fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာ အမှတ်တံဆိပ်၏ ပထမဆုံး အရောင်းဆိုင်ကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ် - ကမ္ဘာ့ထိပ်တန်း မြေသြဇာကုမ္ပဏီဖြစ်သော ယာရာမှ မြန်မာနိုင်ငံတွင် ပထမဆုံး ယာရာအမှတ်တံဆိပ် အရောင်းဆိုင်ဖွင့်လှစ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပထမဦးဆုံး ယာရာအမှတ်တံဆိပ် အရောင်းဆိုင်ကို မြန်မာနိုင်ငံဈေးကွက်သို့ တရားဝင် ဝင်ရောက်သည့် အထိမ်းအမှတ်အဖြစ် မကြာသေးမီ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ယာရာမြန်မာ စတင်မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြီးနောက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

 

ယာရာအမှတ်တံဆိပ် အရောင်းဆိုင်ဖွင့်လှစ်ပွဲကို ယာရာမှ တာဝန်ရှိသူများ မြန်မာနိုင်ငံအထက်ပိုင်းသို့ ကွင်းဆင်းလေ့လာသည့် ခရီးစဉ်တွင် ယာရာ၏ CEO နှင့် President ဖြစ်သူ Svein Tore Holsether က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ဆိုင်သစ်ဖွင့်လှစ်ခဲ့ခြင်းသည် သခွားမွှေးနှင့် အခြား အဖိုးတန်သီးနှံများစွာကို အဓိက စိုက်ပျိုးသည့် ချောင်းဦးမြို့နယ်ရှိ စိုက်ပျိုးတောင်သူများအတွက် ယာရာအမှတ်တံဆိပ် သီးနှံ အာဟာရဖြည့် ထုတ်ကုန်များအား တရားဝင် စတင်ရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း အမှတ်အသား တစ်ခုပင် ဖြစ်ပါသည်။

CEO President

ယာရာ၏ CEO နှင့် President ဖြစ်သူ Svein Tore Holsether (အလယ်) မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ

ယာရာအမှတ် တံဆိပ် အရောင်းဆိုင်ကို ဆိုင်ရှင်များ ဖြစ်ကြသော ဒေါ်မြမိုးနွယ် (ဝဲပုံ) နှင့် မယဉ်မိုးအောင် (ယာပုံ) တို့နှင့်အတူ ဖွင့်လှစ်ပေးနေစဉ်

 

image005

ယာရာ၏ တာဝန်ရှိသူများမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ယာရာအမှတ်တံဆိပ် အရောင်းဆိုင်ဖွင့်လှစ်ပွဲ

အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ဆိုင်ရှင်များနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။

 

image006

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ပထမဆုံး ယာရာအမှတ်တံဆိပ် အရောင်းဆိုင်တွင်

ယာရာမြန်မာ၏ Country Manager ဖြစ်သူ Håvar Valved ကို ယာရာ သီးနှံအာဟာရဖြည့် ထုတ်ကုန်များနှင့်အတူ တွေ့ရစဉ်

ယာရာမှ ချောင်းဦးမြို့နယ်တွင် ယာရာ သီးနှံအာဟာရ နည်းပညာထုတ်ကုန်များဖြင့် စိုက်ပျိုးခဲ့သည့် ပထမဆုံး သခွားမွှေးများ ဆွတ်ခူးခြင်း အခမ်းအနားကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ သီးနှံကြီးထွားမှု ခက်ခဲသော ရာသီဥတုတွင် ဦးညွှန့်ဝင်း၏ သခွားမွှေးစိုက်ခင်းသည် ယာရာသီးနှံအာဟာရ ဖြည့်တင်းနည်းလမ်းကို စနစ်တကျ လိုက်နာကျင့်သုံးပြီးနောက် သခွားမွှေး အထွက်နှုန်း ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သီးနှံအရည်အသွေး ၂၅ ရာခိုင်နှုန်းအထိ ပိုမို ကောင်းမွန်တိုးတက်လာခဲ့သည်။

 

“စိုက်ပျိုးတောင်သူ တော်တော်များများမှာ အဟန့်အတားတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး ဒီအဟန့်အတားတွေကို ကူညီလျှော့ချပေးနိုင်ဖို့ ယာရာက မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးတောင်သူတွေနဲ့ အတူတကွ လက်တွဲအလုပ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။ ယာရာက နှစ်ပေါင်း ၁၀၀ ကျော် ဂုဏ်ယူဖွယ်ရာ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ပြီး အာရှနိုင်ငံက စိုက်ပျိုးတောင်သူတွေကြားမှာ ယုံကြည်ရတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့တာ ဆယ်စုနှစ်လေးခု တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့မှာ စိုက်ပျိုးတောင်သူတွေရဲ့ သီးနှံအထွက်နှုန်းနဲ့ အရည်အသွေး တိုးတက်ကောင်းမွန်လာစေဖို့ ကူညီထောက်ပံ့ပေးနိုင်မယ့် အသိပညာ၊ ဗဟုသုတတွေနဲ့ အရည်အသွေးမြင့် မြေသြဇာတွေ ရှိပါတယ်။ ဒါကြောင့် သီးနှံတွေ ဈေးကောင်းကောင်းရပြီး အမြတ်ငွေ တိုးတက်လာမှာ သေချာပါတယ်” ဟု သခွားမွှေး စိုက်ပျိုးရောင်းချသူ ကိုနိုင်ထွေးနှင့် သခွားမွှေးများ အတူတကွ ရိတ်သိမ်းပေးခဲ့သည့် ယာရာ၏ CEO နှင့် President ဖြစ်သူ Svein Tore Holsether က ပြောသည်။

image007

 

image image 1

 

ယာရာ၏ CEO နှင့် President ဖြစ်သူ Svein Tore Holsether မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ သခွားမွှေး စိုက်ပျိုးရောင်းချသူ

ဦးနိုင်ထွေးနှင့်အတူ ယာရာ သီးနှံအာဟာရ နည်းပညာထုတ်ကုန်များ အသုံးပြုစိုက်ပျိုးထားသော ပထမဆုံး သခွားမွှေးများကို ဆွတ်ခူးနေစဉ်

 

မြန်မာနိုင်ငံသည် ယာရာ အင်တာနေရှင်နယ်ကုမ္ပဏီမှ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်လျက် ဝင်ရောက်လာသည့် နောက်ဆုံးနိုင်ငံ ဖြစ်ပါသည်။ ယာရာ ကုမ္ပဏီသည် သီးနှံအာဟာရဖြည့်နည်းပညာ ကုမ္ပဏီများအတွင်း ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေပြီဖြစ်ကာ နိုင်ငံပေါင်း ၁၆၀ သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ၁၉၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ အရည်အသွေးမြင့် မြေသြဇာနည်းပညာများနှင့် ဒေသခံ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေကာ အတူတကွ ရင်းရင်းနှီးနှီး လုပ်ကိုင်ခြင်းများကြောင့် လူသိများကျော်ကြားခဲ့ခြင်း ဖြစ်ပါသည်။

 

ယာရာသည် မြန်မာနိုင်ငံတွင် ၎င်း၏ စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်းကို ယခုနှစ်အတွင်း စိုက်ပျိုးတောင်သူများစွာဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်း လုပ်ဆောင်ရာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်လာစေရန်နှင့် အမြတ်အစွန်း ပိုမို ရရှိလာစေရန် ရည်ရွယ်၍ ထောင်ပေါင်းများစွာသော စိုက်ပျိုးတောင်သူများအတွက် စာတွေ့၊ လက်တွေ့ သရုပ်ပြ သင်ကြားပေးခြင်း နှင့် ကွင်းဆင်းလေ့လာကာ အသိပညာ၊ ဗဟုသုတများ ဝေမျှပေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

ယာရာကုမ္ပဏီအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.yara.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅