မြေသြဇာများ၏ သဘာဝဂုဏ်သတ္တိ
ထုတ်ကုန်ဂုဏ်သတ္တိများကို နားလည်သဘောပေါက်မှှုတစ်ရပ်သည် မြေသြဇာကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းနှင့် ကြဲပက်ခြင်းတို့အတွက် အသုံးဝင်သည်။
မြေသြဇာ၏ အရေးကြီးဆုံးသော ဂုဏ်သတ္တိများမှာ-
• အစိုဓါတ်စုပ်ယူနိုင်မှှု
• အစိုင်အခဲဖြစ်ပေါ်မှှု
• အမှှုန်ပုံစံနှင့်အရွယ်အစားပျံ့နှံ့မှှု
• အမှှုန်ပြင်းအားနှင့် စက်ကိရိယာဆိုင်ရာခံနိုင်ရည်ရှိမှှု
• ဖုန်မှှုန့်နှင့် သေးငယ်သောအရာများကို ဖြစ်ပေါ်စေမည့်အလားအလာ
• ထုထည်သိပ်သည်းဆ
• သဟဇာတဖြစ်မှှု(ဓါတုဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ)
အစိုဓါတ်စုပ်ယူနိုင်မှှု
လေတွင် ရေခိုးရေငွေ့ကဲ့သို့သော အစိုဓါတ်ပါရှိသောကြောင့် စိုထိုင်းဆနှင့် အပူချိန်တို့က အဆုံးအဖြတ်ပေးသော ရေငွေ့ဖိအား(ပီအိပ်ချ် ၂၀)ကို ထုတ်လုပ်ပေးသည်။ ပူနွေးသောလေတွင် လေအေးထက် ရေပိုမိုပါဝင်နိုင်သည်။ရေပါဝင်မှှုကို နှိုင်းယှဉ်စိုထိုင်းဆ(အာအိပ်ချ်)ဖြင့်ဖော်ပြသည်။
လေသည် ရေခိုးရေငွေ့နှင့်ပြည့်ဝပျော်ဝင်နေသောအခါ နှိုင်းယှဉ်စိုထိုင်းဆမှာ ၁၀၀ %ဖြစ်ပြီး အာရ်အိပ်ချ် ၅၀% မှာ တဝက်တပျက်ပြည့်ဝပျော်ဝင်နေခြင်းဖြစ်သည်။ ရေခိုးရေငွေ့သည် ရေငွေ့ဖိအားမြင့်ရာမှ နိမ့်ရာသို့လည်းကောင်း၊ နိမ့်ရာမှမြင့်ရာသို့လည်းကောင်း နှစ်နေရာစလုံးသို့ ရွေ့လျားစီးဆင်းသည်။
၃၀ ဒီဂရီစင်တီဂရိတ်ရှိ လေထဲတွင် ရေ ၃၀.၄ ဂရမ် ကုဗမီတာ(၁၀၀%အာရ်အိပ်ချ်)ပါရှိသည်။ လေ၏ ရေငွေ့ဖိအားသည် စိုထိုင်းဆနှင့် လေ၏အပူချိန်ကိုလိုက်၍ ပြောင်းလဲသည်။
၂၅ ဒီဂရီစင်တီဂရိတ်တွင် မြေသြဇာ၏ အမြင့်ဆုံးနှိုင်းယှဉ်စိုထိုင်းဆ
မြေသြဇာအားလုံးသည် အနည်းနှင့်အများ အစိုဓါတ်စုပ်ယူကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သတ်မှတ်ထားသောစိုထိုင်းဆတစ်ခု သို့မဟုတ် သေချာသောရေငွေ့ဖိအားတစ်ခုတွင် အစိုဓါတ်ကို စတင်စုပ်ယူကြသည်။ အစိုဓါတ်စုပ်ယူမှှုအားကောင်းသော မြေသြဇာအချို့သည် အစိုဓါတ်ကို အလွန်အလွယ်တကူဆွဲငင်ပြီး အခြားမြေသြဇာများထက် စိုထိုင်းဆနိမ့်ချိန်တွင် ပိုမိုစုပ်ယူကြသည်။ လေ၏ရေငွေ့ဖိအားမှာ မြေသြဇာ၏ရေငွေ့ဖိအားထက်ကျော်လွန်ခဲ့ပါက ရေစုပ်ယူမှှုဖြစ်ပေါ်သည်။
သိုလှောင်ချိန်နှင့် ကိုင်တွယ်ချိန်အတွင်း အစိုဓါတ်ကို စုပ်ယူခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရည်အသွေး လျော့ကျသွားလိမ့်မည်ဖြစ်သည်။ လေ၏အပူချိန်နှင့်စိုထိုင်းဆ၊ မြေသြဇာ၏မျက်နှာပြင်အပူချိန် စသည်တို့ကိုသိရှိခြင်းအားဖြင့် ရေစုပ်ယူမှှုဖြစ်မဖြစ်ကို ဆုံးဖြတ်နိုင်သည်။
ပုံမှန်အားဖြင့် ရေစုပ်ယူမှှုမျဉ်းကွေးတစ်ခုသည် စိုထိုင်းဆနိမ့်ချိန်တွင် တဖြည်းဖြည်းမြင့်တက်လာ သည်။(ပုံတွင်ပြထားသည့်အတိုင်း) သို့ရာတွင် သေချာသော စိုထိုင်းဆတစ်ခု သို့မဟုတ် စိုထိုင်းဆအပိုင်းအခြားတစ်ခုတွင် ၎င်းသည် တစိုက်မတ်မတ် စတင်မြင့်တက်လာသည်။ ဤစိုထိုင်းဆကို မြေသြဇာ၏ အမြင့်ဆုံးစိုထိုင်းဆဟုခေါ်သည်။ အမြင့်ဆုံးစိုထိုင်းဆသည် အပူချိန်မြင့်တက်လာသောအခါ ကျဆင်းသွားသည်။
သိသာထင်ရှားသော ရေစုပ်ယူခြင်းတွင် မြေသြဇာထုတ်ကုန်များအတွက် မလိုလားအပ်သော အကျိုးဆက်များရှိသည်-
အမှှုန်များ တဖြည်းဖြည်းပျော့လာပြီး စေးကပ်လာသည်။
အမှှုန်များ ထုထည်မြင့်တက်လာသည်။
အမှှုန်များ စတင်အက်ကွဲလာသည်။
အရောင်ကျွတ်ပြီး အရောင်ပြောင်းလာသည်။
အမှှုန်ပြင်းအားလျော့ကျသွားသည်။
အစိုင်အခဲဖြစ်ခြင်းအလားအလာမြင့်တက်လာသည်။
ဖုန်မှှုန့်နှင့်သေးငယ်သောအရာများဖြစ်ပေါ်လာမှှုမြင့်မားလာသည်။
သိုလှောင်ရုံ ကြမ်းပြင်များ စွတ်စိုလာပြီးချောကျိလာသည်။
အမိုးနီးယန်းနိုက်ထရိတ်စစ်စစ်တည်မြဲလာပြီး အပူထိန်းညှိမှှုပျောက်ဆုံးသွားသည်။
ပျံ့နှံ့မှှုအရည်အသွေးကို ထိခိုက်နိုင်သည်။
ကိရိယာကို ပိတ်ဆို့စေခြင်း
ပိတ်ဆို့သည့်အရာများ မြင့်မားလာသည်။
အရောအနှောများထဲတွင် ရေစုပ်ယူမှှု
အစိတ်အပိုင်းနှစ်ခုအရောသည် ဂရပ်တွင် တွေ့မြင်ရသည့်အတိုင်း ၎င်းတို့၏ကိုယ်ပိုင်အစိတ်အပိုင်းများထက် ရေကိုပိုမိုစုပ်ယူနိုင်သည်။
အစိုင်အခဲဖြစ်သွားခြင်း
မြေသြဇာအမှှုန်များအကြားတွင် ပုံဆောင်ခဲများဖြင့် ဆက်သွယ်ထားရှိခြင်းသည် အစိုင်အခဲကို ဖြစ်ပေါ်စေသည်။ မြေသြဇာအများစုသည် သိုလှောင်စဉ်အတွင်း အခဲ သို့မဟုတ် အစိုင်အခဲဖြစ်လာသည်။ယင်းကဲ့သို့အစိုင်အခဲဖြစ်လာခြင်းသည် အစေ့များအကြားတွင် အားကောင်းသောပုံဆောင်ခဲပေါင်းကူးတံတားများနှင့် တွယ်ကပ်အားများ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ယန္တရားအများအပြားပါဝင်နိုင်ပြီး ၎င်းတို့အနက်မှ အရေးကြီးသည်များမှာ-
အပြီးသတ်ထုတ်ကုန်တွင် ဓါတုဗေဒဆိုင်ရာဓါတ်ပြုမှှုများ
အမှှုန်မျက်နှာပြင်ပေါ်တွင် မြေသြဇာဆားများ အရည်ပျော်ခြင်းနှင့် ပုံဆောင်ခဲပြန်လည်ဖြစ်ပေါ်လာခြင်း
မျက်နှာပြင်များအကြား တွယ်ကပ်မှှုနှင် ဆံချည်မျှင်ပြွန်အားများ
အစိုင်အခဲဖြစ်ပေါ်ခြင်းကို မြောက်မြားစွာသော အကြောင်းရင်းများက အကျိုးသက်ရောက်စေသည်-
လေစိုထိုင်းဆ
အပူချိန်နှင့် ဝန်းကျင်ဖိအား
ထုတ်ကုန်၏စိုထိုင်းဆပါဝင်မှှု
အမှှုန်ပြင်းအားနှင့်ပုံသဏ္ဍန်
ဓါတုပစ္စည်းပါဝင်ဖွဲ့စည်းထားရှိမှှု
သိုလှောင်ချိန်
အစိုင်အခဲဖြစ်ပေါ်မှှုအလားအလာသည် အဆိုပါသတ်မှတ်ချက်များကို ထိန်းချုပ်ထားပါက ဆက်လက်နိမ့်ကျနေသည်။ ထို့ပြင် သင့်တော်သော အစိုင်အခဲဖြစ်ပေါ်မှှုကို ဆန့်ကျင်သည့်ပစ္စည်း ကို မကြာခဏ အသုံးပြုပေးရန်လိုအပ်သည်။ ကယ်လစီယမ်နိုက်ထရိတ်တွင် သေးငယ်သော အစိုင်အခဲဖြစ်ပေါ်မှှုအလားအလာများ ရှိကြသော်လည်း အလွန်အရေးပါသော ဖြစ်ရပ်များမှာ အင်န်ပီကေများ၊ အေအင်န်နှင့် ယူရီးယားတိုတွင် ရှိကြသည်။ မြေသြဇာများကို အလွှာအုပ်ခြင်း သည် ထုတ်ကုန်များအား ရေစုပ်ယူမှှုနှုန်းထားကို လျော့နည်းစေသည်။
အမှှုန်ပုံသဏ္ဍန်နှင့်အရွယ်အစားပျံ့နှံ့ခြင်း
မြေသြဇာအလုံးများတွင် ချောမွတ်ပြီးဖန်ကဲ့သို့သောမျက်နှာပြင်တစ်ခုရှိသည်။ သို့သော်လည်း အစေ့ငယ်များ၏ မျက်နှာပြင်သည် အလွန်ပြောင်းလဲနိုင်သည်။ ပုံမှန်အားဖြင့် အစေ့ငယ်များမှာ အလုံးများထက် ပိုမိုကြမ်းတမ်းပြီး ညီညာမှှုမရှိပေ။ အမှှုန်မျက်နှာပြင်၏အရောင်မှာ ထုတ်လုပ်မှှုဖြစ်စဉ်တွင် အသုံးပြုသည့်ကုန်ကြမ်းပစ္စည်း သို့မဟုတ် ဓါတ်သတ္ထုကြောင့် သို့မဟုတ် အမှှုန်များအားအရောင်တင်ရန်အတွက် အော်ဂဲနစ်ရောင်ခြယ်ပစ္စည်းများထပ်ထည့်ခြင်းကြောင့် အမျိုးမျိုးပြောင်းလဲနိုင်သည်။
အမှှုန်အရွယ်အစားပျံ့နှံ့ခြင်းသည် ကြဲပက်ခြင်းဂုဏ်သတ္တိများနှင့် ကွဲထွက်ခြင်းအလားအလာများ အတွက် အရေးကြီးသည်။ ၎င်းသည် ထုထည်ကြီးမားသောအရောများထဲတွင် အစိတ်အပိုင်းအဖြစ် ပါဝင်နေသောအခါ အထူးအရေးကြီးသည်။
အမှှုန်ပြင်းအားနှင့် စက်ကိရိယာဆိုင်ရာခံနိုင်ရည်ရှိမှှု
ဇယားသည် မြေသြဇာအမှှုန်များ၏ ထုခြေသည့်ပြင်းအားကို ပြသခြင်းဖြစ်သည်။
မြေသြဇာအမှှုန်များ၏ ထုခြေသည့်ပြင်းအားသည် ဓါတ်ပစ္စည်းပါဝင်ဖွဲ့စည်းထားရှိမှှုအပေါ်မူတည်၍ အလွန်ကွဲပြားခြားနားသည်။ မြေသြဇာအမျိုးအစားအမျိုးမျိုးအတွက် ထုခြေသည့်ပြင်းအား တိုင်းတာမှှုကို ဇယားတွင် ဖော်ပြထားသည်။ ရေစုပ်ယူမှှုမှာ မြေသြဇာအများစုအပေါ်တွင် ဆိုးကျိုးများရှိသည်။ အမှှုန်များသည် စေးကပ်လာနိုင်ပြီး တစ်စစီပြိုကွဲလာနိုင်သည်။
စက်ကိရိယာဆိုင်ရာခံနိုင်ရည်ရှိမှှုဆိုသည်မှာ ကိုင်တွယ်မှှုကွင်းဆက်ရှိ၎င်းတို့အပေါ် ထိတွေ့ ဖိနှိပ်မှှုကိုခံနိုင်ရည်ရှိစေမည့်မြေသြဇာ၏ စွမ်းရည်ဖြစ်သည်။စက်ကိရိယာဆိုင်ရာခံနိုင်ရည်ရှိမှှုသည် မျက်နှာပြင်ဖွဲ့စည်းပုံနှင့် အမှှုန်ပြင်းအားတို့အပေါ်တွင် မူတည်နေသည်။
ဖုန်မှှုန့်ဖြစ်ပေါ်ခြင်း
သင်္ဘောအတင်အချပြုလုပ်စဉ်အတောအတွင်း ပိုလျှံသောဖုန်မှှုန့်- မြေသြဇာမှှုန့်ပမာဏအများအပြားသည် အလုပ်နေရာ၌ ကသိကအောက်ဖြစ်စေသည်။ ထို့ကြောင့် နိုင်ငံအများစုတွင် ကိုင်တွယ်ဆောင်ရွက်ခြင်းမှထွက်ပေါ်လာသည့် ဖုန်မှှုန့်ကို
ဥပဒေဖြင့် ကန့်သတ်တားမြစ်ထားသည်။ ဖုန်မှှုန့်နှင့်သေးငယ်သောအမှှုန့်များသည် ပုံမှန်အားဖြင့် အောက်ပါတို့ကို ကိုင်တွယ်ဆောင်ရွက် စဉ်ပေါ်ထွက်လာသည်-
• ရေစုပ်ယူခြင်း
• မျက်နှာပြင်ဖွဲ့စည်းပုံချို့တဲ့ခြင်းနှင့်အမှှုန်ပါဝင်မှှုအင်အား
• စက်ကိရိယာဆိုင်ရာခံနိုင်ရည်အားနည်းခြင်း
• ကိုင်တွယ်မှှုကွင်းဆက်ရှိ စက်ကိရိယာဆိုင်ရာဖိအားများ
• ကိရိယာယိုယွင်းပျက်စီးမှှု(ခြစ်ရန်ကိရိယာများ၊ ဝက်အူအစိတ်အပိုင်းများ၊ အစေ့အဆန်ဖြတ် ကိရိယာများစသည်)ဖုန်မှှုန့်ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးပုံတွင်လည်းကြည့်ပါ။
ထုထည်သိပ်သည်းဆ
ထုထည်သိပ်သည်းဆ သို့မဟုတ် ထုထည်အလေးချိန်(ကီလိုဂရမ်/ကုဗမီတာ)သည် မြေသြဇာအမျိုးအစားများအကြား ကွဲပြားခြားနားသည်။ ကွဲထွက်ခြင်းကြောင့် အမှှုန်ပျံ့နှံ့မှှုအပြောင်းအလဲများ သည် ထုထည်သိပ်သည်းဆကို လွှမ်းမိုးလိမ့်မည်ဖြစ်သည်။ သီးသန့်ထုတ်ကုန်တစ်ခုအတွင်း အပြောင်းအလဲများအားလျှော့ချခြင်းသည် စက်ကိရိယာဆိုင်ရာ ကြဲပက်မှှုအတွက် အရေးပါသည်။
သဟဇာတဖြစ်မှှု(ဓါတုဗေဒဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ)
သဟဇာတဖြစ်မှှုသည် အဓိကအားဖြင့် မြေသြဇာအမျိုးမျိုးကို ရောစပ်ခြင်း၊ အမှိုက်သရိုက်များ ဝင်ရောက်လာခြင်းနှင့် ဘေးကင်းလုံခြုံမှှုနှင့်/သို့မဟုတ် အရည်အသွေးဆိုင်ရာ အခြားပြဿနာများနှင့်ဆက်နွှယ်နေသည်။ -ဥပမာ အစိုင်အခဲဖြစ်ခြင်း၊ အားနည်းစေခြင်း၊ ဖုန်မှှုန့်ဖြစ်ပေါ်ခြင်းနှင့် အမိုးနီးယန်းနိုက်ထရိတ်ကိစ္စရပ်တွင် အပူစီးကူးခြင်းကို ခံနိုင်ရည်မရှိခြင်း
ရည်ညွှန်းချက်- မြေသြဇာရောစပ်သည့်ပစ္စည်းများ၏ သဟဇာတဖြစ်မှှုအတွက်လမ်းညွှန်ချက်၊ အီးအက်ဖ်အမ်အေ၊ ဇွန်လ ၂၀၀၆
ထုတ်ကုန်နှစ်မျိုးစလုံးတွင်ရေစုပ်ယူမှှုအလေ့အထရှိသောကြောင့် အမိုးနီးယန်းနိုက်ထရိတ်အတန်းအစားတည်မြဲခိုင်ခံ့မှှုပုံစံသည် သိုလှောင်ခြင်းဂုဏ်သတ္တိိများကို လွှမ်းမိုးနိုင်သည်။
ရောစပ်ခြင်း(အေအင်န်/အေအက်စ် အရောများ)ပေါက်ကွဲမှှုနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံရေး ဆိုင်ရာ ပါဝင်ပတ်သက်မှှုများနှင့် ဥပဒေဆိုင်ရာ ပါဝင်ပတ်သက်မှှုများကို ထည့်သွင်းစဉ်းစားပါ။
အချုပ်အချယ်ကင်းမဲ့သောအက်ဆစ်နှင့်အော်ဂဲနစ်မသန့်စင်မှှုများ၏ အကျိုးသက်ရောက်မှှုရှိခဲ့လျှင် အရော(အေအင်န်/အေအက်စ် အရောများ)ပေါက်ကွဲမှှုနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံရေးဆိုင်ရာ ပါဝင်ပတ်သက်မှှုများနှင့်ဥပဒေဆိုင်ရာ ပါဝင်ပတ်သက်မှှုများကို ထည့်သွင်းစဉ်းစားပါ။
အရောသည် အလျှင်အမြန်စိုစွတ်လာပြီး အစိုဓါတ်ကိုစုပ်ယူခြင်းကြောင့် အရည် သို့မဟုတ် အရည်ပျစ်ဖြစ်ပေါ်လာလိမ့်မည်။ ဘေးကင်းလုံခြုံရေးဆိုင်ရာ ပါဝင်ပတ်သက်မှှုများလည်း ရှိနေနိုင် သည်။
အချုပ်အချယ်ကင်းမဲ့သောအက်ဆစ်ပါဝင်ခဲ့လျှင် ၎င်းသည် အေအန်ဓါတ်ပြိုကွဲမှှုကို အလွန်နှေးကွေး စေနိုင်ပြီး အကျိုးသက်ရောက်မှှုရှိနိုင်သည်။ ဥပမာအားဖြင့် ကုန်ထုပ်ပိုးခြင်း
ကိုယ်တိုင်ဓါတ်ပြိုကွဲနိုင်မှှုဖြစ်နိုင်ခြေနှင့် ဆီလိမ်းကျံခြင်းအဆင့်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားပါ။
ဆာလဖာသည် မီးလောင်လွယ်ပြီး နိုက်ထရိတ်များနှင့် ဓါတ်ပြုနိုင်သည်။ ဥပမာ- AN, KNO3 and NaNO3.
ထုတ်ကုန်နှစ်မျိုးစလုံးတွင်ရေစုပ်ယူမှှုအလေ့အထ ရှိသောကြောင့် အမိုးနီးယန်းနိုက်ထရိတ် အတန်း အစားခိုင်ခံ့တည်မြဲမှှုပုံစံသည် သိုလှောင်သည့်ဂုဏ်သတ္တိိများကို လွှမ်းမိုးနိုင်သည်။
အက်စ်အက်စ်ပီ/တီအက်စ်ပီ၏ အစိုဓါတ်ပါဝင်မှှုကို စဉ်းစားပါ။
ရောစပ်စဉ်အတောအတွင်း နှိုင်းယှဉ်စိုထိုင်းဆကို စဉ်းစားပါ။
ဂျစ်ပဆမ်ဖြစ်ပေါ်လာမှှု၏ ဘေးအန္တရာယ်
အတွေ့အကြုံမရှိသော်လည်း ဤအရာသည် သဟဇာတဖြစ်မည်ဟု မျှော်လင့်နိုင်သည်။ စမ်းသပ်ခြင်းနှင့်/သို့မဟုတ် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အတည်ပြုပါ။
အေအက်စ်ထဲရှိ မသန့်စင်မှှုများနှင့် အရော၏အမြင့်ဆုံးနှိုင်းယှဉ်စိုထိုင်းဆ ကျဆင်းမှှုကို ထည့်သွင်း စဉ်းစားပါ။
နောက်ထပ်နိုက်ထရိတ်၏ အကျိုးသက်ရောက်မှှုဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားပါ။
အစိုင်အခဲဖြစ်ခြင်းကို ဖယ်ရှားရန်အလို့ငှာ အမိုးနီးယန်းဖော့စဖိတ်/ပိုတက်စီယမ်နိုက်ထရိတ်တို့၏ ယူရီးယားနှင့်အတူ ဓါတ်ပြုမှှုဖြစ်နိုင်ခြေနှင့် ရောစပ်စဉ်အတွင်း နှိုင်းယှဉ်စိုထိုင်းဆကို ထည့်သွင်း စဉ်းစားပါ။
အချုပ်အချယ်ကင်းမဲ့သောအက်ဆစ်ပါဝင်ခဲ့ပါက အမိုးနီးယားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို ဖြစ်စေခြင်းဖြင့် ယူရီးယား၏ရေစုပ်ယူမှှုမှာ ဖြစ်နိုင်ခြေရှိသည်။
အလွန်စေးကပ်သော ယူရီးယားဖော့စဖိတ်ဖြစ်ပေါ်ခြင်း
အစိုဓါတ်ကြောင့် အစိုင်အခဲဖြစ်ခြင်းပြဿနာအလားအလာ
အချုပ်အချယ်ကင်းမဲ့သောအက်ဆစ်ပါရှိခဲ့လျှင် ဓါတ်ပြုမှှုဘေးအန္တရာယ်ကို ထည့်သွင်းစဉ်းစားပါ။ ဥပမာ အမိုးနီးယားနှင့်အတူ ဓါတ်ပြယ်ခြင်းနှင့် ကာဗွန်နိတ်များနှင့်တိုက်ခိုက်ခြင်း