fbpx

တောင်သူ့အသံ

ယာရာနှင့် ဂေါ်ဖီစိုက်ပျိုးခြင်း

ဉီးခင်မောင်

ဂေါ်ဖီစိုက်တောင်သူ

ကျားကုန်းကျေးရွာ၊ အောင်ပန်းမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း

 

ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ကျားကုန်းကျေးရွာက ဂေါ်ဖီထုပ်စိုက်တောင်သူ ဦးခင်မောင်ဖြစ်ပါတယ်။ ယာရာက စိုက်ပျိုးရေးအကြံပေးတွေ တောင်သူဆွေးနွေးပွဲလာ လုပ်ရင်း ယာရာမြေသြဇာကို စတင်သိရှိ ခဲ့ပါတယ်။ ယာရာသီးနှံအာဟာရ ဖြေရှင်းမှုနည်း လမ်းတွေကို စိတ်ဝင်စားတဲ့အတွက် ဂေါ်ဖီထုပ်စမ်း သပ်စိုက်ခင်း ပြုလုပ်ဖို့သဘာတူစာချုပ်ချုပ် ဆိုပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ကြုံတွေ့ရသော အခက်ခဲများ

ဂေါ်ဖီထုပ်စိုက်ပျိုးတိုင်း အထုပ်သေးတာတွေ၊ အထုပ် မညီညာမှုတွေ၊ ခုတ်ရက်နည်းနည်းကျော်တာနဲ့ အထုပ်ကွဲတာတွေ၊ အထူးသဖြင့်မိုး ရာသီမှာ အပျော့ပုပ်တာတွေစတဲ့ အခက်ခဲတွေကို ကြုံတွေ့ရတယ်။ အထုပ်မညီဘဲ ဈေးကွက်ဝင် အထုပ်နည်းတော့ ပွဲစားက အထုပ်ရေလျော့ သတ်မှတ်တယ်။ စိုက်ခင်းပြုစုရတဲ့ အချိန်လည်းကြာတာပေါ့။ အထုပ်အရွယ်စား သေးတော့လည်းဈေး လျော့ခံရတယ်။ ဒါကတော့ နှစ်စဉ်ကြုံတွေ့ရတဲ့ အခက်ခဲပေါ့။

ယာရာစမ်းသပ်စိုက်ကွက်နှင့် တောင်သူ၏ကိုယ်တွေ့

ယာရာစမ်းသပ်ကွက်မှာ ယာရာမီလာနှင့် ယာရာလီဗာကို ၃ အချိုး ၁ ထည့်သွားတာကို တွေ့ရတယ်။ ကျွန်တော်လည်း တစ်ခါမှ မတွေ့ဖူးဘူး၊ အခုလိုထုပ်ညီ၊ ပိုးမွှားရောဂါ သက်သာတာမျိုး။ ယာရာ မြေသြဇာက နည်းနည်းလေး ကျွေးတာနဲ ထိရောက်တယ်။ အပင်လည်း ကြာကြာစိမ်း တယ်။

အဝယ်ဒိုင်ရဲ့မှတ်ချက်

အခုယှဉ်စိုက်ပျိုးထားတာမှာ ယာရာမြေသြဇာသုံးတဲ့ဘက်က အလေးချိန်ပိုစီးတယ်၊ အထုပ်ကြီးပြီးတော့ အရွယ်အစားလည်း ညီတယ်။ ဈေးကွက်ဝင် အထုပ်အရေအတွက်များလို့ အကျိုးအမြတ်ပိုရနိုင်မယ်။

တောင်သူရဲ့အမြင်

ယာရာရဲ့ စိုက်ကွက်မှာဆိုရင် ဂေါ်ဖီထုပ်အရွယ်အစား ညီတာတွေ၊ အထုပ်ပိုမိုကျစ်လစ် သိပ်သည်းတာတွေပြီးတော့ ဂေါ်ဖီမှာဖြစ်လေ့ရှိတဲ့ ဂျိုင်းပုပ်နာဒဏ်မှ သက်သာစေခြင်း၊ အရွက်ပြန့်ကားပုံလှခြင်းနဲ့ အရွက်အရောင်ပိုလှခြင်း တို့ကြောင့် ဝယ်သူအကြိုက်တွေ့စေပါတယ်။ ယာရာမြေသြဇာဟာ ထိရောက်၍ နှုန်းထားအနည်း ငယ်ပဲ အသုံးပြုရလို့ ကုန်ကျစရိတ် သက်သာတယ်။ ဒါ့အပြင် ခုတ်သိမ်းပြီးနောက် အလေးချိန်မှာလဲ ယာရာနဲ့စိုက်သော ဂေါ်ဖီထုပ်များက ပိုအလေးချိန်စီးတယ်။ ဈေးကွက်ဝင် အထုပ်ညီညာမှုများလို့ အဝယ်ဒိုင် ဈေးကောင်းပေးဝယ်တယ်။ အရည်အသွေးလည်းကောင်း အထွက်နှုန်းလည်းကောင်း အမြတ်အစွန်းလည်းများတော့ ကျွန်တော်လည်းပျော်တယ်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅