fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

ရောစပ်ထားသော မြေသြဇာအရည်အသွေး

ရောစပ်ထားသော မြေသြဇာအရည်အသွေးတွင် စိုးရိမ်ရမည့်အရေးပါသော နောက်ဆုံးရလဒ်များကို ကံမကောင်းစွာဖြင့် တွေ့ရှိခဲ့ရသည်။

သုတေသနမည်သို့ပြုလုပ်ခဲ့သနည်း။


မတူညီသော ရောစပ်မြေသြဇာ ၂၃ မျိုးကို ကျွန်ုပ်တို့တန်ပေါင်းများစွာ ဝယ်ယူခဲ့သည်။ အိတ်များကို ကျပန်းရွေးချယ်ကြသည်။ ထုတ်ကုန်တစ်မျိုးစီကို စမ်းသပ်ခြင်း၊အလေးချိန်ခြင်းနှင့် ထုတ်ပိုးခြင်းကို ကျွမ်းကျင်ပညာရှင်တစ်ဦးချင်းစီဖြင့် စစ်ဆေးခဲ့သည်။စမ်းသပ်ရာတွင် ယာရာ၏ ရောစပ်မြေသြဇာလည်းပါဝင်၍ အိတ်များကို ကျပန်းပုံစံဖြင့် ရွေးချယ်ခဲ့ကြသည်။ တိကျသောရလဒ်ကို ထွက်ရှိစေရန် တစ်ခုချင်းစီကို စစ်ဆေးရေးမှူးတစ်ဦးချင်းစီဖြင့် စမ်းသပ်၍ ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။

မည်သည်ကို စမ်းသပ်ခဲ့သနည်း။


အာဟာရခွဲခြမ်းစိတ်ဖြာခြင်း - မြေသြဇာတစ်အိတ်စီတိုင်းတွင် ပါဝင်သောအာဟာရများကို စစ်ဆေးခြင်းဖြစ်သည်။ အိတ်တွင်ဖော်ပြထားသော အာဟာရဓါတ်များ အိတ်အတွင်း အမှန်တကယ်ပါဝင်ခြင်း ရှိမရှိကို စစ်ဆေးခဲ့သည်။
အလေးချိန် - ဝယ်ယူသူသည် မြေသြဇာကိုပမာဏအလိုက်ဝယ်ယူပြီး ရရှိလာသောပမာဏအပေါ် ယုံကြည်မှုရှိကြသောကြောင့် မြေသြဇာအိတ်များ၏အလေးချိန်များကို ကျွန်ုပ်တို့ စစ်ဆေးကြည့်ရှုလိုခဲ့ကြသည်။
ထုတ်ပိုးမှု - အိတ်များ၏ အကြမ်းခံနိုင်စွမ်းကို စစ်ဆေးခဲ့သည်။


အစပြန်ကောက်နိုင်စွမ်း - သင့်မြေသြဇာ၏ ကုန်ကြမ်းပစ္စည်းများကို အစကောက်နိုင်ပါသလား။ မည်သည့်ရလဒ်များ ရခဲ့သနည်း။


၆၄%ရှိသောအိတ်များတွင် အိတ်တွင်ဖော်ပြထားသော အာဟာရဓါတ်များ မပါဝင်ခဲ့ပေ။
၃၆% သောအိတ်များကို အလေးချိန်မပြည့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
၄၆% သောအိတ်များကို မလျော်ကန်စွာ ထုတ်ပိုးထားသည်။
၅၉% သောအိတ်များကို ကုန်ကြမ်းပြန်မကောက်နိုင်ခဲ့ပါ။

ဤအချက်အပေါ် သင်မည်သို့အဓိပ္ပာယ်ကောက်သနည်း။


ကျွန်ုပ်တို့အားလုံး ကောင်းရောင်းကောင်းဝယ်သာ ပြုလိုကြသည်ဖြစ်၍ သင်၏ငွေကြေးကို ထပ်မံအသုံးမပြုလိုတော့မည်မှာ သံသယမရှိပေ။ သို့သော် အကောင်းဆုံးပစ္စည်းသည် အမြဲတမ်း ဈေးအသက်သာဆုံး မဖြစ်နိုင်ပေ။ စံချိန်မမီသော ရောစပ်မြေသြဇာများကို ဝယ်ယူခြင်းအားဖြင့် အောက်ပါအကြောင်းအရာများ ဖြစ်စေကြောင်း ကျွန်ုပ်တို့၏ရလဒ်များမှ ကံမကောင်းစွာ တွေ့ရှိခဲ့ရသည်။


သင်သည် အိတ်တွင်ဖော်ပြထားသော အာဟာရအပေါ် မှီခိုအားထားသည်။ အကယ်၍သာထိုအချက်များသည် မမှန်ကန်၍ မိမိ၏သီးနှံများအပေါ် မမှန်ကန်သော အာဟာရဓါတ်များ ကျွေးမိနေပါက မည်သို့ဖြစ်မည်နည်း။ မိမိ၏သီးနှံအရည်အသွေးနှင့် အထွတ်နှုန်းအပေါ် စွန့်စားရာကျပေသည်။


အိတ်အတွင်းရှိ အမှန်တကယ်ပါဝင်သော မြေသြဇာပမာဏ မပြည့်ဝခြင်းကြောင့် မိမိ၏မြေသြဇာအတွက် မတန်တဆဈေးပေးခဲ့ရခြင်းလည်းဖြစ်နိုင်သည်။
ထုတ်ပိုးမှုသည် ကြံ့ခိုင်ထူထဲခြင်းမရှိပါက အိတ်များ အလွယ်တကူ ဆုတ်ပြဲ၍ မိမိ၏မြေသြဇာများ ဆုံးရှုံးစေနိုင်ခြင်းကိုလည်းကောင်း၊ရေဝင်ရောက်ခြင်းကိုလည်းကောင်း ဖြစ်စေနိုင်သည်။ အရည်အသွေးမြင့် ထုတ်ပိုးမှုများသည် မိမိ၏အရင်းအနှီးကို ကာကွယ်ပေးစေနိုင်သည်။


အစကောက်နိုင်သော မြေသြဇာများသည် မိမိတို့ကို စိတ်ချမှုပေးစေ၍ မြေသြဇာအရည်အသွေးကို တိုးစေသည်။ မည်သို့ပြုလုပ်ထားသည်ကို သိရှိပါက မိမိသီးနှံစိုက်ခင်းအတွင်း မိမိကျွေးနေသည့် ပစ္စည်းကို မိမိကိုယ်တိုင်သိရှိပေလိမ့်မည်။
ဈေးပေါသော မြေသြဇာသည် အဆုံးတွင် ဈေးပိုပေးစေရခြင်းကို ဖြစ်စေနိုင်သည်။ ယာရာဖြင့်ဆိုပါက အရည်အသွေး အာမခံမှုရှိသည်။

ယာရာထုတ်ကုန်များ၏ အာမခံမှု


ကျွန်ုပ်တို့၏ မြေသြဇာများသည်အစကောက်နိုင်၍ မူလရင်းမြစ်ကို သိရှိစေရန် ပြုလုပ်ထားပြီး အိတ်အတွင်း မည်သည့်အာဟာရများထည့်ထားသည်ကို ကျွန်ုပ်တို့ အတိအကျသိရှိပေသည်။


မြေသြဇာအိတ်အတွင်း မည်၍မည်မျှထည့်ထားကြောင်း စောင့်ကြည့်ရန်၊ ဖုန်မှုန့်များနှင့် အကျိုးအပဲ့များဖယ်ရှားရန်နှင့် မှန်ကန်သောအာဟာရဓါတ်များ ရောစပ်စေနိုင်ရန်အတွက်ကျွန်ုပ်တို့သည် နည်းပညာအပေါ်တွင် အမြောက်အများရင်းနှီးမြှုပ်နှံထားပေသည်။


ကျွန်ုပ်တို့၏အိတ်များသည် အကြမ်းခံနိုင်စွမ်း မြင့်မားသဖြင့် သင်တို့၏မြေသြဇာများကို အပျက်အစီးမရှိစေရန် ကာကွယ်ပေးနိုင်သည်။ ယာရာ၏ထုတ်ကုန် အာမခံမှု အသေးစိတ်အချက်အလက်များကို ကြည့်ရှုနိုင်ရန်အတွက် ညာဘက်ရှိပုံကိုနှိပ်၍ကြည့်ရှုနိုင်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅