fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာမြန်မာနှင့် ချောင်းဦးမြို့ရှိ စိုက်ပျိုးတောင်သူများ ပူးပေါင်း၍ သခွားမွှေး စိုက်ပျိုးရောင်းချမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေး တိုင်ပင်ဆွေးနွေး

ကမ္ဘာ့ထိပ်တန်း မြေသြဇာကုမ္ပဏီမှ စိုက်ပျိုးတောင်သူများအတွက် ကြီးမားလာသော ပြည်ပသခွားမွှေးပို့ကုန် ဈေးကွက်နှင့်အညီ သီးနှံများ၏ အရည်အသွေး ပိုမို ကောင်းမွန်လာစေရေး ပံ့ပိုးကူညီသွားမည်။ 

စစ်ကိုင်း၊ ချောင်းဦး၊ မြန်မာ၊ စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ် - အရည်အသွေးမြင့် သီးနှံအာဟာရဖြည့် နည်းပညာများ ဖန်တီးမျှဝေပေးလျက်ရှိသော ကမ္ဘာ့ထိပ်တန်း ယာရာ ကုမ္ပဏီသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ရှိ စိုက်ပျိုးတောင်သူ ၁၀၀ ကျော်နှင့်အတူ ပူးပေါင်း၍ သခွားမွှေးရာသီ အစပျိုးချိန်ကို ကြိုဆိုဂုဏ်ပြုရန်နှင့် သခွားမွှေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေး ဗဟုသုတများနှင့် အတွေ့အကြုံများ မျှဝေရန် အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။ “သခွားမွှေးကဏ္ဍ တိုးတက်ဖို့ ယာရာနှင့်အတူ စိုက်ပျိုးစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနားကို ယနေ့ ချောင်းဦးမြို့ရှိ အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယာရာမှ ဒေသခံ စိုက်ပျိုးရေး ပညာရှင်များအဖွဲ့နှင့် မိမိတို့၏ သီးနှံများ အရည်အသွေး ကောင်းမွန်လာစေရေး ကြိုးပမ်းလျက်ရှိကြသည့် သခွားမွှေးစိုက်တောင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 1 4

သခွားမွှေးသည် လှပအရည်ရွှမ်းပြီး အရသာထူးကဲ ကောင်းမွန်သည့်အပြင် ၎င်းတွင် ပါဝင်သော အာဟာရ ဓာတ်နှင့် ဆေးဖက်ဝင်ခြင်းတို့ကြောင့် လူကြိုက်များသော အသီးတစ်မျိုးဖြစ်သည်။ ထို့အပြင် အပြည့်အဝရင့်မှည့် လာသည့်အချိန်တွင် ထူးကဲသည့် အချိုအရသာကိုလည်း ပေးစွမ်းနိုင်ပါသည်။ သခွားမွှေးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း ဒေသများတွင် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိပြီး ပြည်ပဝယ်လိုအား များပြားသော အသီးတစ်မျိုး ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော သခွားမွှေး အများစုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ ရောင်းချလျက်ရှိသည်။

 1 5

၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လအထိ စစ်ကိုင်းတိုင်းဒေသမှ ထွက်ရှိသည့် သခွားမွှေးများကို ပြည်ပသို့ တင်ပို့ရောင်းချမှု တန်ချိန်ပေါင်း ၁၃၀,၀၀၀ ကျော်ရှိခဲ့သောကြောင့် ဒေသတွင်း နိုင်ငံခြားဝင်ငွေ ရရှိမှုနှင့် စိုက်ပျိုး တောင်သူများအတွက် အမြတ်အစွန်း ရရှိမှုကို အထောက်အပံံ့ ဖြစ်စေခဲ့သည်။[1] စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ တရုတ်နိုင်ငံ တစ်ခုထဲသို့ သခွားမွှေး တင်ပို့ရောင်းချမှု တန်ချိန်ပေါင်း ၅၆,၉၀၀ ကျော် ရှိခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁.၆ မီလီယံခန့် တန်ဖိုးရှိခဲ့ပါသည်။[2]၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ ကာလအတိုင်းအတာဖြင့် နှိုင်းယှဉ်ကြည့်ပါက ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။

 1 6

ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း သခွားမွှေး ပြည်ပတင်ပို့ ရောင်းချမှု တိုးတက်လာခြင်းကြောင့် ဒေသခံ စိုက်ပျိုး တောင်သူများသည် မြင့်တက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့ စိုက်ပျိုးသော သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ကောင်းမွန်လာစေမည့် အဆင့်မြင့် စိုက်ပျိုးရေး နည်းစနစ်များကို အသုံးပြုရန် လိုအပ်ကြောင်း သတိပြုမိလာကြသည်။ တစ်ချိန်တည်းမှာပင် သခွားမွှေးဆွတ်ခူးချိန်တွင် ရရှိသော အသီး၏ အရည်အသွေးဖြင့် ဈေးနှုန်းသတ်မှတ်သောကြောင့် သခွားမွှေးစိုက်တောင်သူများအတွက် အရည်အ သွေး ပြည့်မီကောင်းမွန်သော အသီးများ ရရှိနိုင်ရေးမှာ စိုးရိမ်ပူပန်စရာ ဖြစ်လာခဲ့သည်။

 Famrmer

သခွားမွှေးစိုက်ခင်း ပိုင်ရှင်တစ်ဦးဖြစ်သော ဦးနိုင်ထွေးက “မိသားဝင် လေးဦးရှိတဲ့ ကျွန်တော့်မိသားစုအတွက် အဓိက ဝင်ငွေက စိုက်ခင်းကနေ ရတာပါ။ ဒီလထဲမှာ သခွားမွှေး စပျိုးမယ်ဆိုရင် နိုဝင်ဘာလောက်မှာ ဆွတ်ခူး ရိတ်သိမ်းပြီး တင်ပို့ရောင်းချလို့ ရပါပြီ။ ရောင်းတန်းဝင်တဲ့ သခွားမွှေးရဲ့ အရည်အသွေးကို အသီးရဲ့ အချိုအရသာ အဆင့်၊ အတွင်းသား နူးညံ့ပျော့ပြောင်းမှု၊ အတွင်းသားအရောင်နှင့် အတွင်းသားအထူ စတာတွေနဲ့ သတ်မှတ်ကြ ပါတယ်။ အရင်တုန်းက ကျွန်တော့် အသီးတွေမှာ အက်ကွဲကုန်တာ၊ ရိရွဲသွားတာ၊ အပွင့်တွေ ပုပ်ကုန်တာနဲ့ အတွင်းသားတွေ ပွနေတာ စတဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲ့ဒီလို အသီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ယာရာအဖွဲ့သားတွေက သူတို့လေ့လာထားတဲ့ အချက်တွေကို ပြန်လည် ဝေမျှ ပေးခဲ့ပြီး ယာရာရဲ့ သီးနှံစိုက်ပျိုးနည်းစနစ်နဲ့ ကူညီလမ်းညွှန်ပေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော့်စိုက်ခင်းက သခွားမွှေးတွေဟာ တာရှည်ခံလာတယ်၊ ရောဂါဘယတွေ မရှိတော့ဘူး၊ အရောင်ကလည်း လှပြီး အရည်အသွေး လည်း ပိုကောင်းလာပါတယ်။ ဈေးကွက်မှာဆိုရင် ဈေးကောင်းရမယ့် အသီးတွေလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောသည်။

 Mr. Bjørn Tor Svoldal of Yara Myanmar U Soe Lwin President of MFVP with Muskmelon Farmers of Sagaing 2 Credit to Yara

စိုက်ပျိုးသူတောင်သူများအနေဖြင့် သီးနှံအထွက်နှုန်းကို အလေးထား ဆောင်ရွက်လေ့ရှိကြပြီး ကုန်စည်ဒိုင်များနှင့် စားသုံးသူများမှာ အရသာနှင့် အသားနူးညံ့ပျော့ပြောင်းမှုကို ဂရုစိုက်လေ့ရှိကြကြောင်း တွေ့ရသည်။ ယာရာ အဖွဲ့သားများသည် စိုက်ပျိုးတောင်သူများ တွေ့ကြုံနေရသည့် အခက်အခဲများကို ကောင်းစွာ သိရှိနားလည်ထား ပြီး အရည်အသွေးမြင့် ပြည်ပထုတ်ကုန် အဆင့်အတန်းနှင့် ပြည့်မီမှုရှိသော သီးနှံများ စိုက်ပျိုးဖြစ်ထွန်းနိုင်စေရန် ပံ့ပိုးကူညီပေးသွားမည်ဟု ရည်ရွယ်ထားပါသည်။

 Mr. Bjørn Tor Svoldal of Yara Myanmar U Soe Lwin President of MFVP with Muskmelon Farmers of Sagaing 1 Credit to Yara

“ချောင်းဦးမှာ ယာရာက စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့ သီးနှံအာဟာရ အကြံပေးပညာရှင်တွေဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပြည်ပပို့ကုန် သီးနံှတွေ အရည်အသွေး ပိုမို ကောင်းမွန်လာစေဖို့ စိုက်ပျိုးရမယ့် နည်းလမ်း တွေကို မျှဝေပေးခဲ့ပြီး ချောင်းဦးမြို့မှာရှိတဲ့ သခွားမွှေးစိုက် တောင်သူတွေနဲ့အတူ အနီးကပ် အတူတကွ စိုက်ပျိုး ခဲ့ကြပါတယ်။ ဒီက စိုက်ပျိုးတောင်သူတွေနဲ့အတူ ယာရာက အထွက်နှုန်း တိုးတက်ကောင်းမွန်လာအောင် အာဟာရ မှန်မှန်ကန်ကန် ဖြည့်တင်းပေးဖို့နဲ့ အပင် ဖွံ့ဖြိုးချိန် အလိုက် သင့်တော်တဲ့ အာဟာရ ဖြည့်တင်းပေးဖို့ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ကျွန်တော်တို့ ယာရာရဲ့ သီးနှံအာဟာရဖြည့် နည်းပညာတွေဟာ သခွားမွှေးစိုက် တောင်သူတွေအတွက် မြေဆီလွှာ အကျိုးဖြစ်ထွန်းမှု ပိုရစေပြီး ရာသီဥတုနဲ့လည်း သင့်တော်မှုရှိပါတယ်။ သူတို့တွေနဲ့အတူ သခွားမွှေး စိုက်ပျိုးရောင်းချမှုကဏ္ဍ တိုးတက်လာအောင် ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု ယာရာမြန်မာ၏ Country Manager ဖြစ်သူ Håvar Valved က ပြောသည်။

 1 1

ယာရာမြန်မာ၏ အကြီးတန်း စိုက်ပျိုးရေးပညာရှင်ဖြစ်သူ Mr. Bjørn Tor Svoldal က “ယာရာရဲ့ မြေသြစာ တိုက်ကျွေးနည်းစနစ်တွေဟာ ကျွန်တော်တို့ စမ်းသပ်ပြသထားတဲ့ စိုက်ခင်းမှာ တွေ့ရတဲ့အတိုင်း သခွားမွှေး အသီး ပိုပြီးတာရှည်ခံဖို့၊ အရောင်အသွေး စိုပြည်လှပဖို့နဲ့ အတွင်းသား အရည်အသွေး ကောင်းမွန်စေဖို့ ကူညီပေး နိုင်ပါတယ်။ ယာရာရဲ့ သီးနှံအာဟာရဖြည့် နည်းစနစ်တွေ သုံးလိုက်မယ်ဆိုရင် ချောင်းဦးမှာ စိုက်သမျှ သခွားမွှေး တွေဟာ အပွင့်ပုပ်သွားတာ၊ အပင်ကြီးထွားပုံ မမှန်တာ၊ အတွင်းသား ပွတာနဲ့ အစေ့မဖြစ်ထွန်းတာတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်က ကုန်စည်ဒိုင်တွေ လိုချင်တဲ့ အရည်အသွေးမြင့် အချိုအရသာ ကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ် သခွားမွှေးစိုက်ခင်းတွေအတွက် အရည်အသွေးမြင့်မားပြီး အောင်မြင်တဲ့ စိုက်ပျိုးရာသီဖြစ်စေဖို့ အဲ့ဒီ့ တိုင်းတာစစ်ဆေးချက်တွေက အရမ်း အရေးကြီးပါတယ်။ ဒါမှ စိုက်ပျိုး တောင်သူတွေအတွက်လည်း သူတို့ ကြိုးစားစိုက်ပျိုးထားတဲ့ သီးနှံတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

 1 2

ယာရာဆိုသည်မှာ အရည်အသွေးမြင့် မြေသြဇာနည်းပညာများနှင့် ဒေသခံ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေကာ အတူတကွ ရင်းရင်းနှီးနှီး လုပ်ကိုင်ခြင်းများကြောင့် လူသိများ ကျော်ကြား ခဲ့ခြင်း ဖြစ်ပါသည်။ ယခုနှစ် အစောပိုင်းတွင် ယာရာ၏ အသိပညာတည်ဆောက်ပွဲ များစွာကို မြန်မာနိုင်ငံ ဒေသ အနှံအပြားတွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး ယာရာ၏ စိုက်ပျိုးရေး ပညာရှင်များမှာ စိုက်ခင်းများအထိ သွားရောက်ပြီး စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ အပင်ဖွံ့ဖြိုးကြီးထွားမှု အခြေအနေ ဆန်းစစ်လေ့လာခြင်းနှင့် သီးနှံအမျိုး အစား တစ်ခုချင်းစီအလိုက် သင့်တော်မှု အရှိဆုံး သီးနှံအာဟာရ တိုက်ကျွေးနည်းစနစ်များကို ဝေမျှပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ယခင်နှစ် အတောအတွင်း ယာရာသည် အာရှဒေသ အတွင်းရှိ စိုက်ပျိုးတောင်သူပေါင်း ၂၅၀,၀၀၀ ကျော်အတွက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅