fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောပင်အားထိန်းသိမ်းကာကွယ်ခြင်း

ငှက်ပျောပင်များကိုပူနွေးစွတ်စိုသည့်ပတ်ဝန်းကျင်တွင် စိုက်ပျိုးကြသဖြင့် အမြစ်၊ အရွက်နှင့် အသီးတို့တွင် ပိုမိုရောဂါကျရောက်တတ်သည်။

Sigatoka စီကာတိုကာ(အမဲရောင်နှင့်အဝါရောင်) ကဲ့သို့သောရွက်ကျရောဂါများသည် ထုတ်လုပ်မှုအပေါ်တွင် အဓိကထိခိုက်နိုင်သည်။ Sigatokaသည် အရွက်ဧရိယာကိုကျဉ်းမြောင်းစေသည့် အတွက် နေရောင်ခြည်အသုံးပြု၍အစာချက်လုပ်သည့်စွမ်းရည်ကို သိသာစွာလျော့နည်းစေသည်။ အများဆုံးအသုံးပြုသည့်နည်းလမ်းမှာ ရောဂါကျရောက်မှု ၅၀ရာခိုင်နှုန်းထက်ကျော်လွန်ပါက ရောဂါကျရောက်သည့်အရွက်အား ဖြတ်၍ပယ်ရှားခြင်းဖြင့် ရောဂါပြန့်ပွားမှုကိုလျော့နည်းစေသည်။ အရွက်အရေအတွက်သည် သတ်မှတ်ထားသည်ထက် မနည်းစေရန် အထူးသတိပြုရမည်။ 

 

ငှက်ပျောတွင်ကျရောက်သည့် အမဲရောင် Sigatoka


အမဲရောင် Sigatoka


ငှက်ပျောတွင်ကျရောက်သည့်အဝါရောင် Sigatoka


အဝါရောင် Sigatoka


အဓိကကျရောက်တတ်သောအမြစ်ရောဂါသည်Fusarium oxysporum ဖြစ်ပြီး၎င်းအား ပနားမားရောဂါဟုလည်းခေါ်သည်။ အဆိုပါရောဂါသည် Gros Michel ငှက်ပျောမျိုးအတွက်အဓိကပြဿနာသည်။ ထို့ပြင် Verticillium, Trachysphaera, Colletotrichum, Fusarium နှင့် Botryodiplodia တို့ကျရောက်ခြင်းဖြင့် အသီးပုတ်ခြင်းများဖြစ်ပေါ်နိုင်သည်။ ဒေသအများစုတွင်ဖျက်ပိုးများထိန်းချုပ်ကာကွယ်ခြင်းသည်အလွန်အရေးကြီးပါသည်။ငှက်ပျောသီးလုံးဖောက်ပိုးနှင့်နီမတုတ်ရောဂါတို့သည်အမြစ်များနှင့်ပင်စည်များကိုထိခိုက်နိုင်ပြီးအပင်ကိုအားနည်းစေသည့်အပြင် အပင်ပိုင်းပြတ်နိုင်သည်။အသီးနုများတွင်လှေးပိုးကိုက်စားမှုကြောင့်အသီးအခွံများ၏မျက်နှာပြင်ပျက်စီးနိုင်သည်။

ငှက်ပျောခိုင်အားအိပ်စွပ်အသုံးပြုကာကွယ်ခြင်း


ငှက်ပျောပင်များ၏အမြစ်ကုတ်တွယ်မှုအားနည်းသည့် သဘာဝကြောင့်အပင်မှုန်းခြင်းအား အသုံးပြုမှုနည်းပါးသည့်အတွက် ပေါင်းသတ်ဆေးအသုံးပြုခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်အပင်များကိုဖုံးအုပ်ထားခြင်းဖြင့် ပေါင်းပင်များကိုထိန်းချုပ်ထားနိုင်သည်။ အခိုင်များကိုအိပ်အစွပ်အသုံးပြုကာကွယ်ခြင်းဖြင့်အခိုင်ကြီးထွားမှုကိုထိန်းချုပ်ထားနိုင်ရုံသာမက မှိုသတ်ဆေးသက်ရောက်မှု၊ အခိုင်ပွန်းပဲ့မှုနှင့်အခိုင်ပေါ်တွင်ဖုန်အမှိုက်များစုစည်းခြင်းတို့ကိုလျော့နည်းစေသည်။


အေးသောပတ်ဝန်းကျင်တွင်အစွပ်အသုံးပြုကာကွယ်ခြင်းသည် ငှက်ပျောခိုင်အား အနွေးဓာတ်ရရှိစေပြီး လေပြင်းတိုက်ခတ်မှုဒဏ်ခံရမှုကိုလျော့နည်းစေရုံသာမက အခိုင်ဖွံ့ဖြိုးမှုအားပိုမိုကောင်းမွန်စေပြီး ထုတ်လုပ်မှုအချိန်အားတိုတောင်းစေမည်ဖြစ်ပါသည်။ အပူပိုင်းဒေသများတွင်အပူချိန်လွန်ကဲခြင်းကြောင့် ပြင်ပသွင်ပြင်လက္ခဏာပျက်စီးစေနိုင်ပေမယ့် အသီးများပုတ်ခြင်း၊ အချိန်မကျမီမှည့်ခြင်းနှင့်ဖျက်ပိုးပြဿနာများကို ကာကွယ်နိုင်ရန်အတွက်အစွပ်အသုံးပြုရန်လိုအပ်ပါသည်။ အဆိုပါပြသနာများကိုဖြေရှင်းနိုင်ရန်အတွက်အခိုင်များတွင်အပေါက်ငယ်ဖေါက်ထားသည့်အစွပ်များကိုပိုးသတ်ဆေးများနှင့်တွဲဖက်၍ အသုံးပြုနိုင်သည်။ တစ်ချိန်တည်းမှာပင်အသီးများကြီးထွားချိန်၊ အသီးဆွတ်ခူးချိန်နှင့်ထုပ်ပိုးရန်အတွက်သယ်ယူပို့ဆောင်ချိန်တို့တွင် ပွတ်တိုက်မှုကြောင့်ပျက်စီးမှုများကိုလျော့နည်းစေရန်အတွက်အသီးများကြားတွင်ပလပ်စတစ်အစွပ်များအသုံးပြုနိုင်သည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅