fbpx

သတင်း နှင့် ဖြစ်ရပ်များ

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ယာရာမြန်မာ ပညာသင်ဆု၊ လုပ်ငန်းခွင်အကြိုသင်တန်း ပူပေါင်းဆောင်ရွက်မှု

ယာရာမြန်မာနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဟာ စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ပေးနေ သောမြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တက္ကသိုလ် ဖြစ်ပါတယ်။ ယာရာမြန်မာက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်လာအောင် လုပ်ဆောင်လျက်ရှိပါသည်။ ယာရာမြန်မာ အနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပညာသင်နှစ်တွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် စတင်ပူးပေါင်း ပြီးပညာသင်ဆုများနှင့် နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားများရဲ့ လုပ်ငန်းခွင်အကြို သင်တန်းများမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။

အထွက်နှုန်းနှင့် အရည်အသွေးကို စမ်းသပ်စိုက်ပျိုးခြင်း

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က ဥယျာဉ်ခြံသီးနှံ ပညာဌာနနှင့် မြေဆီလွှာနှင့် ရေသိပ္ပံပညာဌာနမှာ ပညာသင်ကြားနေသော စတုတ္ထ နှစ်ကျောင်းသား၊ ကျောင်းသူများရဲ့ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာမှာ ကုန်ကျစရိတ်ထောက်ပံ့ပေးပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်နေပါတယ်။ ကျောင်းသူ၊ ကျောင်းသားများရဲ့ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုမှာ ဈေးကွက်တွင် ရရှိနိုင်သော မြေသြဇာ အမျ ိုးမျ ိုးကို အသုံးပြု၍ အထွက်နှုန်းနှင့် အရည်အသွေးစမ်းသပ် စိုက်ပျိုးခြင်းများကို လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ ကျောင်းသူ၊ ကျောင်းသား များက အပင်များ၏ မတူညီသော ကြီးထွားမှုများကို တွေ့မြင့်ခြင်း အားဖြင့် မြေသြဇာအမျိုးမျိုးရဲ့ အရည် အသွေးကိုလက်တွေ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

စမ်းသပ်စိုက် ခင်းသရုပ်ပြပွဲများ

ကျောင်းသူ၊ ကျောင်းသားများ သုတေသနလုပ် ဆောင်ရာမှာ အပင်အာဟာရ ဆိုင်ရာအသိပညာဗဟုသုတများနှင့် တွေ့ကြုံရသော ပြဿနာများကို ရှင်းလင်း မြင်သာစေရန် ယာရာသီးနံှအာဟာရဆိုင်ရာ အသိပညာ ဗဟုသုတများ မျှဝေပေးခြင်းများကို လည်းယာရာမှ ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားများရဲ့ သုတေသနစိုက်ခင်း များသို့ လက်တွေ့စိုက်ပျိုးနေသော တောင်သူဦးကြီးများ နှင့် သုတေသန ကုန်ကျစရိတ် ထောက်ပံ့မှုရရှိထားသော ကျောင်းသူ၊ ကျောင်းသားများအားလုံးကို ဖိတ်ခေါ်ပြီး စမ်းသပ် စိုက်ခင်း သရုပ်ပြပွဲများလည်း ပြုလုပ်ခဲ့ပါတယ်။

ဆရာ၊ ဆရာမတို့ရဲ့ လမ်းညွှန်မှု

ယာရာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုး ရလဒ်နှင့်ပတ်သက်၍ပါမောက္ခ ဒေါက်တာ ခင်သီတာမြင့်က ကျောင်းသူ၊ကျောင်းသားများ အနေဖြင့် သုတေသန ဆောင်ရွက်ရာမှာ ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်မှုများနှင့် စနစ်တကျ သေသေချချာ လေ့လာစေလိုကြောင်း၊ ထိုကဲ့သို့ သုတေသနပြုလုပ်ပြီး လေ့လာနိုင်စေရန် ပံ့ပိုးပေးခဲ့တဲ့ ယာရာမြန်မာ ကုမ္ပဏီကိုလည်း ကျေးဇူးတင်ကြောင်းပြော ကြားခဲ့ပါတယ်။

လုပ်ငန်းခွင်အကြိုသင်တန်းအတွက် ရွေးချယ်ခေါ်ယူ

ကျောင်းသူ၊ ကျောင်းသားများ က စမ်းသပ်စိုက်ခင်း များအတွင်း လေ့လာကြည့်ရှု့ပြီး အချင်ချင်း အပြန် အလှန် ဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ကြားနေတဲ့ နောက်ဆုံးနှစ် ကျောင်းသူ၊ ကျောင်းသားများရဲ့လုပ်ငန်းခွင် အကြိုသင်တန်းအတွက် ကျောင်းသူ၊ ကျောင်းသား (၅) ဦးကိုရွေးချယ်ခေါ်ယူခဲ့ပါတယ်။ ထိုကျောင်းသူ၊ ကျောင်းသားများဟာ ယာရာဝန် ထမ်းများနှင့်အတူ သီးနှံအာဟာရဆိုင်ရာ စမ်းသပ် စိုက်ခင်းများ၊ တောင်သူ ဆွေးနွေးပွဲများ၊ စမ်းသပ် စိုက်ခင်းသရုပ်ပြပွဲများ၊ ယာရာအသိပညာ တည်ဆောက်ပွဲများမှာ အတူပါဝင် လုပ်ဆောင်ရမည် ဖြစ်ပါသည်။

တာဝန်ကျရဒေသအလိုက် သီးနှံ့များစပ်သပ်စိုက်ပြီးစာတမ်းပြုလုပ်

ရွေးချယ်ခံရတဲ့ ကျောင်းသူ၊ ကျောင်းသားဟာ မိမိ တို့တာဝန်ကျရ ဒေသ အလိုက် အဓိကစိုက်ပျိုးတဲ့ သီးနှံ့များကို စမ်းသပ်သရုပ်ပြကွက်များ လုပ်ဆောင်ခဲ့ပြီး ကုန်ကျစရိတ် အကျိုးအမြတ်များ တွက်ချက်ပြီး စာတမ်းများ ပြုစုခဲ့ကြပါတယ်။ ထိုသို့ပြုလုပ်ခြင်း အားဖြင့် ယာရာရဲ့ သီးနံှအာဟာရအစီစဉ်နှင့် တောင်သူများ သမားရိုးကျ အသုံးပြုသော မြေသြဇာကျွေး နည်းများရဲ့ ကွာခြားချက်များကို လက်တွေ့မြင်တွေ့ သိရှိရတယ်။ ဒီလိုတွေ့ရှိချက်များကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်သို့ ပြန်လည်တင်ပြခဲ့ကြပါတယ်။

ယာရာရဲ့ဝန်ထမ်းရွေးချယ်သည့်အခါ ဝင်ရောက်အရွေးခံနိုင်

ကျောင်းသူ၊ ကျောင်းသားများဟာ လုပ်ငန်းခွင် အကြိုသင်တန်း အောင်မြင်စွာပြီးဆုံးသွားသည့် အချိန်မှာ ယာရာရဲ့ ဝန်ထမ်းရွေးချယ်သည့် အစီစဉ်တွင်ဝင် ရောက်ရွေးချယ်ခွင့်များ ရရှိမည်ဖြစ်ပါတယ်။ စိုက်ပျိုးရေး တက္ကသိုလ်မှ အပင်သီးနှံအာဟာရဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များမွေးထုတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍဖွံဖြိုးတိုးတက် လာမည်ဖြစ်ပါသည်။ ယာရာ မြန်မာသည်လည်း စိုက်ပျိုးရေး ဖွံဖြိုးတိုးတက်လာစေရန် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် စဉ်ဆက်မပြတ် ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅