fbpx

ယာရာမီလာ ကွန်ပေါင်းမြေသြဇာများ

ယာရာမီလာ အဆင့်မြင့်ကွန်ပေါင်းမြေဩဇာများတွင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်နှင့် ပိုတက်စီယမ်တို့ ပေါင်းစပ်ပါဝင်ပြီး ထုတ်ကုန်အမျိုးအစားအလိုက် အနည်းလို အာဟာရဓာတ်များလည်း ပါဝင်ပါသည်။

YM Complex E

အစေ့ သို့မဟုတ် အလုံးတိုင်းတွင် အာဟာရအသီးသီးပါဝင်သော ကွန်ပေါင်းဓါတ်မြေသြဇာများ

ယာရာမီလာကွန်ပေါင်းဓါတ်မြေသြဇာများတွင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်နှင့် ပိုတက်စီယမ်တို့ ပေါင်းစပ်ခြင်း ပါဝင်ပြီး အများစုတွင် - အပင်များအာဟာရအတွက် မရှိမဖြစ်အများဆုံးလိုအပ်သည့် - ဆာလဖာလည်း ပါဝင်လျက် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတို့ကို အမြင့်ဆုံးဖြစ်စေရန်အလို့ငှာ သီးနှံပင်၏ အထူး လိုအပ်ချက်များကိုပြည့်မီစေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။

အာဟာရဓာတ်များ ရွေးချယ်ပါ

ပြုပြင်လွယ်သော အာဟာရ ပေါင်းစပ်မှုများ

  • အာဟာရပြိုကွဲထွက်မှု မရှိခြင်း - အလုံး သို့မဟုတ် အစေ့တိုင်းတွင် အာဟာရများအားလုံး ပါဝင် သောကြောင့် တင်ပို့ခြင်း၊ ကိုင်တွယ်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း စသည်တို့ကို ပြုလုပ် သောအခါ အာဟာရပြိုကွဲထွက်သည့် ဘေးအန္တရာယ် မဖြစ်နိုင်ပေ။
  • အာဟာရအသုံးပြုမှု ညီမျှခြင်း - အာဟာရများ အားလုံးကို သီးနှံပင်တခုလုံးသို့ အညီအမျှ ထည့်ပေးခြင်းသည် မညီမညာအသုံးပြုခြင်းနှင့် အထွက်နှုန်းလျော့ကျခြင်းတို့ကို ဖယ်ရှားပေးသည်။
  • အာဟာရအချိုးအမျိုးမျိုး - အင်န် ၊ ပီ ၊ ကေ အပေါင်းအက်စ် အချိုးအမျိုးမျိုးနှင့် အဓိက မဟုတ်သောနှင့် မရှိမဖြစ် ပမာဏအနည်းငယ်သာ လိုအပ်သော အာဟာရဓါတ်များပါဝင်သော ပုံသေနည်းတို့ကြောင့် ယာရာ မီလာ ဓါတ်မြေသြဇာများသည် သီးနှံပင်အခြေ အနေများအားလုံးအတွက် အကျိုးရလဒ်ကောင်းဖြစ်စေသည်။
  • ဆာလဖာပါဝင်မှု - ယခုအခါ ပုံသေနည်းများ အားလုံးနီးပါးတွင် ဆာလဖာပါဝင်ခြင်းသည် နောက်ထပ်ဆာလဖာ ဓါတ်မြေသြဇာတစ်မျိုး ထည့်သွင်းရန်မလိုအပ်ပဲ ညီညွတ်မျှတသည့် မြေသြဇာကျွေးခြင်း အကျိုးရလဒ်ဖြစ်ပေါ်စေသည်။
  • အပိုအာဟာရဓါတ်များ - ယာရာမီလာ ဓါတ်မြေသြဇာ အများအပြားတွင် သီးနှံပင်များ အတွက် သီးသန့်လိုအပ်သော မရှိမဖြစ်သည့် ပမာဏအနည်းငယ်သာ လိုအပ်သော အာဟာရဓါတ်များလည်း ပါရှိသည်။ ၎င်းတို့တွင် ဘိုရွန်၊ သံ၊ မဂ္ဂနီးစ်၊ မိုလီဒီနမ်၊ သွပ် နှင့်/သို့မဟုတ် ဆယ်လီနီယမ်တို့ ပါရှိနိုင်သည်။

အကျိုးရှိသော အာဟာရ အရင်းအမြစ်များ

  • ညီမျှသောနိုက်ထရိုဂျင်အရင်းအမြစ် - နိုက်ထရိုဂျင်သည် နိုက်ထရိတ်-နိုက်ထရိုဂျင်အနေဖြင့် ၄၀-၄၅% နှင့် အမိုနီးယမ်- နိုက်ထရိုဂျင် အနေဖြင့် ၅၅-၆၀% ပါရှိပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် သီးသန့်ပုံသေနည်းတို့အပေါ် မူတည်သည်။
  • လျင်မြန်သောနိုက်ထရိုဂျင်စုပ်ယူစားသုံးမှု - နိုက်ထရိတ်-နိုက်ထရိုဂျင် မြင့်မားစွာပါဝင်မှု သည် နိုက်ထရိုဂျင်ကို လျင်မြန်စွာတုန့်ပြန်မှု တစ်ခုရှိပြီး အမိုးနီးယန်း-နိုက်ထရိုဂျင်မြင့်မားခြင်းသည် နိုက်ထရိုဂျင်ကို ရေရှည်သယ်ယူပို့ဆောင်ပေးမှု တစ်ခု ထိန်းသိမ်းပေးရန် အရေးကြီးသည်။
  • ဖော့စဖိတ်ရရှိနိုင်မှု - ဖော့စဖရပ်စ်ကို ရေတွင် ပျော်ဝင်နိုင်သော အော်သိုနှင့်ပိုလီဖော့စဖိတ်များနှင့် အမိုးနီးယန်းစီထရိတ် ပျော်ဝင်နိုင်သော ဒိုင်ကယ် လစီယမ်ဖော့စဖိတ်တို့အဖြစ်ဖြင့် အပင်မှအပြည့်အဝ ရယူစားသုံးနိုင်သည်။ ကွဲပြားခြားနားသော ပုံစံများ ပေါင်းစပ်ခြင်းသည် ပမာဏများပြားပြီး တာရှည်ခံ သော ဖော့စဖရပ်စ်ကို သီးနှံပင်များမှ ရရှိစေသည်။
  • အခြားပိုတက်စီယမ်အရင်းအမြစ်များ - ပိုတက်စီယမ် သည် အမ်အိုပီ (မူရီယိတအော့ဖ် ပိုတက်ရှ်- ပိုတက်စီယမ် ကလိုရိုက်) ကဲ့သို့လည်းကောင်း သို့မဟုတ် အက်စ်အိုပီ(ဆာလဖိတ်အော့ဖ်ပိုတက်ရှ်-ပိုတက်စီယမ်ဆာလဖိတ်) ကဲ့သို့လည်းကောင်း ပါဝင်သည်။ အက်စ်အိုပီကိုအခြေခံ၍ထုတ်လုပ်သော ထုတ်ကုန် များသည် အထူးသဖြင့် ကလိုရိုက်ခံနိုင်ရည်အား နည်းပါးသော သီးနှံပင်များအတွက်ဖြစ်ပြီး အမ်အိုပီ အခြေခံထုတ်ကုန်များမှာ အခြားသီးနှံပင်များ အားလုံးအတွက် သင့်တော်သည်။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅