fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာအိတ်ပေါ်ရှိ စာညွှန်းများတွင် သယ်ယူပို့ဆောင်ခြင်း၊ ထားသိုခြင်းနှင့် မြေသြဇာကို ကိုင်တွယ်ခြင်းဆိုင်ရာ အရေးပါသော ပြဋ္ဌန်းထားသည့်အချက်အလက်များ ပါဝင်

နိုင်ငံအလိုက် သတ်မှတ်ချက်များအရ ဓါတုပစ္စည်းများ ရောစပ်ဖွဲ့စည်းပုံကို အိတ်ပေါ်တွင် ဖော်ပြထားသည်။

ထုတ်ကုန်၏ အမျိုးအစားခွဲခြားခြင်းနှင့် အညွှန်းတပ်ခြင်းကို နိုင်ငံအလိုက် ဥပဒေများနှင့် ဥရောပသမဂ္ဂမှ သတ်မှတ်ချက်များအရ ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ပို့ဆောင်သော အဆင့်ခွဲခြားမှုကို ယူအန်၏ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ အန္တရာယ်ရှိသော ကုန်ပစ္စည်း သတ်မှတ်ချက်များ (TDG) အရ ပို့ဆောင်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ အဓိကကုန်ပစ္စည်းများ၌ပါဝင်သော အညွှန်းမှတစ်ဆင့် အန္တရာယ်သတိပေး လမ်းညွှန်မှုများကို အောက်ဖော်ပြပါဇယားတွင် ပြသထားသည်။

အန္တရာယ်သင်္ကေတအန္တရာယ်အမျိုးအစားကြိုတင်ကာကွယ်သင့်သည့်အချက်များမြေသြဇာအမျိုးအစား
  ပြင်းထန်သောမျက်လုံးထိခိုက်ခြင်းဖြစ်စေသည်။
မျိုချမိပါက ဘေးဥပါဒ်ဖြစ်စေသည်။
အကာအကွယ်လက်အိတ်နှင့် မျက်လုံးအကာဝတ်ဆင်ပါ။ ကိုင်တွယ်ပြီးပါက လက်ကိုစင်ကြယ်စွာ ဆေးကြောပါ။
ဤပစ္စည်းအား အသုံးပြုစဉ်မစားရ၊ မသောက်ရ၊ ဆေးလိပ်မသောက်ရ။ မျက်လုံးထဲဝင်ပါက မျက်လုံးကို အချိန်ကြာမြင့်စွာ ရေဖြင့် သေချာဆေးကြောပါ။ အကယ်၍ မျက်ကပ်မှန်တပ်ပြီးချွတ်ရလွယ်ကူပါက ချွတ်ထားပါ။ ရေဆက်လက်ဆေးကြောပါ။ အဆိပ်အတောက်ဆိုင်ရာဆေးရုံကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ ချက်ချင်းဖုန်းခေါ်ပါ။ အကယ်၍ မျိုချမိပြီး နေထိုင်မကောင်းပါက အဆိပ်အတောက်ဆိုင်ရာ ဌာနကိုဖြစ်စေ ဆရာဝန်ကိုဖြစ်စေ ချက်ခြင်းဖုန်းခေါ်ပါ။ ပါးစပ်ဆေးကြောပါ။
ကလ်စီယမ်နိုက်ထရိတ်
  သတိ။ မီးပြင်းထန်စွာ လောင်စေသည်။ အောက်စီဂျင်ဓါတ်ဆောင်ပစ္စည်း။ ပြင်းထန်သော မျက်စိယားယံခြင်းကိုဖြစ်စေသည်။ မီးအပူ၊ မီးပွား၊ မီးတောက်နှင့် ပူလောင်သော မျက်နှာပြင်များ၏ အဝေး၌ထားပါ။ မျက်လုံးအကာဝတ်ဆင်ပါ။ မီးလောင်ပါက ငြိမ်းစေနိုင်သော ရေပမာဏဖြင့် လောင်းပါ။ အကယ်၍ မျက်လုံးထဲဝင်ပါက ရေဖြင့် သတိပြု၍ အချိန်ကြာမြင့်စွာ ဆေးကြောသန့်စင်ပါ။ အကယ်၍ မျက်ကပ်မှန်တပ်ထားပြီး ချွတ်ရလွယ်ကူပါက ချွတ်ထားပါ။ ရေဖြင့်ဆက်တိုက် ဆေးကြောပါ။ အကယ်၍ မျက်လုံး ဆက်တိုက်ယားယံနေပါက ဆေးကုသမှုခံယူပါ။ နိုက်ထရိုဂျင် ၂၈% အထက်ပါဝင်သော အမိုးနီးယမ်းနိုက်ထရိတ်အခြေပြု မြေသြဇာများ

 

 

 

အန္တရာယ်သင်္ကေတအန္တရာယ်အမျိုးအစားကြိုတင်ကာကွယ်သင့်သည့်အချက်များမြေသြဇာအမျိုးအစား
အန္တရာယ်။
အရေပြား ပြင်းထန်စွာထိခိုက်ခြင်းနှင့် မျက်လုံးပျက်စီးနိုင်သည်
အမှုန်များကို မရှူရှိုက်ရ။ အကာအကွယ်လက်အိတ်နှင့် မျက်လုံးအကာများကို ဝတ်ဆင်ပါ။ မျက်လုံးအတွင်းဝင်ပါက မျက်လုံးကိုရေဖြင့် ကြာမြင့်စွာဆေးကြောပါ။အကယ်၍ မျက်ကပ်မှန်တပ်ပြီး ချွတ်ရလွယ်ကူပါက ချွတ်ထားပါ။ ရေဖြင့်ဆက်လက်ဆေးကြောပါ။ အဆိပ်အတောက်ဆိုင်ရာဌာကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ ချက်ချင်းဖုန်းခေါ်ပါ။ အကယ်၍ အရေပြားပေါ်တွင်ဖြစ်စေ၊ အမွှေးပေါ်တွင်ဖြစ်စေ ထိမိပါက ပေစွန်းသွားသော အဝတ်အစားများကို ချက်ချင်းချွတ်ပါ။ အရေပြားကို ရေဖြင့်ဆေးကြောပါ။ အကယ်၍ အသက်ရှူခက်နေပါက ထိခိုက်မိသူကို လေကောင်းလေသန့်ရရှိသော နေရာသို့ခေါ်ဆောင်သွား၍ အသက်ရှူရန် သက်သောင့်သက်သာရှိသော အနေအထား၌ အနားယူခိုင်းပါ။ ယူရီးယားဖော့စဖိတ်
  သတိ။
မီးပြင်းထန်စွာ လောင်စေသည်။ အောက်စီဂျင်ဓါတ်ဆောင်ပစ္စည်း။
မီးအပူ၊ မီးပွား၊ မီးတောက်နှင့် ပူလောင်သော မျက်နှာပြင်များ၏ အဝေး၌ထားပါ။
- ဆေးလိပ်မသောက်ရ မီးလောင်လွယ်သော ပစ္စည်းများနှင့် ဓါတုပစ္စည်းများအဝေး၌ထားပါ။ မျက်လုံးအကာဝတ်ဆင်ပါ။ မီးလောင်ပါက ငြိမ်းစေနိုင်သော ရေပမာဏဖြင့် လောင်းပါ။
ပိုတက်စီယမ်နိုက်ထရိတ်
  အန္တရာယ်။
မျက်လုံးပြင်းထန်စွာ ထိခိုက်စေသည်။
အကာအကွယ်လက်အိတ်နှင့် မျက်လုံးအကာဝတ်ဆင်ပါ။
မျက်လုံးထဲဝင်ပါက မျက်လုံးကို အချိန်ကြာမြင့်စွာ ရေဖြင့် သေချာဆေးကြောပါ။ အကယ်၍ မျက်ကပ်မှန်တပ်ပြီး ချွတ်ရလွယ်ကူပါက ချွတ်ထားပါ။ ရေဆက်လက်ဆေးနေပါ။ အဆိပ်အတောက်ဆိုင်ရာဆေးရုံကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ ချက်ချင်းဖုန်းခေါ်ပါ။ အကယ်၍ မျိုချမိပြီး နေထိုင်မကောင်းပါက အဆိပ်အတောက်ဆိုင်ရာ ဆေးရုံကိုဖြစ်စေ ဆရာဝန်ကိုဖြစ်စေ ချက်ခြင်းဖုန်းခေါ်ပါ။
စူပါဖော့စဖိတ် ထရိပယ် စူပါဖော့စဖိတ်

နိဒါဏ်းတွင်ဖော်ပြထားသကဲ့သို့ အညွှန်းများကို CLP သတ်မှတ်ချက်ဖြစ်သော သတ်မှတ်ချက် (EC) နံပါတ် ၁၂၇၂/၂၀၀၈ အရ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်သည်။ CLP သို့မဟုတ် CLP သတ်မှတ်ချက် (ဓါတုပစ္စည်းများနှင့် ရောစပ်ခြင်းများကို အမျိုးအစားခွဲခြင်း၊ အညွှန်းတပ်ခြင်းနှင့် ထုတ်ပိုးခြင်း) ကို EU နှင့် EEA တစ်ခွင်တွင် ပြဋ္ဌန်းထားသည်။ ဥရောပသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ညီညွှတ်ရေးစနစ် (UNGHS) အပေါ်အခြေခံကာ ဓါတုပစ္စည်းများကို အမျိုးအစားခွဲခြားခြင်းနှင့် အညွှန်းတပ်ခြင်းများကို ဥပဒေအရ စနစ်တစ်ခုအနေဖြင့် မိတ်ဆက်ခဲ့သည်။


ဓါတုပစ္စည်း အန္တရာယ်ဆိုးကျိုးများကို ဈေးကွက်မတင်ပို့မီ ရှာဖွေရန်မှာ စက်ရုံ၏တာဝန်ဖြစ်ပြီး၊ တွေ့ရှိချက်များအလိုက် အမျိုးစားခွဲခြားရပေမည်။ ကုန်ပစ္စည်းတစ်ခုသည် အန္တရာယ်ရှိနေပါက ၎င်းကုန်ပစ္စည်းကို အလုပ်သမားများနှင့် စားသုံးသူများ မကိုင်တွယ်မီအလျင် ထိုကုန်ပစ္စည်း၏ အကျိုးသက်ရောက်မှုအကြောင်းကို သိရှိစေရန်အတွက် အညွှန်းတပ်ရမည်ဖြစ်သည်။ (ကိုးကား - ECHA ဝဘ်ဆိုက်)။

ကုန်ပစ္စည်း၏ မူလပါဝင်ပစ္စည်းကို အိတ်အပေါ်တွင် အစဉ်အမြဲရေးသွင်းထားသည်။ အိတ်ကြီးနှင့် အိတ်ငယ်နှစ်မျိုးစလုံး၏ အရှေ့ဘက်တွင် သယ်ယူပို့ဆောင်မှုဆိုင်ရာ TDG အညွှန်းရေးထားသည်။ အိတ်ကြီးနှင့် အိတ်ငယ်နှစ်မျိုးစလုံး၏ အနောက်ဘက်တွင် CLP နှင့် TDG သတ်မှတ်ချက်များအတိုင်း ပုံမှန်အညွှန်းများကို တပ်ဆင်ထားသည်။ တူညီသောကုန်ပစ္စည်းများ စုပေါင်းပို့သောအခါမဟုတ်မှသာလျှင် ပေါင်းစည်းထားသော အညွှန်းကိုတပ်သည်။
ဤအခြေအနေမျိုးတွင် CLP အညွှန်းတစ်ခုကိုသာ တပ်ဆင်သည်။


စုပေါင်းအညွှန်းကို ဘေးဘက်အညွှန်းတွင် အပြည့်အဝဖော်ပြထားသည်။


စုပေါင်းအညွှန်းဆိုသည်မှာ CLP နှင့် TDG သတ်မှတ်ချက် နှစ်ခုစလုံးမှ လိုအပ်ချက်များ အားလုံးပါဝင်ပြီး ပါဝင်သော အညွှန်းအားလုံးပေါင်းဖြစ်သည်။ဘေးအန္တရာယ်ကို TDG နှင့် CLP နှစ်မျိုးစလုံးဖြင့် ဖော်ပြထားသော အခြေအနေများတွင် CLP ရုပ်ပုံသင်္ကေတ မပါဝင်ပေ။


အိတ်ငယ်များ၏ ဘေးဘက်တွင် စုပေါင်းအညွှန်းကိုဖြစ်စေ၊ CLP အညွှန်းကိုဖြစ်စေ (မျိုးတူပစ္စည်းများ စုပေါင်း ပို့ခြင်းမဟုတ်သော ကိစ္စများတွင်) ထည့်သွင်းထားသည်။ ဘေးဘက်အညွှန်းတွင် CLP သတ်မှတ်ချက်များ၏ လိုအပ်သောအချက်များအားလုံး မပါဝင်နိုင်ပေ။

ကုတ်ရေးခြင်းနှင့် ပစ္စည်းအစဉ်လိုက်လှည့်ခြင်း (ယာရာဗီတာ ထုတ်ကုန်များ)


ယာရာဗီတာ ထုတ်ကုန်များအားလုံးတွင် ဂဏန်းခြောက်လုံးကုတ်ပါဝင်ပြီး သိုလှောင်ရုံ ဝန်ထမ်းများကို အသုံးဝင်သော အချက်အလက်များ ထောက်ပံ့ပေးထားသည်။ ထိုကုတ်များကို ကုန်ပစ္စည်း၏ အပြင်ဘက်တွင် ရိုက်နှိပ်ထားသကဲ့သို့ အရည်ထုတ်ကုန်များ၏ ပုလင်းတစ်ခုတိုင်းတွင်လည်း ရိုက်နှိပ်ထားသည်။


ထုတ်ကုန်စီမံရာတွင် အကူအညီဖြစ်စေရန် ယာရာဗီတာတွင်လည်း ဒေသခံ ဘာသာစကားဖြင့် ဘူး၏အပြင်ဘက်တွင် ရိုက်နှိပ်ထားပြီး နောက်ဆုံးအသုံးပြုသူထံသို့ အဆင့်ဆင့် ပို့ဆောင်ပေးသင့်သည့် နောက်ဆုံးရက်ဆွဲနှင့် မြေသြဇာကြဲရမည့်နေ့ဆွဲကိုပါ အကြံပြု ထည့်သွင်းထားသည်။


ထုတ်ကုန်တစ်ခုကိုဖြစ်စေမြေသြဇာထုတ်လုပ်ရာတွင်အသုံးပြုသော ကုန်ကြမ်းပစ္စည်းကိုဖြစ်စေ၊ မှန်ကန်သော သတင်းအချက်အလက် ရရှိစေရန် အကောင်းဆုံးအချက်မှာကုန်ပစ္စည်းအသုံးပြုသောနိုင်ငံ၏ ဥပဒေအရ နောက်ဆုံးထွက်ရှိထားသော လုံခြုံမှုအချက်အလက်ဆိုင်ရာဇယားများ (SDS) ကို တောင်းဆိုခြင်းဖြစ်သည်။ မှန်ကန်သော လုံခြုံမှုအချက်အလက်ဆိုင်ရာဇယားတွင် ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များ၊ ကိုင်တွယ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အကြုံပြုချက်၊ မလိုအပ်သောအခြေအနေများနှင့် စွန့်ပစ်မှုများပါဝင်သည်။ မှန်ကန်သော လုံခြုံမှုအချက်အလက်ဆိုင်ရာဇယားတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အမျိုးအစားခွဲခြားမှု အချက်အလက်များလည်း ပါဝင်ပေသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅