fbpx

စိုက်ပျိုးရေး အကြံပြုချက်များ

မြေဆီလွှာ

မြေချဉ်မှုကို ထိန်းနိုင်သည့် နည်းလမ်းများ

ထုံးလိုအပ်ချက် ပမာဏဟာ လက်ရှိရှိနေတဲ့ မြေချဉ်ငန်ဓာတ် ပမာဏ၊ စိုက်ပျိုးတဲ့သီးနှံ နဲ့ မြေသားအနုအကျမ်းပေါ်မူတည်နေပါတယ်။ မြေကြီး pH (၅) အောက်နည်းပြီဆိုရင် ထုံးထည့်ပေးခြင်းကို အနည်းဆုံး (၃) နှစ်ခန့် ဆက်တိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။ 

မြေချဉ်မှုကို ထိန်းနိုင်သည့် နည်းလမ်းများ

တောင်သူဦးကြီးတွေအတွက် မြေချဉ်မှုကို ဘယ်လိုပြုပြင်ပေးနိုင်လည်းဆိုတာကို ယာရာမြန်မာက မျှဝေပေးပါရစေ

မြေချဉ်ဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ထုံးထည့်ပေးခြင်းပဲ ဖြစ်ပါတယ်။ စီးပွားရေးအရ မြေချဉ်ဓာတ်ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာဆုံးရှုံးမူမရှိခင်မှာပဲ ထုံးထည့်ပေးသင့်ပါတယ်။ ထုံးအနေဖြင့် ကယ်ဆီယမ် ကာဗွန်နိပ် သို့မဟုတ် မဂ္ဂနီယမ် ကာဗွန်နိပ်ကို အသုံးပြုနိုင်ပါတယ်။ ၎င်းတို့ဓာတ်ပြုတဲ့ဖြစ်စဉ်မှာ ကာဗွန်နှင့်အောက်စီဂျင် တွေဟာ ဟိုက်ဒရိုဂျင် အိုင်းရွန်း (H+) ပေါင်းပြီး နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေတို့ ရရှိပါတယ်။ ဒါကြောင့် ဟိုက်ဒရိုဂျင် အိုင်းရွန်း (H+)  ပမာဏ လျှော့ကျနိုင်တဲ့အတွက်ကြောင့် မြေချဉ်ငန်ဓာတ်ကို တိုးလာစေနိုင်ပါတယ်။

ထုံးလိုအပ်ချက် ပမာဏဟာ လက်ရှိရှိနေတဲ့ မြေချဉ်ငန်ဓာတ် ပမာဏ၊ စိုက်ပျိုးတဲ့သီးနှံ နဲ့ မြေသားအနုအကျမ်းပေါ်မူတည်နေပါတယ်။ မြေကြီး pH (၅) အောက်နည်းပြီဆိုရင် ထုံးထည့်ပေးခြင်းကို အနည်းဆုံး (၃) နှစ်ခန့် ဆက်တိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။ ယေဘုံယျ နည်းလမ်းကတော့ pH တစ်ယူနစ်တိုးလာဖို့ဆိုရင် သဲဆန်တဲ့မြေမှာ တစ်ဧကလျှင် ၁.၆၆ တန် (၄ တန်/ ဟက်တာ) နှင့် သဲနှုန်းမြေမှာ တစ်ဧကလျှင် ၂ တန် (၅ တန်/ဟက်တာ) လိုအပ်ပါတယ်။ အလွန်စေးသော ရွံ့စေးမြေမှာ တစ်ဧကလျှင် ၃.၇၅တန် (၉  တန်/ဟက်တာ) နှင့် ရွံ့စေးနှုန်းမြေမှာဆို တစ်ဧကလျှင် ၂.၉ တန်(၇ တန်/ဟက်တာ) လိုအပ်ပါတယ်။

Banana

ထုံးထည့်ပေးရမည့် အကြိမ်အရေအတွက်ကတော့ မြေချဉ်တဲ့ဖြစ်စဉ်ရဲ့ မြန်နှုန်းနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ အကြိမ်အရေအတွက်ပေါ် မူတည်နေပါတယ်။ ထိုအချက်တွေမူတည်ပြီး pH ကို ပုံမှန် အကဲ့ဖြတ်နေဖို့လိုအပ်ပါတယ်။

တောင်သူဦးကြီးတွေရဲ့ စိုက်ပျိုးမြေတွေကို ရေရှည်တည်တံသော စိုက်ပျိုးနိုင် တဲ့မြေများဖြစ်အောင် ပြုပြင်ထိန်းသိမ်းလိုက်ကြပါစို့နော်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅