံဓါတ်၊ မဂ္ဂနီစ်ဓါတ်၊ မိုလိုက်ဒီနမ်ဓါတ်၊ ဇင့်ဓါတ်၊ ဆိုဒီယမ်ဓါတ်၊ CEC ၊ pH (မြေချဉ်/ငံ ကိန်း) နှင့် ထုံးဓါတ်လိုအပ်ချက် တို့ဖြစ်သည်။


ဆွိုင်းဘရုတ်စပထရမ် အိစ်ထရာ (BSE)


ဤရလဒ်အစီအစဉ်သည် ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော မြေဆီလွှာ ဓါတုဂုဏ်သတ္တိနှင့် ရူပဂုဏ်သတ္တိစီစစ်မှု ရလဒ်အစုံလိုက်နှင့် အပင်အာဟာရ ဆယ့်နှစ်မျိုးလုံးနှင့်အတူ CEC ၊ pH ၊ ထုံးဓါတ်လိုအပ်မှု၊ သြဂဲနစ်ပစ္စည်းနှင့် မြေသား အနု/အကြမ်း ခွဲခြားမှုများ ပါဝင်သည်။ ဤထုတ်ပြန်ချက်တွင် ရလဒ်များအား စံညွှန်းအလိုက် နှိုင်းယှဉ်ပြသထားပြီး အာဟာရချို့တဲ့မှုကို ရှောင်ရှားနိုင်ရန်အတွက် အကြံပြုချက်များထည့်သွင်းပေးထားသည်။ ဤစီစစ်လေ့လာမှုတွင် ပါဝင်သော အာဟာရဓါတ်များမှာ -
ဖော့စ ဖိတ် ဓါတ်၊ ပိုတက်စီယမ် (ပြာဓါတ်)၊ ကယ်စီယမ် (ထုံးဓါတ်)၊ မဂ္ဂနီစီယမ်ဓါတ်၊ ဆာလဖာဓါတ်၊ လက်ချားဓါတ် (ဘိုရွန်)၊ ကော့ပါးဓါတ်၊ သံဓါတ်၊ မဂ္ဂနီစ်ဓါတ်၊ မိုလိုက်ဒီနမ်ဓါတ်၊ ဇင့်ဓါတ်၊ ဆိုဒီယမ်ဓါတ်၊ CEC ၊ pH (မြေချဉ်/ငံကိန်း) ၊ ထုံးဓါတ်လိုအပ်ချက်များ ထို့အပြင် သြဂဲနစ်ပစ္စည်း၊ သဲ %၊ နုန်းမြေ%၊ ရွှံ့စေး% နှင့် မြေသား အနု/အကြမ်း ခွဲခြားခြင်းများ ပါဝင်သည်။

ဆွိုင်းဘိုင်အိုလော်ဂျီဘေးစစ် (SBB)


ဘတ်တီးရီးယားစုစုပေါင်း၊ မှိုစုစုပေါင်းနှင့် အချိုးများ

ဆွိုင်းဘိုင်အိုလော်ဂျီ အိစ်ထရာ (SBE)

ဘတ်တီးရီးယားစုစုပေါင်း၊ မှိုစုစုပေါင်း၊ သက်ရှိဘတ်တီးရီးယားများ၊ သက်ရှိမှိုများ၊ ဟိုင်ဖာအချင်း (Hyphal Diameter) နှင့် အချိုးများ


ဆွိုင်းဘိုင်အိုလော်ဂျီ ကွန်ပလိ (SBC)


ဘတ်တီးရီးယားစုစုပေါင်း၊ မှိုစုစုပေါင်း၊ သက်ရှိဘတ်တီးရီးယားများ၊ သက်ရှိမှိုများ၊ ဟိုင်ဖာအချင်း (Hyphal Diameter)၊ အချိုးများ၊ ပရိုတိုဇိုးဝါ (ဖလက်ဂျလိတ်များ၊ အမီးဘားများ၊ ဆီလီရိတ်များ)


အန်နီးမဲဟဲလ်ဆွိုင်း (AHS)


ဖော့စဖိတ်ဓါတ်၊ ပိုတက်စီယမ် (ပြာဓါတ်)၊ ကယ်စီယမ် (ထုံးဓါတ်)၊ မဂ္ဂနီစီယမ်ဓါတ်၊ ဆာလဖာဓါတ်၊ လက်ချားဓါတ် (ဘိုရွန်)၊ ကော့ပါးဓါတ်၊ သံဓါတ်၊ မဂ္ဂနီစ်ဓါတ်၊ မိုလိုက်ဒီနမ်ဓါတ်၊ ဇင့်ဓါတ်နှင့် ဆိုဒီယမ်ဓါတ်၊ ကိုဘတ်ဓါတ်၊ အိုင်အိုဒင်းဓါတ်၊ CEC ၊ pH (မြေချဉ်/ငံကိန်း) ၊ ထုံးဓါတ်လိုအပ်ချက်


အန်နီးမဲဟဲလ်ဆွိုင်း (Se) (AHSa)

ဖော့စဖိတ်ဓါတ်၊ပိုတက်စီယမ် (ပြာဓါတ်)၊ကယ်စီယမ် (ထုံးဓါတ်)၊မဂ္ဂနီစီယမ်ဓါတ်၊ဆာလဖာဓါတ်၊လက်ချားဓါတ် (ဘိုရွန်)၊ကော့ပါးဓါတ်၊သံဓါတ်၊မဂ္ဂနီစ်ဓါတ်၊မိုလိုက်ဒီနမ်ဓါတ်၊ဇင့်ဓါတ်နှင့်ဆိုဒီယမ်ဓါတ်၊ကိုဘတ်ဓါတ်၊စီလီနီယမ်ဓါတ်၊ CEC ၊ pH (မြေချဉ်/ငံကိန်း) ၊ထုံးဓါတ်လိုအပ်ချက်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅