fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာသိုလှောင်ခြင်း

  ဖြစ်နိုင်ပါက ထုတ်ကုန်ကို ရာသီဥတုဒါဏ်မှကာကွယ်ရန်နှင့် အခိုးခံရခြင်း အန္တရာယ်လျော့နည်းစေရန်အလို့ငှာ မြေသြဇာများကို သီးခြားလုံခြုံသောနေရာတစ်ခုတွင် သိုလှောင်သင့်သည်။

အကောင်းဆုံးသိုလှောင်မှှုအခြေအနေများ

ထုတ်ကုန်ကို ရာသီဥတုနှင့် အထူးသဖြင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှှုမှကာကွယ်ပေးနိုင်သောခြံခတ်ထားသည့် အဆောက်အအုံ၊ သန့်ရှင်းသောပတ်ဝန်းကျင်၊ ဖုန်မှှုန့်/အညစ်အကြေးကင်းဝေးသောနေရာတို့တွင် သိုလှောင်နိုင်သည်။
အပူချိန် ၅ နှင့် ၃၀ ဒီဂရီစင်တီဂရိတ်ကြား(အချို့သောမြေသြဇာအမျိုးအစားများသည် အပူချိန်မြင့်မားမှှုကို ထိရှလွယ်ကြသည်)


ပျံ့နှံ့မှှုစွမ်းဆောင်ရည်များကို လွှမ်းမိုးသည့် အတုံးအခဲများနှင့် အမှှုန့်တို့ဖြစ်ပေါ်စေနိုင်သော အစိုဓါတ်မှ မြေသြဇာကို ကာကွယ်ပါ။
နှစ်ထပ်ဆင့်ရန်အတွက် လိုအပ်မှှုကို ရှောင်ရှားရန် ပျဉ်ပြားစင်နှင့်အတူ လိုအပ်သည့် အသုံးအဆောင်များဖြင့် ပြင်ဆင်ထားပါ။
ကုန်စည်စီမံခန့်ခွဲမှှုကောင်းပါစေ။ ဥပမာ အလျင်ရောက် အလျင်ထုတ်အခြေခံစနစ်တစ်ခုကို လုပ်ဆောင်ပါ။

အမိုးအောက်သိုလှောင်မှှု

သိုလှောင်မှှုသည် ဖြစ်နိုင်က တစ်မျိုးတည်းသိုလှောင်သင့်ပြီး အလွယ်တကူ မီးမလောင်နိုင်သော ပစ္စည်းများ(ဥပမာ ဘိလပ်မြေ၊ အုတ်၊ စတီး)ဖြင့် တည်ဆောက်သင့်သည်။
မီးတောက်တစ်ခု သို့မဟုတ် ဓါတ်ပြုကွဲမှှုတစ်ခုရှိအပူကွယ်ပျောက်စေခြင်းနှင့် အခိုးအငွေ့များထွက်ခြင်းတို့ကို ကူညီပေးရန်အလို့ငှာ အဆောက်အအုံများအားလုံးတွင် လေဝင်လေထွက်ကောင်းမွန်ရေးအတွက် လုံလောက်သောကြိုတင်စီမံချက်များရှိသင့်သည်။


ကြမ်းပြင်တွင် အပေါက်များကင်းစင်လျက် အဆင့်အတန်းတူညီပြီး ခြောက်သွေ့ညီညာသည့် မျက်နှာပြင်တစ်ခုရှိသင့်သည်။
မြေသြဇာပုံများ၏အမြင့်ကို ကန့်သတ်ထားပါ။ မြင့်မားသော မြေသြဇာအိတ်အပုံများသည် ခိုင်ခံ့မှှုမရှိနိုင်ပဲ ပြိုကျနိုင်သည်။


မြေသြဇာအိတ်အပုံ၏ အရွယ်အစားကို နိုင်ငံ့စည်းမျဉ်းဥပဒေများ တစ်စုံတစ်ရာရှိပါက ၎င်းနှင့်အညီ ကန့်သတ်ထားပါ။ (အမိုးနီးယန်းနိုက်ထရိတ်စစ်စစ်(၂၈% နိုက်ထရိုဂျင်ထက်ပိုသော)အတွက် ၃၀၀ တန်)
အဆောက်အအုံ၏ အမိုးစွန်းများနှင့် ရက်မများမှ အနည်းဆုံး ၁ မီတာအကွာနှင့် မြေသြဇာအိတ်များ ကိုလည်း နံရံများမှ အနည်းဆုံး ၁ မီတာအကွာတွင် သိုလှောင်ပါ။


ပျဉ်ပြားများပေါ်တွင် သင်ပုံခဲ့လျှင် ၎င်းတို့ကို ခိုင်မြဲပြီး ရေသွင်းရေထုတ်ကောင်းသည့် မျက်နှာပြင် ပေါ်တွင် ထားရှိရမည်။ ပျဉ်ပြားများကို ထိပ်ဖျားအချင်းချင်းဆက်ထားခဲ့ပါက အောက်ခြေခိုင်ခံ့မှှုရှိမရှိ သေချာအောင်လုပ်ပါ။
ပစ္စည်းအများအပြားထဲတွင် သဟဇာတမဖြစ်သည်များကို တစ်မျိုးနှင့်တစ်မျိုး နီးနီးကပ်ကပ် သိုလှောင်ခြင်းမပြုပါနှင့်။ ဥပမာ အမိုးနီးယန်းနိုက်ထရိတ်အခြေခံ မြေသြဇာများအနီးတွင် ယူရီးယားသိုလှောင်ပါက ၎င်းတို့ကို ကောင်းစွာခွဲထားရမည်။ ကုန်စည်ရောင်းဝယ်ရာတွင် ခွဲခြားထားခြင်းမရှိပဲ မြေသြဇာများကို မည်သည့်အခါမှ ရောမထားပါနှင့်။ ထုံးနှင့်မြေသြဇာတို့ကို ကောင်းစွာခွဲထားပါ။ (အောက်တွင် ပြထားသော သဟဇာတဖြစ်မှှုအခြေအနေနှင့် မြေသြဇာများ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို ကြည့်ပါ။)

ရေပြင်ညီမျက်နှာပြင်တစ်ခုပေါ်ရှိ အမိုးအောက်သိုလှောင်မှှုတစ်ရပ်တွင် သင်သည် အပုံ၏အမြင့်ကို သုံးဆင့်အထိ တိုးမြှင့်နိုင်သည်။


မြေသြဇာကို မီးလောင်တတ်သော မည်သည့်ပစ္စည်းမှမဆို အဝေးတွင်ထိန်းသိမ်းထားပါ။ အရာဝတ္ထုများအကြားတွင် အနည်းဆုံး ၅ မီတာအကွာရှိရန် သေချာပါစေ။ နိုက်ထရိုဂျင်မြေသြဇာအများစုတွင် အပူပေးသောအခါ ဓါတ်ပြိုကွဲသော နိုက်ထရိတ်ပါရှိပြီး ၁၅၀ ဒီဂရီစင်တီဂရိတ်တွင် အဆိပ်သင့်သော နိုက်ထရိုဂျင်အောက်ဆိုဒ်များအဖြစ်သို့ အဆင်သင့်ဖြစ်ပေါ်နေပြီးဖြစ်သည်။ ထုတ်ကုန်အချို့သည် ကာဗွန်အောက်ဆိုဒ်များ(စီအို၊ စီအိုတူး)နှင့် ဆာလဖာအောက်ဆိုဒ်များအဖြစ်သို့အထိပင် ပေါ်ထွက်လာနိုင်သည်။


အမိုးပြင်ပတွင် သိုလှောင်ခြင်း


မြင့်မားပြီးရေသွင်းရေထုတ်ကောင်းလျက် ခြောက်သွေ့ချောမွတ်သောမျက်နှာပြင်ရှိသည့်နေရာ တစ်ခုတွင် သိုလှောင်ပါ။


မြေကြီးနှင့်ရေ(ဆိုလိုသည်မှာ မိုးကြီးသည့်ဖြစ်ရပ်တွင်)တို့နှင့် တိုက်ရိုက်ထိတွေ့မှှုကို ကာကွယ် တားဆီးရန် အိတ်များအောက်ခြေတွင် ပျဉ်ပြားကိုအသုံးပြုပါ။ မပျက်စီးသော ပျဉ်ပြားအဖုံးများနှင့် အတူပါရှိသော ပျဉ်ပြားများကိုသာသုံးပါ။ ၎င်းတို့သည် သစ်စများနှင့် သံမှှိုများမှလည်း ကင်းဝေးရ မည်ဖြစ်သည်။


အပုံသည် မှီမထားသင့်။ ၎င်းတို့ကို မှီထားခဲ့ပါက ချက်ချင်းပြန်ပုံပါ။


ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းထားရန်အလို့ငှာ ထုတ်ကုန်သည် အပူအကျိုးဆက်များ ကြောင့် ပျက်စီးသွားခြင်းမှ ကာကွယ်ရန်အတွက် ဖုံးအုပ်ခြင်းမပြုမီ အပုံ၏ထိပ်တွင် ပျဉ်ပြားအလွတ်တစ်လွှာ တင်ထားပါ။(ထုတ်လုပ်သူ/ရောင်းချသူမှ ပေးသည့်အကြံဉာဏ်အတိုင်း)


ပျဉ်ပြားခင်းရန် မဖြစ်နိုင်သည့်နေရာများတွင် အချို့သော ပျဉ်ပြားအရောအနှောများကို နှစ်ထပ်ခင်း နိုင်သည်။


အိတ်များညစ်ပတ်ခြင်းမှ ကာကွယ်ရန်အတွက် အပုံများကို ဖုံးအုပ်ထားသင့်ပြီး ပွတ်တိုက်ခြင်းနှင့် ပွန်းပဲခြင်းတို့ကြောင့် ဖြစ်စေနိုင်သည့် ပျက်စီးခြင်းမှ ကာကွယ်ရန် အဖုံးအကာများမှာ အပုံ၏ အောက်ခြေအလွှာအထိ လုံလုံခြုံခြုံရှိသင့်သည်။
ရာသီဥတုကောင်းမွန်သောအခြေအနေများတွင်သာ လုပ်ဆောင်သင့်သည့် အပုံများကို ဖုံးအုပ်ခြင်း၊ အဖုံးခွာချခြင်းတို့ကို ဆောင်ရွက်သည့်အခါ သတိကြီးကြီးထား၍လေ့ကျင့်လုပ်ဆောင်ပါ။
အပုံ၏ ခိုင်ခံ့မှှုကို အဖုံးအကာများအား ချည်နှောင်ခြင်းမပြုမီ စစ်ဆေးပါ။ အဖုံးအကာများသည် ရေညှိများနှင့် ပေကျံနေနိုင်သည်။ ဤကဲ့သို့ဖြစ်ပေါ်လာပါက ချောထွက်နိုင်ပြီး ဘေးအန္တရာယ်ဖြစ်နိုင်ခြေရှိသည်။
အေးသောရာသီဥတုတွင် ဖုံးအုပ်ထားသောအပုံများကို ရေခဲဖုံးလွှမ်းနိုင်သည်။ ဤကဲ့သို့ဖြစ်ပေါ်ပါက မကြာခဏလေးလံပြီးရှစေသည်။ ရေခဲတုံးများ ပြုတ်ကျခြင်းသည် အလွန်အန္တရာယ်များသည်။ ရေခဲသည် ချောထွက်ပြီး အန္တရာယ်ပေးနိုင်ခြေရှိသည်။


အမိုးပြင်ပတွင် သိုလှောင်သည့် မြေသြဇာအားလုံးကို တာပေါ်လင်စတစ်ခုနှင့် ဖုံးအုပ်ပေးခြင်းဖြင့် ဒြပ်စင်များမှ ကာကွယ်ထားသင့်သည်။ တာပေါ်လင်စကို ထုတ်ကုန်ပတ်ပတ်လည်တွင် ကောင်းစွာတုပ်နှောင်ထားပါ။ ဆက်ထုံးသည် အနည်းဆုံး ၃၀ စင်တီမီတာထပ်နေသင့်သည်။ မြေကြီးနှင့်ကားမောင်းလမ်းများပေါ်တွင် မြေသြဇာအလုံးများ ကင်းစင်အောင်ထိန်းသိမ်းထားပါ။

အမိုးပြင်ပသိုလှောင်ခြင်းတွင် ငှက်များက တာပေါ်လင်စနှင့် အိတ်များကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန်အလို့ငှာ ဖုံးအုပ်ထားသောမြေသြဇာ၏ထိပ်တွင် ပျဉ်ပြားများတင်ထားပါ။
ခိုင်ခံရေးနှင့်ဘေးကင်းရေးတို့အတွက် အိတ်ကြီးများကို ပိရမစ်ပုံစံဖြင့် သိုလှောင်သင့်သည်။ ထုတ်ကုန်၊ စင်၏ခိုင်ခံ့မှှုနှင့် ကိုင်တွယ်သည့်ကိရိယာတို့အပေါ်မူတည်ပြီး အပုံ၏စင်အမြင့်သည် ၃ ဆင့် ထက်ပိုမမြင့်သင့်ပေ။

မြေသြဇာမည်သို့သိုလှောင်သည်ကိုပြသသည့်ပုံ

အဖုံးအကာကြိုးများကို လက်များ သို့မဟုတ် လက်ချောင်းများတွင် မည်သည့်အခါမျှ ရစ်ပတ်မထားပါနှင့်။ အဖုံး၏မျက်နှာပြင်ဧရိယာတစ်ခုသည် ကြီးမားပြီး ရုတ်တရက်လေထန်ခြင်းက လူတစ်ဦးကို မြေကြီးမှ အလွယ်တကူမတင်သွားနိုင်ခြင်း သို့မဟုတ် လက်များနှင့် လက်ချောင်းများတွင် ပြင်းပြင်းထန်ထန်ဒါဏ်ရာရခြင်းတို့ဖြစ်နိုင်သည်။ ဖုံးအုပ်သောအခါ လက်အိတ်များကို အသုံးပြုပါ။

မြေသြဇာအရည်ကို သိုလှောင်ခြင်း

 


မြေသြဇာအရည်လှောင်ကန်များ ဓါတ်ပုံ

 

မြေသြဇာအရည်အတွက် သိုလှောင်မှှုလိုအပ်ချက်များမှာ မည်သည့်အကြိမ်တစ်ကြိမ်တွင်မဆို၊ စိုက်ပျိုးမြေအနေအထားနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံဖွဲ့စည်းမှှုစသည်တို့အပေါ် မူတည်နေသည်။
ယိုဖိတ်ခဲ့လျှင် မြေသြဇာအရည်များသည် ရေရှိသောပတ်ဝန်းကျင်ကို အလွန်အန္တရာယ်ပေးနိုင်သည်။ ရုတ်တရက်ယိုဖိတ်မှှု၊ စီမံခန့်ခွဲမှှုညံ့ဖျင်းခြင်း သို့မဟုတ် လက်သရမ်းဖျက်ဆီးမှှုတို့ကြောင့်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရလဒ်မှာ ဥပဒေနှင့်ငွေကြေးဆိုင်ရာအကျိုးဆက်များနှင့်အတူ ရေထုညစ်ညမ်းခြင်းကို ဖြစ်စေနိုင်သည်။


လယ်သမားများသည် လုပ်ငန်းဆောင်ရွက်ခြင်း၊ အသုံးပြုခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ရောင်းချသူမှ လှောင်ကန်များထောက်ပံ့သည့်အချိန်၌ပင်လျှင် ကြည့်ရှုစောင့်ရှောက်သည့် တာဝန် တစ်ရပ်ကို ခွဲဝေယူကြသည်။

မြေသြဇာအရည်လှောင်ကန်များအသုံးပြုခြင်း

လှောင်ကန်များ၊ ပိုက်အစုအဖွဲ့နှင့် အဆို့များသည် အသုံးပြုရန်ရည်ရွယ်ချက်အတွက် သင့်တော်မှှုရှိမရှိသေချာပါစေ။ ဆိုလိုသည်မှာ စားသွားခြင်းကို ခံနိုင်ရည်ရှိမှှု

လှောင်ကန်အသုံးအဆောင်များအားလုံးသည် လက်ဆော့ခြင်းမှကာကွယ်ထားမှှုရှိမရှိသေချာပါစေ။ အသုံးမပြုသောအခါ အဆို့များအားလုံးကို သော့ခတ်ထားပါ။

ပေးပို့သည့်ကုမ္ပဏီများသည် အရေးပေါ်လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန် သေချာပါစေ။
ပေးပို့ခြင်းမပြုလုပ်မီ လှောင်ကန်၊ ပိုက်အစုအဖွဲ့နှင့် အဆို့များ အခြေအနေကောင်းမကောင်း သေချာပါစေ။
ပေးပို့မှှုမတိုင်မီ လှောင်ကန်တွင် အကျယ်အဝန်းလုံလောက်မှှုရှိမရှိစစ်ဆေးပါ။
ပိုလျှံအောင်ဖြည့်ခြင်းကို ရှောင်ကြဉ်ပါ။


မြေသြဇာအရည်လှောင်ကန်များကို ထိန်းသိမ်းခြင်း

သင့်တော်သော အရည်အသွေးရှိသည့်ပညာရှင်တစ်ဦးဖြင့် အနည်းဆုံးနှစ်စဉ် ပျက်စီးမှှုနှင့် စားသွားခြင်းတို့အတွက် လှောင်ကန်များ၊ ပိုက်အစုအဖွဲ့များနှင့် အဆို့်များ၏ အတွင်းပိုင်းနှင့်အပြင်ပိုင်းတို့ကို စစ်ဆေးပါ။
မည်သည့် ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့်အလုပ်ကိုမဆို ချက်ချင်းလုပ်ဆောင်ပါ။


ရာသီအစပိုင်းနှင့် လှောင်ကန်များကို ဟိုဟိုသည်သည် ပေးပို့မှှုများပြုလုပ်သောအခါ ထပ်မံစစ်ဆေးမှှုများပြုလုပ်ပါ။
သံသယရှိပါက လှောင်ကန် သို့မဟုတ် ဘုံဘိုင်ကို မသုံးပါနှင့်။


ပိုက်အစုအဖွဲ့အားလုံးကို ရာသီတစ်ခုစီ၏ အကုန်ပိုင်းတွင် ရေဖြင့်ဆေးကြောသန့်စင်ဆေးကြော ပေးပါ။
ထိန်းသိမ်းမှှုမှတ်တမ်းတစ်ခုထားပါ။


အမြဲသိုလှောင်ကန်များ


နေရာအားလုံးသည် ရေလမ်းကြောင်းမှ ၁၀ မီတာထက်ပိုရမည်။


ပတ်ဝန်းကျင်ဘေးအန္တရာယ်ဆိုင်ရာဆန်းစစ်ခြင်းတစ်ရပ် ဆောင်ရွက်ပါ။ အင်္ဂလန်နိုင်ငံနှင့် ဝေလတို့ရှိ ပတ်ဝန်းကျင်အေဂျင်စီ သို့မဟုတ် စကော့တလန်ရှိ အက်စ်အီးပီအေတို့မှ အကြံဉာဏ်ရရှိနိုင်သည်။
ပတ်ဝန်းကျင်ဆန်းစစ်ခြင်းသည် ဘေးအန္တရာယ်မြင့်မားကြောင်းပြသသောနေရာတွင် အရန်ကန့်သတ်ထိန်းချုပ်မှှုနေရာ တည်ဆောက်ပါ။ အားဖြည့်အင်္ဂတေ သို့မဟုတ် ကွန်ကရစ်ကို အသုံးပြုရန်ထောက်ခံပြီး အနည်းဆုံး လှောင်ကန်အကျယ်အဝန်း ၁၁၀% အတွက် ကြိုတင်စီမံထားသင့်သည်။ ကျကျနနပုံစံရေးဆွဲပြီး တည်ဆောက်ထားသော မြေဖို့တမံများကို တစ်နည်းအားဖြင့် လက်ခံနိုင်သည်။ ပိုက်များ၊ အဆို့များနှင့်ဂိတ်နေရာများအားလုံးသည် ကန့်သတ်ထိန်းချုပ်မှှုဧရိယာအတွင်း၌ရှိနေသင့်သည်။


ကန်တစ်ခုလုံး၏အလေးချိန်ကိုခံနိုင်ရန်အလို့ငှာ သိုလှောင်ကန်များသည် အောက်ခြေအမာခံတစ်ခုပေါ်တွင် ခိုင်ခံ့မာကျောသောကွန်ကရစ်ဖြစ်ရမည်။
ဂျီအာရ်ပီသိုလှောင်ကန်များအတွက် လေပြင်းကို ခံနိုင်ရန် နောက်ထပ်ခိုင်ခံ့မှှုကို စဉ်းစားပါ။


ဘုံဘိုင်များနှင့် ရွှေ့ပြောင်းနိုင်သောသိုလှောင်ကန်များ


ယာယီသိုလှောင်ခြင်းသည် ရေလမ်းကြောင်းများကို သိသာထင်ရှားသော အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဖြည့်သွင်းခြင်း သို့ဟုတ် ဖြန့်ဖြူးခြင်းမတိုင်မီ သင့်တော်သော နေရာအထိုင်ချခြင်းမှာ အလွန်အရေးကြီးသည်။ စိုက်ပျိုးမြေအနီးတဝိုက် သယ်ယူပို့ဆောင်ခြင်းကို ဂရုတစိုက်ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ လမ်းမများနှင့် လမ်းကြားများသည် ကုန်အပြည့် ဖြည့်ထားသော ဘုံဘိုင်များ ကျော်ဖြတ်ခြင်း သို့မဟုတ် ရပ်နားခြင်းစသည်တိုကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။
ဘုံဘိုင်များနှင့် အသုံးအဆောင်များအားလုံးသည် အသုံးပြုမည့်ရည်ရွယ်ချက်နှင့် ကိုက်ညီရ မည်ဖြစ်ပြီး စားသွားခြင်းမှ ကာကွယ်တားဆီးရန် သေချာအောင်လုပ်ပါ။


ပေးပို့မှှုမပြုလုပ်မီ ဘုံဘိုင်များသည် ညီညာပြီး မြေထုပေါ်တွင်အခြေချထားမှှု သေချာအောင် ဆောင်ရွက်ပါ။


ဝန်အပြည့်ထည့်ထားသောအလေးချိန်ကို သယ်ဆောင်ရာတွင် မြေကြီးထဲသို့မြုပ်မသွားအောင် သို့မဟုတ် ခိုင်ခံ့မှှုမရှိပဲဖြစ်မလာအောင် ရပ်နားရန်ပြုလုပ်ထားသည့် အောက်ခြေဒေါက်များကို လုံလုံလောက်လောက်ထောက်ပံ့ပေးပါ။
ပိတ်သည့်အခါ အပေါက်များနှင့် လူဆင်းပေါက်များအားလုံးတို့သည် ရေလုံသည့်အမှတ်တံဆိပ် တစ်ခုဖြစ်ပေါ်လာစေရေးသေချာအောင်လုပ်ပါ။

ဝန်အပြည့်ထည့်ထားသောဘုံဘိုင်ကို အပေါက်များ၊ အဖုံးများနှင့် အဆို့များအားလုံးကို ပိတ်ခြင်းနှင့်သော့ခတ်ထားခြင်းတို့မလုပ်ပဲ မရွှေ့ပါနှင့်။
ဘုံဘိုင်အလွတ်များရှိသောအခါ လှောင်ကန်သည် ရှှုံ့တွခြင်းနှင့် ပုံပျက်သွားခြင်းတို့ကို ဖြစ်စေေသော လေဟာနယ်ကို ရှောင်ရှားရန် အပေါက်များကို ဖြည်းဖြည်းချင်းဖွင့်ပါ။

နောက်ထပ်သတင်းအချက်အလက်

အေအိုင်စီသည် မြေသြဇာအရည်များ သိုလှောင်ခြင်းအတွက် လက်တွေ့နည်းလမ်းအများအပြားကို ပြင်ဆင်ထားရှိပြီးဖြစ်သည်။ အဆိုပါနည်းလမ်းများကို အေအိုင်စီအင်တာနက်စာမျက်နှာမှ ဒေါင်းလုပ်ရယူနိုင်ပါသည်။

ယာရာဗီတာ အနည်းလိုအာဟာရ မြေသြဇာများ သိုလှောင်မှှု

ယာရာဗီတာသိုလှောင်ပုံ


သိုလှောင်မှှုစွမ်းရည်အမျိုးမျိုးနှင့်အတူ ယာရာဗီတာထုတ်ကုန်အမျိုးအစားများ


ယာရာဗီတာထုတ်ကုန်များသည် အစမှနေ၍သီးနှံအာဟာရနှင့်အတူ ဂရုစိုက်ပုံစံရေးဆွဲထားသော အသင့်သုံးထုတ်ကုန်များဖြစ်သည်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅