fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာအာရှက ရေရှည်တည်တံ့မှုဆု ရရှိ

Yara Asia Pte Ltd သည် စင်္ကာပူနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း EuroCham က ပေးအပ်သည့် ရေရှည်တည်တံ့သော အစားအသောက်နှင့် အာဟာရ ကဏ္ဍတွင် ရေရှည်တည်တံ့မှုဆုကို ချီးမြှင့်ခံခဲ့ရပါသည်။ ရေရှည်တည်တံ့သည့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုတွင် အကောင်းဆုံး လက်တွေ့ဆောင်ရွက်သူများကို အသိအမှတ်ပြုရန် EuroCham မှ စတင်ဆောင်ရွက်လိုက်သည့် ပထမဆုံးအကြိမ် ရေရှည်တည်တံ့မှုဆုလည်းဖြစ်ပါသည်။

Yara Asia wins prestigious sustainability award

Mrs Grace Fu Hai Yien, Singapore's Minister for Sustainability and Environment presenting the award to Mr Leif Tveide, Senior Vice President Yara Asia


“တိကျမှန်ကန်တဲ့ စိုက်ပျိုးရေးအတွက် ဒစ်ဂျစ်တယ် သင်ယူရေးကိရိယာတွေ ဖွံ့ဖြိုးတိုးတက်မှုမှာ ဦးဆောင်မှု ရယူနေခဲ့တာကြောင့် ယာရာကို ကျွန်တော် သဘောကျခဲ့ပါတယ်။” ဟု စင်္ကာပူနိုင်ငံ ငွေကြေးလဲလှယ်မှု (SGX) ၌ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ဆုပေးရေး အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ Mr Loh Boon Chye က ပြောကြားခဲ့ပါသည်။
ယာရာအာရှသည် ING, Alstom နှင့် Wipak ကဲ့သို့သော အသိအမှတ်ပြု၍ ကျော်ကြားသော ကုမ္ပဏီများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဤဆုကို ထိုက်တန်စွာ လက်ခံရရှိခဲ့ပါသည်။ ဒီအဖွင့် ဆုကို လက်ခံရရှိခြင်းအနေဖြင့် ယာရာ အာဖရိကနှင့် အာရှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Fernanda Lopes Larsen က အကဲဖြတ်ဒိုင်လူကြီးများကို အသိအမှတ်ပြုခြင်းအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။


“ဒီဆုကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။

ကျွန်မတို့ မျှဝေနေတဲ့ သီးနှံ အာဟာရများနဲ့ဖြေရှင်းနည်းတွေဟာ ရေရှည်တည်တံ့တဲ့ ရှင်သန်မှုအတွက်

အစားအသောက်နဲ့ အာဟာရတွေအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။”

Fernanda Lopes Larsen, Executive Vice President, Yara Africa & Asia

Fernanda Lopes Larsen


“ကျွန်မတို့ရဲ့ အဓိကရည်မှန်းချက်က တာဝန်သိသိနဲ့ ကမ္ဘာကြီးကို ကျွေးမွေးဖို့နဲ့ ကမ္ဘာမြေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့မှုဆိုတာဟာ ယာရာမှာ ကျွန်မတို့ လုပ်ဆောင်သမျှအားလုံးမှာ အဓိကနေရာမှာ ရှိပါတယ်” ဟု ဆိုခဲ့ပါသည်။
စိုက်ပျိုးရေးသည် ဥတုရာသီ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ယာရာက ယုံကြည်ပါသည်။

ရေရှည်တည်တံ့သည့်တန်ဖိုး တိုးတက်မှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့၏ အဓိက မဟာဗျူဟာများထဲမှ တစ်ခုကတော့ ကမ္ဘာ့စိုက်ပျိုးရေးအဖွဲ့အစည်းနှင့် အစားအသောက် လုပ်ငန်းနယ်ပယ်အတွက် ကောင်းမွန်သည့် ဥတုရာသီနှင့် အထွက်နှှုန်းမြင့်မားသော သီးနှံအာဟာရဖြေရှင်းနည်းများကို တည်ဆောက်လုပ်ကိုင်ခြင်း ဖြစ်ပါသည်။

“ကျွန်မတို့အနေနဲ့ ပိုမိုရေရှည်တည်တံ့တဲ့ အစားအသောက်တန်ဖိုး တိုးတက်လာအောင် လုပ်ဆောင်နေပြီး စီးပွားဖြစ်လုပ်ကိုင်တဲ့ တောင်သူကြီးနဲ့ အသေးစားလုပ်ကိုင်တဲ့ တောင်သူ သန်းပေါင်းများစွာကို ပံ့ပိုးပေးနေတဲ့ ဒစ်ဂျစ်တယ် စိုက်ပျိုးရေးပစ္စည်းတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာမှာ ဦးဆောင်မှု ရယူခဲ့ပါတယ်။ တောင်သူတွေဟာ ယာရာ အားထုတ်မှုတွေရဲ့ အဓိကအချက်အချာမှာ ရှိပါတယ်။ ဥပမာ - ယာရာရဲ့ FarmWeather အပလီကေးရှင်းဟာ ကမ္ဘာအနှံ့က တောင်သူတွကို ဥတုရာသီ ပြောင်းလဲမှုကြောင့် ပြောင်းလဲနေတဲ့ ရာသီဥတု ပုံစံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်စေပြီး ယာရာရဲ့ FarmCare အက်ပလီကေးရှင်းဟာ ပြည့်စုံကျယ်ပြန့်တဲ့ စိုက်ပျိုးသီးနှံအထူးပြု သီးနှံစိုက်ပျိုးရေးစက်ပစ္စည်းကို ချမ်းသာကြွယ်ဝတဲ့ လယ်သမားတွေအတွက် အသုံးပြုစေနိုင်ပါတယ်။ နည်းပညာဟာ သန်းပေါင်းများစွာသော တောင်သူတွေကို ဒစ်ဂျစ်တယ်ဆိုင်ရာ ချိတ်ဆက်မှုနဲ့ ပံ့ပိုးမှုတွေကို ပေးနိုင်ပြီး ရေရှည်တည်တံ့ ထိရောက်တဲ့ အစားအစာ ထုတ်လုပ်ခြင်းကို တိုးတက်စေနိုင်ပါတယ်။” လို့ Lopes Larsen က ဆက်လက်ပြောခဲ့ပါသည်။

“အထူးသဖြင့် စင်္ကာပူနဲ့ အာရှမှာ ကမ္ဘာ့စိုက်ပျိုးရေးကို ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုအခက်အခဲတွေကို ဖြေရှင်းဖို့ နည်းပညာနဲ့ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လုပ်ဆောင်နိုင်မယ့် ရင်းမြစ်တွေ ကျွန်မတို့မှာ ရှိပါတယ်။ ကမ္ဘာတစ်လွှားက တောင်သူတွေမှာ စိုက်ပျိုးရေးအသိပညာနဲ့ ဈေးကွက်တွေမှာ ပိုကောင်းမွန်အောင် ဝင်ရောက်ဖို့ လိုအပ်ပါတယ်။ ယာရာဟာ တောင်သူတွေကို စွမ်းအင်မြှင့်တင်ပေးဖို့အတွက် ဆန်းသစ်တီထွင်ပြီး နည်းပညာ ဦးဆောင်တဲ့ ရလဒ်တွေ ဆက်လက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်။”
Yara Asia Pte Ltd သည် ၁၉၉၅ ခုနှစ်ကတည်းက စင်္ကာပူတွင် လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅