fbpx

တောင်သူ့အသံ

ညီမျှသော သီးနှံအာဟာရနှင့် အရည်အသွေးမြင့် ငရုတ်သီး

အပင်သက်တမ်းနဲ့အညီ မြေသြဇာထည့်သွင်းခြင်းဖြင့် အရည် အသွေးမြင့် သီးနှံရ ရှိစေမှာပါ။
စိုက်ပျိုးချိန်မှစတင်ကာ ခူးဆွတ်ချိန်ထိလိုအပ်သော မြေသြဇာများကို ထည့်သွင်း ပေးခြင်းအားဖြင့် တောင်သူတို့ရဲ့ စိုက်ပျိုးသီးနှံတွေ အရည်အသွေးမြင့်ပြီး အထွက်တိုးတာကို သိသိသာသာမြင်တွေ့ရမှာပါ။


ယာရာကြောင့် ကျေနပ်စရာကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ ငရုတ်သီးနှံ
ယာရာရဲ့ မြေသြဇာထည့်သွင်း နည်းစနစ်များကြောင့် ငရုတ်သီးများ အထွက် ကောင်းခဲ့ပါတယ်။ အရည်အသွေးကောင်းလို့ ဈေးကောင်းလည်း ရခဲ့ပါတယ်။


ယာရာနဲ့အတူ စိုက်ပျိုးချိန်မှခူးဆွတ်ချိန်ထိ အောင်မြင်မှုတွေကိုရယူလိုက်ပါ
တောင်သူဗဟိုပြုနည်းတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ပေးနေတဲ့ယာရာမြန်မာကြောင့် စိုက်ပျိုးချိန်မှစတင်ကာ ခူးဆွတ်ရောင်းချသည်အထိ အကျိုးအမြတ်များကို ရယူလိုက်ပါ။

Chili in Myanmar
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စင်းကွန်းကျေးရွာက တောင်သူ ဦဇော်မင်းဦးနဲ့ ဒေါ်ဝင်းဆွေတို့ရဲ့ ငရုတ်သီးစိုက်ခင်းမှာ ယာရာရဲ့ မြေသြဇာ ကျွေးနည်းစနစ်တွေကို သုံးပြီး စမ်းသပ်စိုက်ကွက် ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာသန်စွမ်းပြီး ဈေးကွက်ဝင်ငရုတ်ကြောင့် ခိုင်မာတဲ့ဈေးကွက်တစ်ခုရရှိခဲ့တယ်

ကျောက်ဆည်မြို့နယ်၊ စင်းကွန်းရွာမှာနေထိုင်တဲ့ တောင်သူ ဦဇော်မင်းဦးနဲ့ ဒေါ်ဝင်းဆွေတို့ကတော့ မိရိုးဖလာငရုတ်စိုက် တောင်သူတွေဖြစ်ပါတယ်။

သူတို့ရဲ့ စိုက်ခင်းတွေမှာ အထွက်တိုးဖို့အတွက် ယာရာရဲ့ နည်းစနစ် တွေကိုသုံးပြီး စမ်းသပ်စိုက်ကွက် ပြုလုပ်ခဲ့တဲ့အခါမှာတော့ ပုံမှန်စိုက်ခင်းတွေထက် ယာရာစိုက်ခင်းက အရွက်ပိုအားကောင်းပြီး စိမ်းစိုနေတာ၊ ဖျက်ပိုးကျရောက်မှု နည်းတာ အထွက်နှုန်းပိုမိုသာလွန်တာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုကို တွေ့မြင်ခဲ့တဲ့အတွက် လာမယ့်နှစ်စိုက်ပျိုးရာသီတွေ ရောက်ရင်လည်း ယာရာကိုပဲအသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ပုံမှန်စိုက်ခင်းနဲ့ ယာရာအသုံးပြုစိုက်ခင်းနှစ်ခု ယှဉ်ပြိုင်ရာဝယ်
ငရုတ်စိုက်တောင်သူတွေဘ၀ ပိုမိုဖွံ့ဖြိုးလာဖို့ ယာရာမြန်မာကပညာရှင်တွေ ကိုယ်တိုင် တောင်သူ့ စိုက်ခင်းထံကွင်းဆင်းပြီးတော့ ယာရာစိုက်ကွက်နဲ့ ယှဥ်ပြိုင်စိုက်ကွက်ဆိုပြီး စမ်းသပ်စိုက်ကွက်နှစ်ခုပြုလုပ်ခဲ့ ပါတယ်။ သီးနှံကို မြေသြဇာစတင်ကျွေးရာမှာတော့ ယာရာအနေနဲ့ ၈ကြိမ်ကျွေးခဲ့ပြီး ယှဥ်ပြိုင်စိုက်ကွက်က (၅) ကြိမ်ကျွေးပါတယ်။ မြေသြဇာအတွက်ကုန်ကျစရိတ်မှာ ယာရာက (၆) သိန်းခန့်ကုန်ကျပြီး ယှဥ်ပြိုင်စိုက်ကွက်ကတော့ (၃) သိန်းခန့် ကုန်ကျခဲ့ပါတယ်။ သီးနှံထွက်တဲအ့ ခါ မှာတော့ ယာရာကစိုက်ခဲ့တဲ့ ငရုတ် (အခြောက်) တစ်ဧကမှာ (၁၈၃၃) ပိဿာထွက်ရှိခဲ့ ပြီး တော့ ယှဥ်ပြိုင်စိုက်ကွက်စိုက်တဲ့တစ်ဧကက (၁၅၀၀) ပိဿာထွက်ရှိခဲ့လို့ အထွက်နှုန်း ပိုင်းမှာ ယာရာက (၃၃၃) ပိဿာကျော် ပိုထွက်ပြီး ဈေးကွက်တင်ရောင်းချ ရာမှာလည်း ယာရာစိုက်ကွက်မှာ သိန်း (၅၀)ကျော် ရရှိပြီးတော့ ယှဥ်ပြိုင်စိုက်ကွက်မှာ သိန်း (၄၀) ကျော်ရရှိခဲ့တဲ့အတွက် ငွေကြေး ရရှိမှု ကွာခြားချက် (၁၀) သိန်း ခန့်ရှိခဲပြီး အသားတင်အမြတ်ငွေ (၆) သိန်းကျော်ကို ယာရာစိုက်ကွက်က ရရှိ ခဲ့ပါတယ်။

Chili in Myanmar

သီးနှံ အတွက်အာဟာရကျွေးတဲ့အခါမှာ မှန်ကန်ဖို့လိုပါတယ်
ငရုတ်စိုက်ခင်းတွေကို စတင်လုပ်ဆောင်တဲ့အခါမှာ တဧကစာမြေခံအတွက် အတွက်ကို ယာရာမီလာ ထရိုင်စတား (၅၀)ကီလိုဂရမ်ကို စတင်အသုံးပြုပေးဖို့လိုပါတယ်။ ပန်းမပွင့်ခင်အချိန်မှာတော့ ယာရာမီလာကွန်းပလစ် (၁၀၀) ကီလိုဂရမ်နဲ့ ယာရာလီဗာနိုက်ထရာဘော (၃၀) ကီလိုဂရမ်ကို သုံးပေးရပါမယ်။ အသီကြီးထွားချိန်မှာတော့ ယာရာမီလာဝင်းနား (၁၀၀) ကီလိုဂရမ်နဲ့ ယာရာလီဗာ နိုက်ထရောဘော (၃၀) ကီလိုဂရမ်ကို ထည့်သွင်းအသုံးပြုရပါတယ်။ နောက် ဆုံးအဆင့် ခူးဆွတ်ပြီးချိန်တိုင်းမှာတော့ ယာရာမီလာဝင်းနား (၅၀)ဂရမ်နဲ့ ယာရာလီဗာ နိုက်ထရာဘော (၄၀) ကီလိုဂရမ်ကို အသုံးပြုပေးတဲ့အခါမှာ အကြိမ်ကြိမ်ခူးဆွတ်ရပါတယ်။ ငရုတ်အတွက် ကောင်းမွန်ပြည့်စုံတဲ့ အာဟာရကိုရရှိလို့ အရည်အသွေးနဲ့ အထွက်နှုန်း ကောင်းမွန်တာကို ရရှိစေပါတယ်။

ယာရာကပေးတဲ့ငရုတ်သီးနှံ အရည်အသွေးကောင်းမွန်မှုဆိုတာ
တောက်ပတဲ့ငရုတ်ရဲ့ အသီးအရောင်၊ စံနှုန်းမြင့်အခွံ ချောမွေ့မှု အရည်အသွေး ပြည့်ဝတဲ့အပင်တွေရဖို့ ယာရာမီလာနဲ့ ယာရာလီဗာနိုက်ထရောဘောက ကူညီပေးပါတယ်။ စိုစွတ်သောမြေကြီး (သို့မဟုတ်) နှင်းကျများတဲ့ အချိန်တွေမှာ ကြဲပက်နိုင်ပါတယ်။ အပင်အတွက်လိုအပ်တဲ့ အာဟာရတွေ ရရှိတဲ့အတွက်ကြောင့် သီးနှံအရည်အသွေပိုမိုကောင်း မွန်ပြီး သယ်ယူပို့ဆောင် ရောင်းချရာ မှာလည်း သီးနှံထိခိုက်မှု လျော့နည်းလို့ တောင်သူ မျက်နှာပန်းလှစေပါတယ်။

ငရတ်သီးအရည်အသွေးကောင်းမွန်မှုနဲ့ အထွက်နှုန်းမြင့်တက်စေတဲ့ ယာရာလီဗာ
ယာရာလီဗာကတော့အပြည်ပြည်ဆိုင်ရာထိပ်တန်းစံသတ်မှတ်ချက်များနဲ့ ထုတ်လုပ်ထားတဲ့အပြင် ဥပရောပအခြေစိုက် နော်ဝေနိုင်ငံကနေ ထုတ်လုပ်တင်သွင်းတဲ့ အတွက်ကြောင့် အရည်အသွေးပိုင်းမှာ ထိပ်တန်းဖြစ်ပြီး တောင်သူဦးကြီး တွေအားလုံး အကြိုက်တွေ့စေမှာပါ။ ငရုတ်သီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မှဲ့ပြောက်စွန်းရောဂါ ကိုခံနိုင်ရည်ရှိစေပြီး အသီးအက်ကြောင်းထခြင်းကိုလည်းလျော့ ချပေးတဲ့ အားသာချက်တွေရှိပါတယ်။ ယာရာလီဗာမှာ ကယ်လ်စီယမ်ဓာတ်များ စွာပါဝင်ခြင်းက ဆဲလ်နံရံတွေကိုရှည်ထွက် ခိုင်ခံ့စေတာကြောင့်အသီးကွဲထွက်ခြင်းမှ ကင်းဝေးစေတဲ့အပြင် အထွက်နှုန်းတိုးတာကြောင့် တောင်သူဦးကြီးတွေအားလုံး အကြိုက်တွေ့နေကြပါပြီ။

Chili in Myanmar

 

မိရိုးဖလာ ငရုတ်စိုက်ပျိုးခြင်း
ကျွန်တော်တို့အနေနဲ့ ငရုတ်စိုက်ပျိုးနေတာ နှစ်(၃၀) လောက်ရှိပြီ။ အရင်တုန်း ကတော့ ရိုးရာအတိုင်း စိုက်ပျိုးနည်းစနစ်တွေနဲ့ စိုက်ကြတယ်။ အခုနောက် ပိုင်းမှာတော့ နည်းပညာတွေ တိုးတတ်လာတဲ့ အခါမှာ နည်းစနစ်လေးတွေနဲ့ ပြောင်းလဲစိုက်ပျိုးလာတာတွေရှိတယ်။စိုက်ပျိုးလာတဲ့ သက်တမ်းတစ်လျောက်မှာတော့ အရှုံးဆိုတာ နည်းတယ်။ ဈေးကောင်းရရင်ရသလို အကျိုးအမြတ်များတယ်။ ဈေးကောင်းရတယ်ဆိုရင်တော့ တောင်သူတွေအနေနဲ့ စိုက်ရတာပိုအားရှိတယ် အခုနောက်ပိုင်းမှာ ဆိုရင် ငရုတ်ဈေးကွက်တော်တော်လေးရလာ တော့ကျွန်တော်တို့အနေနဲ့ဆေးဝါး၊ မြေသြဇာ အသုံးပြုတာကအစ ကောင်းတာလေးကို ပိုပြီးရွေး ချယ်ဖြစ်တယ်။ ကျွန်တော်တို့ တောင်သူတွေ အတွက် စိုက်ပျိုးရေးကဘဝပါ။ မိသားစုအသက်မွေး ဝမ်းကျောင်း စီးပွားရေးနဲ့ ကလေးပညာရေးကအစ ဒီစိုက်ပျိုးရေးကနေဖြစ်တည်တာဆိုတော့ကျွန်တော် တို့အတွက် အရမ်း အရေးပါပါတယ်။

စိုက်ခင်းကောင်းဖို့ မျိုးစေ့လိုအပ်ချက်တွေကလည်း အဓိကကျတယ်

ငရုတ်စိုက်တဲ့အခါမှာ မျိုးစေ့က အရမ်းအရေးပါတယ်။ တောင်သူတွေအနေနဲ့ ငရုတ်မျိုးစေ့ကောင်းတွေ့ရဖို့ လိုအပ်သလို မြေသြဇာကောင်း၊ ဆေးဝါးကောင်းတွေလည်း လိုအပ်တယ်။ အခုငရုတ်စိုက်ဖို့ဆိုရင် ကျောက်ဆည်ဘက် က ငရုတ်မျိုးစေ့ကို ဝယ်သုံးရတယ်။ မျိုးစေ့ထုပ်က ပါကင်ပိတ်ဆိုတော့ ဝယ်စိုက်ပြီးမထွက်မှာကို စိုးရိမ် နေရတယ်။ မျိုးစေ့ရရှိဖို့ခက်ခဲလာသလိုရလာ တဲ့မျိုးစေ့ကလည်း အတုအပဖြစ်မှာလည်း ကြောက် ရတယ်။ ဒီကြားထဲရာသီဥတုဖောက်ပြီး ပိုးကပ်ရင်လည်း ငရုတ်ကမထွက်သလိုမိုးများရင်လည်း အပင်သေတာကြောင့် ဂရုစိုက်ရသလို အပင်အတွက် ရေတင်တာကအစ သတိပြုပြီးလုပ်ရတယ်။

ပြည်ပဝယ်လိုမှုမြင့်တက်လာတဲ့ ငရုတ်အစို

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှထွက်တဲ့ ငရုတ် အစိုကို ပြည်ပနိုင်ငံများကို ပြည်ပအိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်နဲ့ တရုတ်နိုင်ငံတို့က ဝယ်ယူလာတဲ့အတွက်ကြောင့် ငရုတ်စိုက်တောင်သူတွေ တွက်ခြေကိုက်တဲ့ နှစ်ဖြစ်လာခဲ့ပါပြီ။ ငရုတ်အစိုအတိုင်းကိုပင် ဈေးကောင်းပေးကာ ဝယ်လာကြတဲ့ အတွက်ကြောင့် ဈေးနှုန်းမြင့်တက်နေတဲ့ အပေါ်မှာတောင်သူဘက်ကလည်း ငရုတ်စိုအတိုင်းကို ဦး စားပေးရောင်းချလာကြပါတယ်။ ငရုတ်စိုက်ပျိုးရေးလုပ်ငန်းမျာ စိုက်ပျိုးချိန်မှာ ၁နှစ် ခန့်ကြာမြင့်ပါတယ်။ စတင်ခူးဆွတ်နိုင်ချိန် အပင်ပြုစုမှုကောင်းမွန်ပါကတပတ်လျှင် တကြိမ်နှုန်းဖြင့် တနှစ်ခန့် ခူးဆွတ် နိုင်ပါတယ်။

ယာရာရဲ့လမ်းညွှန်ချက်တွေကြောင့်သီးနှံ အတွက် စိတ်အေးရတယ်

ယာရာမြန်မာအနေဖြင့် ငရုတ်စိုက်ဒေသများသို့ကွင်းဆင်းကာ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းမြေသြဇာ အသုံးပြုလုပ်နည်းစနစ်ကောင်းများကိုလမ်းညွှန်ပေး လျက်ရှိကာ ထိုသို့ ဆောင်ရွက် ပေးမှုများကြောင့် တောင်သူများအနေဖြင့် အရည်အသွေး ပြည့်ဝသော သီးနှံကို ယခင်း ကထက် ပိုပြီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ စိုက်ခင်းတွင် ကြုံတွေ့နေရသော အခက် အခဲများကို ယာရာမြန်မာမှ စိုက်ပျိုးရေး ပညာရှင်များက ဝိုင်းဝန်းအဖြေ ရှာပေးမှုကြောင့်တောင်သူတွေအနေနဲ့အကျိုးအမြတ်များလည်း ပိုမိုရရှိခဲ့ပါတယ်။

တောင်သူတွေနဲ့အတူယာရာက တစ်သားတည်းရှိနေမှာပါ

မြန်မာနိုင်ငံကိုရောက်ရှိလာပြီးဖြစ်တဲ့ ယာရာက တောင်သူဗဟိုပြုတဲ့ စနစ်ကို ပုံဖော်နေတဲ့အပြင် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးတက်ရေးကိုလည်း ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ စိုက်ပျိုးရေးကဏ္ဍ အဓိကပါဝင်ပါတယ်။ ဒါ့ ကြောင့်စိုက်ပျိုးရေးကို လုပ်ကိုင်နေကြတဲ့ လူသားအရင်း အမြစ် တွေ တိုးတက်လာဖို့ ကိုလည်း ယာရာရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ချက်နေပါတယ်။ တိုးတက်လာတဲ့ ကမ္ဘာ့လူဦးရေအတွက်လုံလောက် သောစားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ဖို့ အရည် အသွေး ပြည့်ဝပြီး အထွက်နှုန်းကောင်းမွန်တဲ့ စိုက်ခင်းတွေဖြစ်လာစေဖို့ တောင်သူတွေနဲပအတူ ယာရာက အမြဲတမ်းလုပ်ဆောင်နေပါတယ်။

 

 

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅