fbpx

သတင်း နှင့် ဖြစ်ရပ်များ

မြေဆီလွှာတွေ ညစ်ညမ်းစေခြင်းကို ရပ်တန့်ဖို့ အချိန်ရောက်ပြီလား

  • နစ်ပေါင်း(၆၀)အတွင်း ကမ္ဘာ့အပေါ်ယံမြေဆီလွှာတွေဆုံးရှုံးလာခြင်းကို ကျွန်ပ်တို့ တွေ့ကြုံနေရတယ်။
  • ဆတိုးမြေဆီလွှာထိန်းသိမ်းခြင်းကို သန်းပေါင်းများစွာရှိတဲ့ လယ်သမားများက ပြုလုပ်နိုင်ပါတယ်။
  • စီးပွါးရေးလုပ်ငန်းတွေဟာ သဘာဝတရားကြီး ဆုံးရှုံးလာခြင်း ရဲ့ အကျိုးသက်ရောက်မှုတွေ ကို လျော့ပေါ့တွက်ဆနေကျတယ်။

 

ဖြစ်ပေါ်နေတဲ့ရာသီဥတုအန္တရာယ် တွေကို ကူညီဖြေရှင်းဖို့ ရာ အဖြေများကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့တာလည်း ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုများထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြေရှင်းနည်းတွေကို အတိုင်းအတာတစ်ခုထိ အသုံးချနိုင်စွမ်း မရှိတာကိုလည်း မချင့်မရဲဖြစ်ရပါတယ်။

၂၀၁၉ ခုနစ် ဟာ ကမ္ဘာ့ လုပ်ငန်းစဉ်မှာ သဘာဝနဲ့ မြေယာ အသုံးပြုမှု ထိပ်ဆုံးကိုရောက်ရှိခဲ့တဲ့ နစ်လည်းဖြစ်ခဲ့ပါတယ်။ အစာရေစာမပြည့်စုံခြင်း နဲ့ မြေယာအသုံးပြုမှုစနစ်တွေကို မဖြေရှင်းနိုင်ရင် ပါရီသဘောတူစာချုပ် နဲ့ ကိုက်ညီမှုရှိမှာ မဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။

မြေဆီလွှာပျက်စီးခြင်းဟာ လူပေါင် (၃.၂) ဘီလျံကို အကျိုးသက်ရောက်စေပါတယ်။ ဒါကို ၂၀၂၀ မှာ ပြောင်းလဲရပါမယ်။ တကယ်လို့ မပြောင်းလဲနိုင်ဘူးဆိုရင် နှစ်ပေါင်း (၆၀)အတွင်း ကမ္ဘာ့အပေါ်ယံ မြေဆီလွှာအတွက် စွန့်စားရာကျပါလိမ့်မယ်။

ကျန်းမာတဲ့ မြေဆီလွှာ တွေ က အလွန်အရေးပါတဲ့ ရင်းမြစ်တွေဖြစ်ပါတယ်။ ရေနဲ့ ကာဗွန်တွေကို သိုလှောင် သိမ်းဆည်းထားနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေကို တိုးပွါးလာစေခြင်း နဲ့ အစာရေစာလုံခြုံမှုကို တိုးပွါးလာအောင် ထိန်းသိမ်းပေးနိုင်ခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ မြေဆီလွှာကျန်းမာရေး ကို တိုးတတ်စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ သဘာဝသဘာဝတရား အပေါ်လွှမ်းမိုးနေတဲ့ လူသားတို့ရဲ့ အကျိုးသက်ရောက်မှုကို ကောင်းမွန်စွာသဘောပေါက်နားလည်ပြီး တောင်သူများနဲ့ အတူတကွ ကောင်းမွန်လာအောင်လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

Yara Soil

ကျွန်တော်ဟာ ၂၀၁၉ နိုဝင်ဘာလတုန်းက အိန္ဒိယ၊ အဂါပြည်နယ် မှာရှိတဲ့ Khandoli ရွာမှာ ဂိုဘင်အဂါဝယ်နဲ့ ဇနီးဖြစ်သူ အန်ဂျုကို တွေခဲ့ပါတယ်။ လေးဟတ်တာရှိပြီး အထွက်နှုန်းကောင်းမွန်တဲ့အာလူးခင်းတွေ ပိုင်ဆိုင်ထားသလို မှန်ကန်တဲ့ သီးနှံအာဟာရ စနစ်တွေကြောင့် နစ်စဉ် ၁၅ % အထွက်နှုန်း တိုးခဲ့ပါတယ်။ သူတို့ဟာ ဗဟုသုတတွေကို ပေါင်းစပ်ပြီး ဖြေရှင်းနည်းများအဖြစ် ပြောင်းလဲခဲ့ကြတယ်။
မှန်ကန်ညီမျှပြီးတိကျတဲံ အာဟာရဓာတ်ပုံစံတွေ၊ သက်ရှိစွန့်ပစ်ပစ္စည်းတွေနှင့် တွဲဖက်အသုံးပြုတဲ့ မြေဆီလွှာစီမံခန့်ခွဲခြင်းပုံစံနှင့် သီးနှံဖုံးအုပ်စိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်သိမ်းစောင့်ရှောက်ခြင်း၊ ထွန်ယက်မှုမရှိခြင်း (သို့မဟုတ်) လျော့နည်းစေခြင်းစတဲ့ နည်းလမ်းတွေဟာ မြေဆီလွှာထိန်းသိမ်းခြင်းနှင့် တိုးတက်ကောင်းမွန်လာစေရန် အဓိကကျတဲ့ သောချက်တွေပဲဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကတော့ တောင်သူတစ်ယောက်က ကိုယ်ပိုင်ယာမြေ ကိုအထွက်နှုန်းတိုးတက်အောင်၊ မြေဆီလွှာ အရည်အသွေးကောင်းမွန်အောင် နဲ့ Carbon footprint တွေက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးပွားလာအောင် လုပ်ဆောင်သွားတဲ့ ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်က သေးငယ်တယ်ထင်ရပေမယ့် သန်းပေါင်းများစွာရှိတဲ့ တောင်သူတွေပါ ပါဝင်ပီးဆတိုးပြောင်းလဲမယ်ဆိုရင် ကမ္ဘာကြီးအတွက် အရေးပါတဲ့ ပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တောင်သူတွေဟာ သူတို့ရဲ့ ခွန်အားကို အသုံးပြုပီးသာ အလုပ်လုပ်ကြပါတယ်။ ဒါဟာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ။ တကယ်တော့ တောင်သူတွေဟာလည်း ဉာဏအားကို အသုံးပြုပြီး အလုပ်လုပ်ကိုင်နိုင်ပါတယ်။ သူတို့ရဲ့အလုပ်တွေဟာ ရှုပ်ထွေးတယ်လို့ ကျွန်တာ်မတွေးမိပါဘူး။ အမှုဆောင်အရာရှိချုပ်တွေ၊ စာရင်းကိုင်တွေ၊ ပရိုဂမ်မာတွေအစရှိတဲ့ဘယ်သူ့အလုပ်က ပိုရှုပ်ထွေးတယ်ဆိုတာ မေ့ထာ့ပြီး အချိန်အကန့်အသတ်အတွင်းမှာ တောင်သူတွေရင်ဆိုင်နေရတဲ့ မမျော်မှန်းနိုင်တဲ့ ရာသီဥတု၊ ရာသီဥတုပြောင်လဲခြင်းကြောင့်ဖြစ်လာတဲ့ မုန်တိုင်းနှင့်ရေကြီးခြင်း တွေကို ကူညီဖြေရှင်းဖို့ ကျွန်ပ်တို့က ရှိနေတာပဲဖြစ်ပါတယ်။

Causes and consequences of soil loss

 မိုးလေဝသခန့်မှန်းခြင်းတွေက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝမှာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲဖြစ်ပြီး ထီးယူဆောင်ဖို့သင့်မသင့် ဆုံးဖြတ်ချက်ချရုံလောက်သာ ဖြစ်နေပါတယ်။ ဒါပေမယ့် တောင်သူတွေအတွက်ကတော့ ယခုနစ်မှာ ထွန်ယက်စိုက်ပျိုးခြင်းကို ရင်နှီးမြှပ်နှံဖို့ သင့်မသင့် နဲ့ လာမည့်နစ်တွေမှာ ထွန်ယက်စိုက်ပျိုးနိုင်ဖို့ အလားအလာတွေကို ဆုံးဖြတ်ရာမှာ တန်ဖိုးရှိလှပါတယ်။

ကမ္ဘာတစ်ဝှန်းမှာရှိတဲ့ ကုမ္ပဏီတွေဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာများကို ဖြေရှင်နိုင်ဖို့သူတို့ရဲ့ စီးပွားရေးပုံစံတွေကိုပြောင်းလဲလာကြပြီး ရည်ရွယ်ချက်တွေနဲ့ အကျိုးအမြတ် နှစ်ခုလုံး ရယူနိုင်ဖို့ သူတို့ရဲ့ အတွေးအခေါ်များကို ပြောင်းလဲနေကြပါတယ်။ ဆန်းသစ်တီထွင်မှုတွေက ပြောင်းလဲခြင်းတစ်ရပ်ကိုဖြစ်စေပြီး လူမှုဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေဟာ စီးပွါးရေးရည်မှန်းချက်တွေနဲ့ ဘယ်သို့ဘယ်ပုံ ဆက်ယှက်နေတယ် ဆိုတာကို ကျွန်တော်တို့ဟာ ပိုတွေ့မြင်လာရပါတယ်။ ပိုမိုလတ်ဆတ်တဲ့လေကောင်းလေသန့်တွေလား၊ မြေဆီလွှာ တွင်းက ဇီဝပစ္စည်းတွေ၊ ကာဗွန်ဓာတ်တွေ သို့မဟုတ် ကျေးလက်ဆင်းရဲမှုလျော့ချခြင်းတွေလား အစရှိသဖြင့်ပေါ့။

တစ်ချိန်တည်းမှာပဲ စီပွါးရေးလုပ်ငန်းအများစုဟာ အန္တရာယ်ဖြစ်နိုင်တဲ့ အရာတွေကို လျော့တွက်ခန့မှန်းထားကြတယ်။ ရာသီဥတုပြောင်းလဲခြင်းအန္တရာယ် ကို အသိသတိရှိခြင်းတွေက တိုးတတ်လာပင်မယ့် သဘာဝတရား ဆုံးရှုံးခြင်းနှငိ့ဆကိစပ်နေတဲ့ အန္တရာယ်တွေအပေါ်ကိုတော့ အလှမ်းကွာဝေးနေသေးတယ်ဆိုရပါမယ်။ ဒါလိုဖြစ်ရပ်တွေက အတော်လေးမမြင်နိုင်တဲ့ အန္တရာယ်တွေပါပဲ။

ကမ္ဘာ့စီးပွါးရေးဖိုရမ်အသစ် (သို့မဟုတ်) သဘာဝဘေးအန္တရာယ်မြင့်တင်လာမှုဆိုင်ရာ PWC အစီရင်ခံစာ: သဘာဝပတ်ဝန်းကျင်အပေါ် ဘေးအန္တရာယ်များက လွှမ်းမိုးလာခြင်းဟာ ဂေဟစေနစ်အား ပျက်စီးစေနိုင်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွါးရေးလုပ်ငန်းများအပေါ် ကြီးမားတဲ့ ဆိုးကျိုး သက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။ သဘာဝတရား ဆုံးရှုံးမှုနဲ့ ဆက်နွယ်နေတဲ့ ဆုံးရှုံးမှုစရိတ် က ရောင်းဝယ်ဖောက်ကားမှုတွေအပေါ် မမျော်လင့်ထားတဲ့ အန္တရာယ် နဲ့ စီးပွားရေးယန္တရားတစ်ခုလုံးတွက်တော့ အကွက်ကျလှတဲ့ အန္တရာယ်တွေအဖြစ်နဲ့ ပေါ်ပေါက်လာပါတယ်။ ဒီအရာတွေကို အားကုန်သုံးပြီး မဖြေရှင်းနိုင်ဖူးဆိုရင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ရရှိဖို့ရာ ခဲယဉ်းပါလိမ့်မယ်။

လူသားမျိုးနွယ်တွေဟာ သဘာဝတရားနဲ့ မြေဆီလွှာ ကျန်းမာသန်စွမ်းခြင်း အပေါ် ကြီးမားတဲ့ ဆိုးကျိုးတွေသက်ရောက်စေခဲ့ပြီး ထိုအချက်ကပဲ သဘာဝတရားကြီးပြန်လည်ကောင်းမွန်စေဖို့ အလားအလာရှိတဲ့အရာလည်း ဖြစ်ပါတယ်။

Unilever ရဲ့ မှုဆောင်အရာရှိချုပ်ဟောင်း Paul Polman ပြောခဲ့တဲ့အတိုင်း ပြန်ပြောရမယ်ဆိုရင် ကျွန်ုပ်တို့ဟာ မြေဆီလွှာတွေကို အညစ်အကြေးသဖွယ် ပြုမူနေတာကိုတွေရပ်တန့် ရပါမယ်။ ဒီအဆိုကို တကယ်ပဲသဘောတူပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဖြေရှင်းနိုင်တဲ့နည်းလမ်းက မြေဆီလွှာထဲမှာ ရှိနေပြီး ဒီမြေဆီလွှာကိုပဲ ဖြေရှင်းနည်းတစ်ခုအဖြစ် ပြုလုပ်ရမှာဖြစ်ပါတယ်။

Svein Tore Holsether

President and Chief Executive Officer, Yara International

 

 

 

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅