fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာ ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ရန် မျှော်လင့်လျက်ရှိ

ကမ္ဘာ့ထိပ်တန်း Yara International ASA မြေသြဇာ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်လာပြီ ဖြစ်ပါသည်။ နိုင်ငံတကာ ယာရာ ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ GDP မြင့်မားလာစေရေးကို ဦးတည်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ ၂၀၁၈ ခုနှစ် - မြန်မာနိုင်ငံသည် ယာရာ အင်တာနေရှင်နယ်ကုမ္ပဏီမှ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်လျက် ဝင်ရောက်လာသည့် နောက်ဆုံးနိုင်ငံ ဖြစ်ပါသည်။ ယာရာ ကုမ္ပဏီသည် သီးနှံအာဟာရဖြည့်နည်းပညာ ကုမ္ပဏီများအတွင်း ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေပြီဖြစ်ကာ နိုင်ငံပေါင်း ၁၆၀ သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

 

“မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးရဲ့ အခန်းကဏ္ဍဟာ အခွင့်အလမ်းကောင်းတွေကို ကိုယ်စားပြုပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံ GDP ရဲ့ သုံးပုံတစ်ပုံ၊ အလုပ်သမားဦးရေရဲ့ ထက်ဝက်ခန့်နဲ့ ပို့ကုန်ပစ္စည်းတွေရဲ့ ငါးပုံတစ်ပုံ ဖြစ်ပါတယ်။ ဒီကဏ္ဍရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံ စီးပွားရေးစနစ် တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်လာစေနိုင်ပါတယ်” ဟု ယာရာ၏ President & CEO ဖြစ်သူ Svein Tore Holsether ကပြောသည်။

 Image 1 Credit to Yara

ယာရာ၏ President & CEO ဖြစ်သူ Svein Tore Holsether

ယာရာအနေဖြင့် မြန်မာနိုင်ငံတွင် သီးနှံစိုက်ပျိုးရေး ပညာရှင်များနှင့် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ ခန့်ထားကာ ယာရာမြန်မာရုံးခွဲကို စတင် ဖွင့်လှစ်ခဲ့ပါသည်။

 

“ကျွန်တော်တို့အတွက် မြန်မာနိုင်ငံဟာ အလားအလာရှိတဲ့ မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယာရာရဲ့ ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေအတိုင်း မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ဘဝတွေ တိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီး ယာရာက ဒီနိုင်ငံဈေးကွက်မှာ ရင်းနှီးမြုပ်နှံလိုက်ခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးတောင်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ တာဝန်ရှိသူတွေနဲ့ အမြဲတမ်း ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ပြီး စိုက်ပျိုးရေးကဏ္ဍမှာ ကြီးမားတဲ့ အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်ပေးနိုင်ဖို့ ကြိုးစားသွားပါမယ်” ဟု Holsether က ဆက်လက်ပြောကြားသည်။

 Image 4 Credit to Yara CEO

ယာရာကို ၁၉၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ အရည်အသွေးမြင့် မြေသြဇာနည်းပညာများနှင့် ဒေသခံ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေကာ အတူတကွ ရင်းရင်းနှီးနှီး လုပ်ကိုင်ခြင်းများကြောင့် လူသိများကျော်ကြားခဲ့ခြင်း ဖြစ်ပါသည်။ အာရှတွင် ယာရာ ကုမ္ပဏီ လုပ်ကိုင်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

 

“ကျွန်တော်တို့က စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်းတစ်ခုနဲ့ လုပ်ကိုင်ဆောင်ရွက်ပါတယ်။ မနှစ်ကဆိုရင် အာရှမှာရှိတဲ့ စိုက်ပျိုးတောင်သူဦးရေ ၂၅၀,၀၀၀ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အလေးပေး ဆောင်ရွက်မှုတွေကတော့ ယာရာရဲ့ လက်တွေ့ကွင်းဆင်း စိုက်ပျိုးရေးပညာရှင်တွေက စိုက်ပျိုးတောင်သူတွေနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမှာလဲ ဆိုတာရယ်၊ မြေဆီလွှာ အခြေအနေတွေကို အသေးစိတ် စူးစမ်းလေ့လာဖို့ရယ်နဲ့ သီးနှံတစ်ခုချင်းစီအတွက် သင့်တော်မှုအရှိဆုံး မြေသြဇာကို ထောက်ပံ့ပေးနိုင်ဖို့ ဆိုတာတွေပါပဲ။ ယာရာရဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းတစ်လျောက် ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် မြေသြဇာတွေဟာ သီးနှံအထွက်နှုန်း၊ အရည်အသွေးနဲ့ စိုက်ပျိုးတောင်သူတွေရဲ့ ဝင်ငွေကို တိုးတက်လာစေနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ” ဟု ယာရာ၏ Executive Vice President, Crop Nutrition ဖြစ်သူ Terje Knutsen က ရှင်းလင်းပြောကြားခဲ့သည်။

 Image 2 Credit to Yara Terje Knutsen

ယာရာ၏ Executive Vice President, Crop Nutrition ဖြစ်သူ Terje Knutsen က ရှင်းလင်းပြောကြားနေစဉ်။

ယာရာကုမ္ပဏီအနေဖြင့် မြေသြဇာအသုံးပြုပုံနည်းလမ်းကို ပိုမို ကောင်းမွန်လာစေခြင်းဖြင့် အထွက်နှုန်းတိုးတက်စေရန် အခွင့်အလမ်းများစွာရှိကြောင်း သိရှိနားလည်ထားပါသည်။

 

“ယာရာမြန်မာကနေ အရည်အသွေးမြင့် ထုတ်ကုန်တွေအပြင် လိုအပ်တဲ့ ကိရိယာတွေ၊ ဝန်ဆောင်မှုတွေနဲ့ ဗဟုသုတ မျှဝေပေးမယ့် အစီအစဉ်တွေကိုပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ယာရာလို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတစ်ခုရဲ့ စိုက်ပျိုးရေး အသိပညာ၊ ဗဟုသုတ ဘဏ်တိုက်ကြီးကနေ မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးတောင်သူတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခု ဒေသခံဝန်ထမ်းတွေကို အရည်အချင်း ပြည့်မီအောင် သင်ကြားပို့ချနေပြီး စိုက်ပျိုးတောင်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ စက်ဝန်းကြီးမှာ အကျိုးအမြတ်တွေကို အားလုံး မျှဝေရရှိနိုင်အောင် ဖန်တီးပေးနိုင်ဖို့က ကျွန်တော်တို့ လုပ်ငန်းနည်းဗျုဟာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု ယာရာမြန်မာ၏ Country Manager ဖြစ်သူ Håvar Valved က ဆိုသည်။

 Image 3 Credit to Yara CountryManager

ယာရာသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ပင်ကိုယ်စွမ်းရည်ရှိသူများအတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များကို မိတ်ဆက်ပေးသည့် ပထမဦးဆုံး ကုမ္ပဏီ ဖြစ်ပါသည်။ ယာရာကုမ္ပဏီရှိ စိုက်ပျိုးရေးပညာရှင်များ အားလုံးသည် စိုက်ပျိုးရေးပညာ ကျွမ်းကျင်မှု မွမ်းမံသင်တန်းတစ်ခုကို မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး အဆိုပါ သင်တန်းမှတဆင့် ဒေသခံ သီးနှံအာဟာရ အကြံပေး ပညာရှင်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ယာရာရှိ ဝန်ထမ်းများမှာ စိုက်ပျိုးတောင်သူများကို အကြံပြုနိုင်မည့် အရည်အချင်းများ တိုးတက်လာကာ ၎င်းတို့အတွက်လည်း အဖိုးတန် အသိပညာ၊ ဗဟုသုတများ ရရှိနိုင်မည် ဖြစ်ပါသည်။

 Image 6 Credit to Yara MM

ယာရာသည် မြန်မာနိုင်ငံတွင် ၎င်း၏ စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်းကို ယခုနှစ်အတွင်း စိုက်ပျိုးတောင်သူများစွာဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်း လုပ်ဆောင်ရာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်လာစေရန်နှင့် အမြတ်အစွန်း ပိုမို ရရှိလာစေရန် ရည်ရွယ်၍ ထောင်ပေါင်းများစွာသော စိုက်ပျိုးတောင်သူများအတွက် စာတွေ့၊ လက်တွေ့ သရုပ်ပြ သင်ကြားပေးခြင်း နှင့် ကွင်းဆင်းလေ့လာကာ အသိပညာ၊ ဗဟုသုတများ ဝေမျှပေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

ယာရာကုမ္ပဏီအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.yara.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅