fbpx

မြေသြဇာ ထုတ်ကုန်များ

ယာရာမီလာ ကွန်းပလပ်စ်

ယာရာမီလာ ကွန်းပလပ်စ်သည် သီးနှံများ အတွက်အထွက်နှုန်းနှင့်အရည်အသွေးမြင့်မားစေသော မြေသြဇာဖြစ်ပါသည်။

YM Complex E ယာရာမီလာ ကွန်းပလပ်စ် သည် သီးနှံများအတွက်အထွက်နှုန်းနှင့်အရည်အသွေးမြင့်မားစေသော မြေသြဇာဖြစ်ပါသည်။

ချောမွေ့သောအလုံးတိုင်းတွင် နိုက်ထရိုဂျင်(N) ဖော့စဖောရပ် (P)၊ ပိုတက်စီယမ် (K)နှင့်အတူ အနည်းလိုအာဟာရများလည်းပါဝင်၍ သီးနှံများအတွက်လို အပ်သော အာဟာရများ မျှတစေပါသည်။

ညီမျှသော နိုက်ထရိုဂျင်အရင်းအမြစ်သည် အပင်ကြီးထွားမှုကို ပိုမိုမြန်ဆန်စေခြင်း ၊ အထွက်နှုန်း ပိုမိုမြင့်မားခြင်း နှင့် အရွယ်အစား ပို၍ကြီးစေခြင်း စသည့် အကျိုးကျေးဇူးတို့ ရရှိပါ သည်။ ထို့အတူ ပိုမိုထိရောက်သော နိုက်ထရိုဂျင် (N) အရင်းအမြစ်သည် ပတ်ဝန်းကျင်သို့ အာဟာရဓာတ်ဆုံးရှုံးခြင်းမှုကို ပိုမိုလျှော့နည်းစေရန် ရည်ရွယ်ပါသည်။

ယာရာ၏ နိုက်ထရို ဖော့စဖိတ် ထုတ်လုပ်သည့်ဖြစ်စဉ်သည် ယာရာမီလာတွင် ပိုလီဖော့စဖိတ်နှင့် အော်သိုဖော့စဖိတ်၏ ပြိုင်ဘက်ကင်းသော ပေါင်းစည်းထားမှုကို ပေးပါသည်။ ထိုပုံစံများ သည် သီးနှံများအတွက် မြေကြီးအမျိုးစား အမျိုးမျိုးကို ကျော်လွန်၍ ပျော်ဝင်နိုင်သော ဖော့စ်စဖိတ်ဓာတ် ရရှိနိုင်မှုကို ပို၍ပေးပါသည်။

ထိုထုတ်ကုန်၏ ပိုလီဖော့စဖိတ် အစိတ်အပိုင်းသည် သီးနှံ၏အနည်းလို အာဟာရဓာတ် စုပ်ယူမှုကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။

အသီးနှင့် ဟင်းသီးဟင်းရွက်များတွင် MOP (ပိုတက်ဆီယမ် ကလိုရိုဒ်) ကြောင့် အန္တာရာယ် ဖြစ်စေနိုင်သည့် နေရာတွင် ယာရာမီလာ ကွန်းပလပ်စ် မြေသြဇာသည် ပိုတက် ဆီယမ် အရင်း အမြစ်အနေဖြင့် SOP (ပိုတက်ဆီယမ် ဆာလ်ဖိတ်) ကို သုံးထားပါသည်။ ပိုတက်ဆီယမ်သည် သီးနှံအားလုံးအတွက် ဖိအားများ နှင့် အပင်ရောဂါ အမျိုးမျိုး အတွက် အပင်၏ ခံနိုင်ရည်ရှိမှုကို တိုးတက်လာစေရန် အရေးကြီးပါသည်။ ပိုတက်ဆီယမ်ဓာတ်သည် အပင်အတွင်း ရေရွှေ့လျားမှုကို ထိန်းညှိရာတွင် အသက်တမျှ အရေး ကြီးသော အာဟာရဓာတ်ဖြစ်ပါသည်။

လက်နှင့်ဖြစ်စေ သို့မဟုတ် စက်ဖြင့်ဖြစ်စေ ကျဲပက်ရာတွင် လွယ်ကူစွာနှင့် တိကျစေရန် ယာရာမီလာ အလုံးတိုင်းကို အထူးပုံစံဖြင့် ထုတ်လုပ်ထားပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅