fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောအတွက် အသုံးပြုမည့်နည်းလမ်းများ

အပူပိုင်းဒေသရှိစိုက်ခင်းများတွင် အာဟာရများယိုစိမ့်ခြင်းနှင့် အငွေ့ပျံခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည့်

အာဟာရဆုံးရှုံးမှုများကိုအသုံးပြုမည့် နည်းလမ်းများတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ဤပြဿနာသည် အမြစ်ကုပ်ယူမှု အားနည်းသောအပင်များတွင်ဖြစ်ပေါ်လေ့ရှိသည်။ အများလိုအာဟာရများနှင့် အနည်းလိုအာဟာရများသည် မြေဆီလွာထဲသို့စိမ့်ဝင်ပျောက်ဆုံးခြင်းကို ဖြစ်ပေါ်စေသည်။

မီးစုန်းဓာတ်(P)သည် လိုအပ်သည်ထက်ရေသွင်းသည့်နေရာများတွင် မြေပေါ်ရေစီးဆင်းပျောက်ဆုံးမူကို ဖြစ်စေသကဲ့သို အစက်ချရေသွင်းသည့် ဇုန်များမှလဲ ဆုံးရှုံးမူများဖြစ်စေပါသည်။

နိုက်ထရိုဂျင်အငွေ့ပျံခြင်း(အထူးသဖြင့် ပုလဲဓါတ်မြေသြဇာ)မှ ဆုံးရှုံးမှုသည် ထည့်သွင်းသည့်ပမာဏ၏ ၅၀ရာခိုင်နှုန်းခန့်ရှိကြောင်းတွေ့ရှိရပါသည်။ အပူပိုင်းဒေသများတွင် ထည့်သွင်းသောနိုက်ထရိုဂျင်၏ ၅၀ရာခိုင်နှုန်းအထက်နှင့် ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ်၏ ၂၅ရာခိုင်နှုန်းတို့ ဆုံးရှုံးကြောင်းယူဆရပါသည်။ စမ်းသပ်ကွက်များမှတွေ့ရှိချက်များအရ စီအီးစီ (CEC) နိမ့်သောမြေများတွင် ထည့်သွင်းထားသောနိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ် မြေသြဇာများ၏ ၆၀ မှ ၈၅ရာခိုင်နှုန်းတို့ဆုံးရှုံးနိုင်သည်။ သို့ဖြစ်ပါ၍ပမာဏနည်းနည်းနှင့်အကြိမ်အရေအတွက်များများထည့်သွင်းခြင်း၊ထည့်သွင်းသည့်အာဟာရများကိုအထောက်အကူဖြစ်စေရန်နှင့် ရေ၊လေတိုက်စားမှု လျော့နည်းစေရန် အကာအကွယ်များအသုံးပြုခြင်းတို့သည် အသုံးများသောနည်းလမ်းများဖြစ်ပါသည်။

တစ်ဟက်တာလျှင် ၅၅ တန်ထွက်ရှိစေရေးအတွက် မြေသြဇာလိုအပ်မှု

လက်ရှိအသီးသီးနေသောငှက်ပျောပင် (မိခင်ပင်)သည် သားတတ်များထက် ပိုမို၍ဓာတ်မြေသြဇာလိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သားတတ်များသည် အသီးဆွတ်ခူးပြီးနောက် မိခင်ပင်စည်တွင် ကျန်ရှိသောအာဟာရများကိုအသုံးပြုနိုင်သည်။ သဘာဝဓာတ်မြေသြဇာများအသုံးပြုခြင်းဖြင့်လည်းအပင်ပွားများ၏ အာဟာရမြင့်မားမှုကိုအထောက်အကူဖြစ်စေမည်ဖြစ်ပြီးဓာတ်မြေသြဇာထည့်သွင်းရမည့်နှုန်းလည်းလျော့နည်းစေမည်။၁၀ပတ် ကျော်လွန်ပြီးပါကမိခင်ပင်စည်သည် အပင်ပွားများမှလိုအပ်သောအာဟာရ၏ ၄၀ရာခိုင်နှုန်းကိုထောက်ပံ့ပေးနိုင်သည်။ သို့ဖြစ်ပါ၍ အသီးထားရန်ရွေးချယ်ထားသော သားတတ်ပင်ငယ်အတွက် အာဟာရလည်ပတ်မှုအကောင်းဆုံးဖြစ်စေရန်အတွက် မိခင်အပင်အား အဟာရဓါတ်အမြင့်ဆုံးအချိန်တွင် ဖြတ်တောက်ပေးရမည်။

ငှက်ပျောပင်အား ဓာတ်မြေသြဇာနှင့်ရေပေးသွင်းခြင်း

စိုက်ခင်းအားရှင်းလင်းခြင်း/ဓာတ်မြေသြဇာနှင့်ရေပေးသွင်းခြင်း

သားတတ်များအတွက် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ ဆာလ်ဖာ၊ ဘိုရွမ်၊ မဂ္ဂနီဆီယမ်နှင့် ကော့ပါးများသည် မိခင်ပင်မှ လျင်မြန်စွာပြန်လည်ရွေ့လျားနိုင်ပြီး သားတတ်ပင်အတွက် အသုံးပြုနိုင်သည်။ မဂ္ဂနီဆီယမ်၊ သံဓာတ်နှင့် ဇင့် သည် အသင့်အတင့်သာလျှင် ရွေ့လျားလည်ပတ်နိုင်ပြီး ကယ်လ်စီယမ်သည် ရွေ့လျားမူမရှိ၍ အပင်မှ လွယ်လွယ်မရနိုင်သည့်အတွက် သီးနှံတစ်ရာသီလုံးအတွက် ပုံမှန်ထည့်သွင်းပေးရန် လိုအပ်ပါသည်။ နောက်ထပ်စိုက်ပျိုးမည့် သားတတ်အပင်ငယ်အတွက် ကြီးထွားမှု ကောင်းမွန်စေရန် နှင့် ကျန်းမာသန်စွမ်းစေရန် အနည်းလိုအဟာရရရှိနိုင်မှုသည် အရေးကြီးပါသည်။

အပင်စတင်ကြီူထွားချိန်တွင် ဖော့စဖရပ်နှင့်ပိုတက်စီယမ်တို့အားမြေကြီးနှင့်ရောနှော၍မြေခံအဖြစ် ထည့်သွင်းနိုင်သည်။

ထပ်မံထည့်သွင်းမည့် ဓါတ်မြေသြဇာများကိုမြေ၏အပေါ်ယံမျက်နှာပြင်ပေါ်သို့မဟုတ် သားတတ်ပင်ဘေးသို့ ရောက်အောင် ထည့်သွင်းပေးရမည်။

ဓါတ်မြေသြဇာနှင့်သွင်းရေတို့ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် အဟာရများသည် ငှက်ပျောပင်၏ ရှင်သန်နေသောအမြစ်သို့တိုက်ရိုက်ရောက်ရှိပြီးလိုအပ်ချက်များကိုထိထိရောက်ရောက်ဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်းနှင့် အငွေ့ပျံခြင်းနှင့်ယိုစိမ့်ခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကိုလျော့နည်းသက်သာစေမည်။ ဓါတ်မြေသြဇာနှင့်သွင်းရေတို့ပေါင်းစပ်ထည့်သွင်းခြင်းစနစ်များသည် အပင်တစ်ပင်ချင်းစီအတွက် လိုအပ်သည့် အဟာရများကိုအများဆုံးစုပ်ယူစားသုံးနိုင်ရန်အတွက် လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏအတိုင်းထည့်သွင်းနိုင်သည့် နည်းလမ်းကောင်းဖြစ်ပါသည်။ ဓါတ်မြေသြဇာနှင့်သွင်းရေတို့ပေါင်းစပ်ထည့်သွင်းခြင်းစနစ်အသုံးပြုပါက စိုက်ပျိုးထုတ်လုပ်သည့်ကာလတလျှောက်လုံးတွင် အပင်မှလိုအပ်သည့် အဟာရကိုအချိုးအဆမှန်ကန်စွာထည့်သွင်းနိုင်ရန် အလွန်ပင်အရေးကြီးပါသည်။

အရေးပေါ်အဟာရလိုအပ်ချက် သို့မဟုတ် စိုက်ပျိုးမြေတွင် လိုအပ်သည့်အဟာရများ မရရှိနိုင်ခြင်းတို့ကိုဖြေရှင်းနိုင်ရန်အတွက် အရွက်ပေါ်သို့ပက်ဖျန်းသည့်နည်းလမ်းကိုအသုံးပြုနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အရွက်အောက်သာမက ထိပ်ပိုင်းမျက်နှာပြင်သို့ရောက်ရှိအောင် ဆောင်ရွက်ရန် အရေးကြီးသည်။

အကူအညီပစ္စည်း(တွယ်ကပ်ဆေး)များအားအသုံးပြုခြင်းဖြင့် ကြီးမားကျယ်ပြန့်၍ရေမတင်သည့် ငှက်ပျောအရွက် ပေါ်သို့ ထိရောက်စွာပက်ဖျန်းနိုင်မည်ဖြစ်ပါသည်။ အသီးငယ်များသည် ရွက်ဖျန်းဓါတ်မြေသြဇာအားခံနိုင်ရည်မရှိသည့်အတွက် ပျက်စီးမှုလျော့နည်းစေရန် တိကျမှန်ကန်သည့်အချိုးအဆအတိုင်းပက်ဖျန်းရန် အလွန်အရေးကြီးပါသည်။

ကယ်လ်စီယမ်နိုက်ထရိတ်နှင့် မြေချဉ်/ငံဓါတ်

အခိုင်တွင် အစွပ်များအသုံးပြုထားလေ့ရှိသည့်အတွက် အသီးပေါ်သို့ပက်ဖျန်းသည့်နည်းလမ်းကိုအသုံးပြုမှုနည်းပါးသော်လည်းငှက်ပျောခိုင်သို့ ကယ်လ်စီယမ်ပက်ဖျန်းခြင်းဖြင့် ရှိရင်းစွဲသိုလှောင်နိုင်သည့်လက္ခဏာများကိုထိန်းသိမ်းထားနိုင်ရုံသာမကပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅