fbpx

သီးနှံအာဟာရ ချို့တဲ့ခြင်း - စပျစ်

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - စပျစ်သီးနှံ

အိုင်းရွန်းအာဟာရချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

လက္ခဏာရပ်များသည် အရွက်၏ငယ်ရွယ်ဆုံးသောအရွက်များတွင် စိမ်းဝါရောင်များ စတင်တွေ့ရှိရပြီး နောက်ပိုင်းတွင် ရွက်ကြောကြား ဧရိယာများတွင် အဝါရောင် ပြောင်းသွားပါသည်။ အဓိကရွက်ကြောများ အစိမ်းရောင်ကျန်ရှိနေပါသည်။ ရွက်ပြားများသည် ပြင်းထန်ဆုံးအချိန်တွင် အရွက်နားများသည် ပျော့အိသွားပါသည်။
ချို့တဲ့မူပြင်းထန်ချိန်တွင် ပို၍ရင့်သောအရွက်များနှင့် အညွှန့်တစ်ခုလုံးတွင် လက္ခဏာများ ထွက်ပေါ်လာပါသည်။ အရွက်များတွင် ပထမဆုံး ချို့တဲ့မူများ မတွေ့ရပဲ ကြီးထွားမူနောက်ပိုင်းတွင် အဝါရောင်ပြောင်းခြင်းကို တွေ့ရပါသည်။

Reason

အိုင်းရွန်းချို့တဲ့ခြင်း

မြေကြီး အများစုတွင် စပျစ်ပင်မှလိုအပ်သောအိုင်းရွန်းပမာဏ လုံလောက်စွာပါရှိနေသောကြောင့် အိုင်းရွန်းဓာတ်ချို့တဲ့ခြင်းသည် တွေ့ရခဲပါသည်။ သို့သော် အိုင်းရွန်းရှိမူနည်းခြင်းကြောင့် ချို့တဲ့မူများကို ဖြစ်စေပါသည် (ထုံး ဓာတ်သည် အဝါရောင်ပြောင်းခြင်းကို အားပေးပါသည်)။

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီစီယမ် ချို့တဲ့ခြင်းသည် ရွက်ကြောကြား ဧရိယာများ အဝါရောင်ပြောင်းခြင်း သို့မဟုတ် ပို၍ရင့်သောအရွက်များတွင် ရွက်ကြောများ အနီရောင် ပြောင်းသွားပါသည်။ အရောင်ပြောင်းလည်းခြင်းများသည် အရွက်အနားတွင် စတင်ပြီး အရွက်ရိုးတန်များသို့ ဆက်၍ဖြစ်ပေါ်ပါသည်။
ရွက်ကြောများ နှင့် အနီးဧရိယာများတွင် အစိမ်းရောင်ကျန်ရှိနေပြီး ရွက်ပြားရှိရွက်ကြောများကွေးသွား သည့် လက္ခဏာများ ဖြစ်လာပါသည်။

Reason

ပိုတက်စီယမ် အလွန်ထည့်သွားသည့် အချိန်တွင် မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းသည် မြေချဉ်ငံဓာတ် နိမ့်နေလျှင် တွေ့ရပါသည်။ လက္ခဏာများသည် ဗိုင်းရစ်ကြောင့် အရွက်လိပ်သွားခြင်းနှင့် အလွယ်တစ်ကူရောသွားနိုင်ပါသည်။

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီစီယမ် မရှိလျှင် စပျစ်ခိုင်အညိုရောင်ဆဲလ်သေဖြစ်ခြင်းစသည့် ပုံမှန်မဟုတ်သည့် အရာများ တွေ့ရပါသည်။ ၎င်းသည် စပျစ်ခိုင်များ အညိုရောင်ခေါင်းပေါက်များ စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အသီးအခွံများ ပျက်ဆီးသွားပြီး အတွင်းသားများ ရေကြည်လွှာများ ဖြစ်သွားပါသည်။
ရောဂါအနေဖြင့် ရေနာသီးရောဂါမြင့် လူသိများပါသည်။

Reason

မဂ္ဂနီစီယမ်ချို့တဲ့ခြင်း (စပျစ်ခိုင်ရိုးတန်များတွင် အညိုရောင်များ ဖြစ်ပေါ်ခြင်း)

မြေကြီးတွင် မဂ္ဂနီဆီယမ် အလုံအလောက် ရှိနေသော်လည်း ပိုတက်ဆီယမ် သို့မဟုတ် အမိုနီယမ် မလွန်အကျွံထည့်ပေးခြင်းသည် မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းကို အားပေးပါသည်။

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီစီယမ် ချို့တဲ့ခြင်းသည် ရွက်ကြောကြား ဧရိယာများ အဝါရောင်ပြောင်းခြင်း သို့မဟုတ် ပို၍ရင့်သောအရွက်များတွင် ရွက်ကြောများ အနီရောင် ပြောင်းသွားပါသည်။ အရောင်ပြောင်းလည်းခြင်းများသည် အရွက်အနားတွင် စတင်ပြီး အရွက်ရိုးတန်များသို့ ဆက်၍ဖြစ်ပေါ်ပါသည်။
ရွက်ကြောများနှင့် အနီးဧရိယာများတွင် အစိမ်းရောင်ရှိနေပြီး ရွက်ကြောများ ကွေးသွားသည့် လက္ခဏာများ ဖြစ်ပေါ်ပါသည်။

Reason

ပိုတက်စီယမ် အလွန်ထည့်သွားသည့် အချိန်တွင် မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းသည် မြေချဉ်ငံဓာတ် နိမ့်နေလျှင် တွေ့ရပါသည်။ လက္ခဏာများသည် ဗိုင်းရစ်ကြောင့် အရွက်လိပ်သွားခြင်းနှင့် အလွယ်တစ်ကူရောသွားနိုင်ပါသည်။

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းသည် ပို၍ရင့်သောအရွက်များတွင် ရွက်ကြောကြားဧရိယာများ အဝါရောင်ပြောင်းခြင်း (အဖြူရောင် ရွက်ကြောများ) သို့မဟုတ် အနီရောင်ပြောင်းခြင်း (အနီရောင်ရွက်ကြော) စတင်တွေ့ရပါသည်။ အရောင်ပြောင်းလည်းခြင်းသည် အရွက်အနားများတွင် စတင်ပြီး အရွက်အောက်ခြေထိ ဆက်၍ဖြစ်ပေါ်လာပါသည်။
ရွက်ကြောများနှင့် အနီးနား ဧရိယာများတွင် အစိမ်းရောင်တည်ရှိနေပြီး ရွက်ကြောများ ကွေးသည့် လက္ခဏာများ တွေ့ရပါသည်။

Reason

မဂ္ဂနီစီယမ်အာဟာရဓာတ်ချို့တဲ့ခြင်းသည် မြေချဉ်ငံဓာတ်နိမ့်သည့်မြေမျိုးစားနှင့် ပိုတက်ဆီယမ်လွန်ကဲသည့် အခြေနေတွင် တွေ့ရလေ့ရှိပါသည်။

မဂ္ဂနိစ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ငယ်ရွယ်ပြီး ရွက်များအားလုံးပြန့်သည့်အနေထားနှင့် အလယ်လတ်အရွက်များတွင် စတင်ဖြစ်ပေါ်ပါသည်။ ရွက်ကြောကြားဧရိယာများတွင် စိမ်းဝါရောင်ပြောင်းခြင်းပြသနေပါသည်။ ရွက်ကြောများနှင့် ရွက်ကြောတစ်လျောက် အစိမ်းရောင်ရှိနေပါသည်။ တစ်ခါတစ်ရံ အရွက်များ စိမ်းဝါရောင်ကွက်ကြားနှင့်တူနေပြီး ရွက်ကြောများသည် အစိမ်းရောင်ကျန်ရှိနေပါသည်။ နောက်ပိုင်းတွင် အညိုရောင်ဆဲလ်သေစက်များနှင့် အကွက်များ ဖြစ်ပေါ်နေပါသည်။
လုံလုံလောက်လောက် ထောက်ပံ့ပေးသော အရွက်ထက် သေးငယ်သွားပါသည်။

Reason

မဂ္ဂနိစ်ချို့တဲ့သည့် လက္ခဏာနှင့် ဆင်တူပါသည်။ လက္ခဏာများသည် ပို၍ရင့်သောအရွက်များ၏ အနားများတွင် စတင်ပါသည်။မဂ္ဂနိစ်ချို့တဲ့သည့် အစောပိုင်းအဆင့်တွင် ရွက်ပြားတစ်ခုလုံးတွင် လက္ခဏာပြသနေပါသည်။

မဂ္ဂနိစ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

လက္ခဏာရပ်များသည် အရွက်နုများ၊ အပြည့်ဝဖွံ့ဖြိုးပြီးသောအရွက်များ နှင့် အလည်လတ်အရွက်များတွင် စတင်ဖြစ်ပေါ်ပါသည်။ ထိုအရွက်များသည် ရွက်ကြောကြားဧရိယာများတွင် စိမ်းဝါရောင်ပြောင်းလည်းခြင်းတို့ ဖြစ်ပေါ်ပါသည်။ ရွက်ကြောနှင့် ရွက်ကြောတစ်လျောက်အစင်းများသည် အစိမ်းရောင် ကျန်ရှိနေပါသည်။
တစ်ခါတစ်ရံ အရွက်များသည် အရောင်မညီကွက်ကြားများ ဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ရွက်ကြောများသည် အစိမ်းရောင် ရှိနေသောကြောင့် ဖြစ်ပါသည်။
နောက်ပိုင်းတွင် အညိုရောင် ဆဲလ်သေစက်များနှင့် အကွက်များ ဖြစ်ပေါ်လာပါသည်။

Reason

မဂ္ဂနီဆီယမ်ချို့တဲ့သည့် လက္ခဏာနှင့် ဆင်တူပါသည်။ သို့သော် လက္ခဏာရပ်များသည် အရွက်ရင့်များ၏ အနားများတွင် စတင်ပါသည်။ မဂ္ဂနိစ်ချို့တဲ့သည့် အစောပိုင်းအဆင့်တွင် ရွက်ပြားတစ်ခုလုံးတွင် လက္ခဏာများ ပြသပါသည်။

မဂ္ဂနိစ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

လက္ခဏာရပ်များသည် အရွက်နုများ၊ အပြည့်ဝဖွံ့ဖြိုးပြီးသောအရွက်များ နှင့် အလည်လတ်အရွက်များတွင် စတင်ဖြစ်ပေါ်ပါသည်။ ထိုအရွက်များသည် ရွက်ကြောကြားဧရိယာများတွင် စိမ်းဝါရောင်ပြောင်းလည်းခြင်းတို့ ဖြစ်ပေါ်ပါသည်။ ရွက်ကြောနှင့် ရွက်ကြောတစ်လျောက်အစင်းများသည် အစိမ်းရောင် ကျန်ရှိနေပါသည်။

Reason

မဂ္ဂနိစ်ချို့တဲ့သည့် လက္ခဏာနှင့် ဆင်တူပါသည်။ လက္ခဏာများသည် ပို၍ရင့်သောအရွက်များ၏ အနားများတွင် စတင်ပါသည်။မဂ္ဂနိစ်ချို့တဲ့သည့် အစောပိုင်းအဆင့်တွင် ရွက်ပြားတစ်ခုလုံးတွင် လက္ခဏာပြသနေပါသည်။

မဂ္ဂနိစ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ငယ်ရွယ်ပြီး ရွက်များအားလုံးပြန့်သည့်အနေထားနှင့် အလယ်လတ်အရွက်များတွင် စတင်ဖြစ်ပေါ်ပါသည်။ ရွက်ကြောကြားဧရိယာများတွင် စိမ်းဝါရောင်ပြောင်းခြင်းပြသနေပါသည်။ ရွက်ကြောများနှင့် ရွက်ကြောတစ်လျောက် အစိမ်းရောင်ရှိနေပါသည်။ တစ်ခါတစ်ရံ အရွက်များ စိမ်းဝါရောင်ကွက်ကြားနှင့်တူနေပြီး ရွက်ကြောများသည် အစိမ်းရောင်ကျန်ရှိနေပါသည်။ နောက်ပိုင်းတွင် အညိုရောင်ဆဲလ်သေစက်များနှင့် အကွက်များ ဖြစ်ပေါ်နေပါသည်။
လုံလုံလောက်လောက် ထောက်ပံ့ပေးသော အရွက်ထက် သေးငယ်သွားပါသည်။

Reason

မဂ္ဂနိစ်ချို့တဲ့သည့် လက္ခဏာနှင့် ဆင်တူပါသည်။ လက္ခဏာများသည် ပို၍ရင့်သောအရွက်များ၏ အနားများတွင် စတင်ပါသည်။မဂ္ဂနိစ်ချို့တဲ့သည့် အစောပိုင်းအဆင့်တွင် ရွက်ပြားတစ်ခုလုံးတွင် လက္ခဏာပြသနေပါသည်။

နိုက်ထရိုဂျင်အာဟာရဓာတ် ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

အရွက်ရင့်များ အစိမ်းဖျော့ရောင် သို့ အဝါရောင် ဖြစ်လာပြီး ကြီးထွားမူ သိသိသာသာ ရပ်တန့်သွားပါသည်။ မျိုးများကို ထည့်မတွက်ပဲအညွှန့်များ၊ အရွက်ရိုးတန်များ နှင့် ပင်စည်များသည် ပန်းရောင် သို့ အနီရောင်ဖြစ်သွားပါသည်။
ခြောက်သွေ့သည့် အချိန်တွင် အရွက်အနားများသည် အပေါ်သို့ အနည်းငယ်လိပ်သွား၍ ညှိုးသွားပြီး ခြောက်သွားပါသည်။
ပြင်းထန်သည့် အချိန်တွင် အညိုရောင် ဆဲလ်သေများကို အောက်ခြေရှိ အရွက်များတွင် တွေ့ရပြီး ပို၍ ရင့်သော အရွက်များသည် ညှိုး၍ ခြောက်သွားပါသည်။

Reason

နိုက်ထရိုဂျင် ချို့တဲ့ခြင်း ရေပြတ်သည့် အချိန်နှင့် ကပ်ပါးများကြောင့် သို့မဟုတ် ထိခိုက်ခြင်းကြောင့် ဒဏ်ရာသော အမြစ်နှင့် ပင်စည်များသည် အာဟာရများ စုပ်ယူခြင်းနှင့် အပင်တွင်းပို့ဆောင်ခြင်းတို့ကို ဟန့်တားသောကြောင့် အပင်ကြီးထွားမူကို နှောင့်နှေးစေပြီး အရွက်များ အရောင်ဖျော့သွားစေပါသည်။ ၎င်းသည် နိုက်ထရိုဂျင် ချို့တဲ့မူနှင့် ရောထွေးနိုင်ပါသည်။

နိုက်ထရိုဂျင်အာဟာရဓာတ် ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ပို၍ရင့်သော အရွက်များသည် စိမ်းဝါရောင် သို့ အဝါရောင် ညီညာစွာဖြစ်ပေါ်လာပါသည်။ ချို့တဲ့မူဆက်၍ ဖြစ်ပေါ်လျှင် အရောင်ပြောင်းလည်းခြင်းများသည် အရွက်အားလုံးသို့ ပျံ့နှံ့သွားပါသည်။
မျိုးကို ထည့်မတွက်ပဲ အညွှန့်နုများ၊ ရိုးတံများ နှင့် ပင်စည်များတွင် ပန်းရောင် သို့ အနီရောင် ပြသနေပါသည်။

Reason

နိုက်ထရိုဂျင် ချို့တဲ့ခြင်း ရေပြတ်သည့် အချိန်နှင့် ကပ်ပါးများကြောင့် သို့မဟုတ် ထိခိုက်ခြင်းကြောင့် ဒဏ်ရာသော အမြစ်နှင့် ပင်စည်များသည် အာဟာရများ စုပ်ယူခြင်းနှင့် အပင်တွင်းပို့ဆောင်ခြင်းတို့ကို ဟန့်တားသောကြောင့် အပင်ကြီးထွားမူကို နှောင့်နှေးစေပြီး အရွက်များ အရောင်ဖျော့သွားစေပါသည်။ ၎င်းသည် နိုက်ထရိုဂျင် ချို့တဲ့မူနှင့် ရောထွေးနိုင်ပါသည်။

ဖော့စဖောရပ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

P ချို့တဲ့ခြင်းကြောင့် ကြီးထွားမူကို လျှော့နည်းစေပြီး အစိမ်းရင့်ရောင် အရွက်များ ဖြစ်စေပါသည်။ အကြာခဏ ရွက်ပြားများတွင် သံကြေးရောင်မှ အရမ်းရောင် အစင်းများ ဖြစ်စေပါသည်။ အရောင်ပြောင်းလည်းခြင်းသည် အနားများတွင် စတင်ပြီး ရွက်ကြောကြား ဧရိယာများသို့ ပျံ့သွားပါသည်။
အရွက်များသည် မာကြော တောင့်တင်းနေပါသည်။
ငုတ်လျှိုးနေသော အဖူးများသည် ပန်းပွင့်ဖြစ်ပေါ်စေသော အဖူးသေးများသာ ပါဝင်ပြီး စပျစ်နွယ်ဖြစ်ပေါ်နိုင်မူ လျှော့နည်းစေ ပါသည်။

Reason

ဖော့စဖောရစ် ချို့တဲ့ခြင်းသည် စိုက်ခင်းတွင် တွေ့ရခဲပါသည်။

ပိုတက်စီယမ်ဓာတ်ချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ရွက်ကြောကြား ဧရိယာများ အဝါရောင်ပြောင်းခြင်း (အဖြူရောင်မျိုးများ) သို့ အနီရောင် ပြောင်းခြင်း (အနီရောင်မျိုး) သည် အရွက်အနားများတွင် စတင်ပြီး နောက်ပိုင်းတွင် အရွက်ရင့်များ၏ အတွင်းပိုင်းသို့ ဆက်၍ ပျံ့သွားပါသည်။ ရွက်ကြောများသည် အချိန်အတိုင်းတာ ထိ အစိမ်းရောင် ကျန်ရှိနေပါသည်။
နောက်ပိုင်းတွင် အရွက်အနားများတွင် အညိုရောင်ဆဲလ်သေစက်များ ဖြစ်ပေါ်လာပါသည်။ ၎င်းတို့သည် အလွယ်တကူ အပေါက်များ ဖြစ်နိုင်ပါသည်။
ချို့တဲ့သည့် လက္ခဏာများသည် ပထမဆုံး အရွက်တွင်တွေ့ရပါသည်။ ယေဘုံယျအားဖြင့် ချို့တဲ့သည့် လက္ခဏာများသည် နွေလည်မှ နောက်ပိုင်းထိ အများဆုံး ဖြစ်ပါသည်။

Reason

ပိုတက်စီယမ်ချို့တဲ့ခြင်း

ပိုတက်စီယမ်ချို့တဲ့ခြင်း အလွန်သဲဆန်သော မြေများနှင့် မြေညှိထားသောမြေများတွင် ပိုတက်စီယမ်ချို့တဲ့ခြင်းကို ဆိုးရွားစွာ ခံစားရပါသည်။
ချို့တဲ့ခြင်းများသည် နွေလည်ပိုင်းနှင့် နောက်ပိုင်းတွင် အများဆုံးတွေ့ရပါသည်။

နောက်ပိုင်းတွင် အရွက်အနားများတွင် အညိုရောင်ဆဲလ်သေစက်များ ဖြစ်ပေါ်လာပါသည်။ ၎င်းတို့သည် အလွယ်တကူ အပေါက်များ ဖြစ်နိုင်ပါသည်။ အနည်းငယ်ချို့တဲ့လျှင် အရွက်များတွင် ပထမဆုံးတွေ့ရပါသည်။ ယေဘုံယျအားဖြင့် အရွက်ရင့်များတွင် ပထမဆုံး ဖြစ်ပေါ်ပါသည်။
K ချို့တဲ့ခြင်းသည် စပျစ်သီးများ ညှိး ပြီး ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေသည့် ဇီဝကမ္မဖြစ်စဉ် အစဉ်တကျမဖြစ်ခြင်း အတွက် အကြောင်းအရင်း တစ်ခုဖြစ်ပါသည်။

Reason

ပိုတက်စီယမ်ချို့တဲ့ခြင်း အလွန်သဲဆန်သော မြေများနှင့် မြေညှိထားသောမြေများတွင် ပိုတက်စီယမ်ချို့တဲ့ခြင်းကို ဆိုးရွားစွာ ခံစားရပါသည်။
ချို့တဲ့ခြင်းများသည် နွေလည်ပိုင်းနှင့် နောက်ပိုင်းတွင် အများဆုံးတွေ့ရပါသည်။

ဇင့်အာဟာရချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ပို၍ငယ်ရွယ်သောအရွက်များတွင် လက္ခဏာများ ဖြစ်စေပါသည်။ ရွက်ကြောကြားအဝါရောင်ပြောင်းပြီး ရွက်ကြောများ အစိမ်းရောင်ကျန်ရှိနေပါသည်။ ရွက်ပြားများ သေးငယ်သွားပြီး ရွက်ရိုးတန်များကျယ်ပြန့်လာပြီး အနားများသည် စပ်သွားပုံစံချွန်သွားပါသည်။ ထို့အပြင် ရွယ်ပြားများသည် အပေါ်သို့လန်နေပါသည်။

Reason

ဇင့်ဓာတ်ချို့တဲ့ခြင်း ဖော့စဖောရပ် (P) ဓာတ်ပိုလျှံသည့် အချိန်တွင် ဇင့်ဓာတ်သည် ဖော့စဖိတ်နှင့် ပေါင်းသွားပြီး ရေတွင် အပင်မှမရရှိနိုင်သော ဇင့် ဖော့စဖိတ်ပုံစံသို့ ပြောင်းသွားပြီး အမြစ်မှ မစုပ်ယူနိုင်တော့ပါ။ ဖော့စဖိတ်ဓာတ် စုပ်ယူမှုများခြင်းသည် ဇင့်၏လှုပ်ဆောင်မှုကို နောင့်နှေးစေပါသည်။ အထူးသဖြင့် အောက်ဇင်ချက်လှုပ်မူတာဝန်ကို နှောင့်နှေးစေပါသည်။ 

ဇင့်အာဟာရချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ပထမဆုံးအနေဖြင့် ပို၍ငယ်သော အရွက်များတွင် လက္ခဏာများ ဖြစ်ပေါ်လာပါသည်။ ရွက်ကြောကြားဧရိယာများ အဝါရောင်သို့ပြောင်းသွားပြီး ရွက်ကြောများသည် အစိမ်းရောင် ကျန်ရှိနေပါသည်။
ရွက်ပြားများ သေးငယ်သွားပြီး အရွက်ရိုးတန်များ သေးငယ်ပြီး အရွက်အနားများသည် အလွှာတွန့်ပုံစံ ပြသနေပါသည်။ ထို့ပြင် ရွက်ပြားများသည် ထောင်မတ်နေပါသည်။
နောက်ပိုင်းကြီးထွားသည့်အချိန်တွင် အရွက်၏ အဝါရောင်ပိုင်းတွင် အညိုရောင်ဆဲလ်သေကွက်များတွေ့ရပြီး အရွက်များ လိပ်ဝင်သွားပါသည်။

Reason

ဇင့်ဓာတ်ချို့တဲ့ခြင်း ဖော့စဖောရပ် (P) ဓာတ်ပိုလျှံသည့် အချိန်တွင် ဇင့်ဓာတ်သည် ဖော့စဖိတ်နှင့် ပေါင်းသွားပြီး ရေတွင် အပင်မှမရရှိနိုင်သော ဇင့် ဖော့စဖိတ်ပုံစံသို့ ပြောင်းသွားပြီး အမြစ်မှ မစုပ်ယူနိုင်တော့ပါ။ ဖော့စဖိတ်ဓာတ် စုပ်ယူမှုများခြင်းသည် ဇင့်၏လှုပ်ဆောင်မှုကို နောင့်နှေးစေပါသည်။ အထူးသဖြင့် အောက်ဇင်ချက်လှုပ်မူတာဝန်ကို နှောင့်နှေးစေပါသည်။

ဇင့်အာဟာရချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ဇင့်ဓာတ်ချို့တဲ့သည့်လက္ခဏာများသည် အရွက်နုများတွင် ပထမဆုံး ဖြစ်ပေါ်ပါသည်။ အစိမ်းဖျော့ရောင်၊ စိမ်းရောင် အရောင်မညီကွက်ကြား သည် ရွက်ကြောကြားဧရိယာများတွင် တွေ့ရပြီး အချိန်ကြာလျှင် အရောင်ဖျော့သွားပါသည်။ ရွက်ကြောတစ်လျောက် အစိမ်းရင့်ရောင် အနားများ ကျန်ရှိနေပါသည်။

Reason

P မြင့်မားသည့် အချိန်တွင် ဇင့်ဓာတ်သည် ဖော့စဖိတ်နှင့် ပေါင်းပြီး စုပ်ယူ၍မရသော ဇင့်ဖော့စဖိတ်ပုံပြောင်းသွားပြီး အပင်မှ မစုပ်ယူနိုင့်ပါ။ ဖော့စဖိတ်ဓာတ် စုပ်ယူမှုများခြင်းသည် ဇင့်၏လှုပ်ဆောင်မှုကို နောင့်နှေးစေပါသည်။ အထူးသဖြင့် အောက်ဇင်ချက်လှုပ်မူတာဝန်ကို နှောင့်နှေးစေပါသည်။

ဇင့်အာဟာရချို့တဲ့ခြင်း

စပျစ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

အရွက်များသည် အစိမ်းဖျော့ရောင်ပြနေပြီး ရွက်ကြောကြားဧရိယာများတွင် စိမ်းဝါရောင် အရောင်မညီကွက်များတွေ့ရပါသည်။ ရွက်ကြောကြားဧရိယာများသည် နောက်ပိုင်းတွင် အရောင်ဖျော့သွားပါသည်။ နောက်ပိုင်း ကြီးထွားဖွံ့ဖြိုးမူများသည် စိမ်းဝါရောင်အပိုင်းများ သေသွားပြီး အရွက်များ လိပ်သွားပါသည်။ ဇင့်ချို့တဲ့သည့် လက္ခဏာများသည် အရွက်ရင့်များမှ အညွှန့်ထိပ်ထိ တိုးသွားပါသည်။
စပျစ်ခိုင်များသည် သေးငယ်သွားပါသည်။ စပျစ်ခိုင်အနည်းငယ်သာ ရှိပါသည်။ အသီးအများစုသည် သေးငယ်၍ အစေ့မပါပါ။

Reason

P မြင့်မားသည့် အချိန်တွင် ဇင့်ဓာတ်သည် ဖော့စဖိတ်နှင့် ပေါင်းပြီး စုပ်ယူ၍မရသော ဇင့်ဖော့စဖိတ်ပုံပြောင်းသွားပြီး အပင်မှ မစုပ်ယူနိုင့်ပါ။ ဖော့စဖိတ်ဓာတ် စုပ်ယူမှုများခြင်းသည် ဇင့်၏လှုပ်ဆောင်မှုကို နောင့်နှေးစေပါသည်။ အထူးသဖြင့် အောက်ဇင်ချက်လှုပ်မူတာဝန်ကို နှောင့်နှေးစေပါသည်။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅