fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

အာဟာရဓာတ်များ

နိုက်ထရိုဂျင်ချိုတဲ့သည့် လက္ခဏာများ

နိုက်ထရိုဂျင်အာဟာရဓာတ်ဟာ ကြီးထွားနေတဲ့အပင်အတွင်း ရွှေ့လျှားနိုင်တဲ့ အာဟာရတစ်မျိုးဖြစ်တဲ့အတွက် ချိုတဲ့တဲ့လက္ခဏာကို အပင်ရဲ့အရွက်ရင့် (အောက်ခြေမှာရှိတဲ့ အရွက်ရင့်)မှာ ပထမဆုံးပြသလေ့ရှိပါတယ်။

အပင်က ယေဘုံယျအားဖြင့် အဝါရောင်ပြောင်းခြင်း သိုမဟုတ် အစိမ်းရောင်ဖျော့ဖျော့ ဖြစ်သွားတတ်ပါတယ်။ ပြီးတော့ အပင်ပုသွားပြီး စောစီးစွာ ရင့်မှည့်သွားနိုင်ပါတယ်။ အရင့်ဆုံးအရွက်တွေဟာလည်း လုံးဝအဝါရောင်ပြောင်းသွားပြီး ကြွေကျသွားတတ်ပါတယ်။ တစ်ချိုသီးနှံတွေ (ဥပမာ- မုန်ညင်းမုန်လာမျိုး) မှာ နိုက်ထရိုဂျင်ချိုတဲ့အရွက်တွေဟာ အဝါရောင်အစား အနီရောင်ပြသနေပါတယ်။ ရိတ်သိမ်းရရှိတဲ့ မျိုးစေ့/အစေ့ဆံတွေမှာဆိုရင် ပရိုတင်းပါဝင်မှု လျှော့နည်းနေခြင်းဟာလည်း မြေကြီးပါဝင်တဲ့ နိုက်ထရိုဂျင် ပမာဏ နည်းနေခြင်းကို အကောင်းဆုံးပြသနေပါတယ်။

ယာရာကထုတ်လုပ်ထားတဲ့ ယာရာမီလာမြေသြဇာတွေမှာ နိုက်ထရိုဂျင်ကို ပုံစံ ၂ မျိုးနှင့် ထုတ်လုပ်ထားလို အခြားမြေသြဇာများနှင့် နှိင်းယှဥ်လျင်လေလွင့်ဆုံးရှုးမှုနည်းပြီး ကြာရှည်စွာ အာဟာရထောက်ပံ့ပေးနိုင်ပါတယ်။ မိတ်တ်ဆွေတောင်သူများ အရည်သွေးပြည့်တဲ့ သီးနှံတွေ ထွက်နှုန်းတိုးပြီး ကျန်းမာဘေးကင်းနိုင်ကြပါစေ။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅