fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောတစ်ခိုင်တွင် ပါဝင်သောအဖီးအရေအတွက်တိုးမြှင့်ခြင်း

ငှက်ပျောပင်၏ အပင်ပိုင်းကြီးထွားမှုအား ဖြည့်တင်းပေးရန်နှင့် ထိန်းသိမ်းထားနိုင်ရန် နိုက်ထရိုဂျင်လိုအပ်ချက်မြင့်မားသည်။

သီးနှံအာဟာရဓာတ်နှင့်ငှက်ပျောတစ်ခိုင်တွင် ပါဝင်သောအဖီးအရေအတွက်

နိုက်ထရိုဂျင်နှင့် အပင်ကြီးထွားမှု

 

ငှက်ပျောပင်၏ အပင်ပိုင်းကြီးထွားမှုအား ဖြည့်တင်းပေးရန်နှင့် ထိန်းသိမ်းထားနိုင်ရန် နိုက်ထရိုဂျင်လိုအပ်ချက်မြင့်မားသည်။

နိုက်ထရိုဂျင်နှင့်အသီးအရေအတွက် ငှက်ပျော စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ငှက်ပျောတစ်ခိုင်ရှိအဖီးအရေအတွက်အပါအဝင်အထွက်နှုန်းတို့အတွက် နိုက်ထရိုဂျင်ကိုထည့်သွင်းသည်။

 

ပိုတက်စီယမ်နှင့်အသီးအရေအတွက်

ငှက်ပျောပင်များသည် ပင်စည်များတွင် နိုက်ထရိုဂျင်သိုလှောင်နိုင်စွမ်းမရှိသည့်အတွက် နိုက်ထရိုဂျင်ချို့တဲ့မှုကြောင့် ကြီးထွားမှုနှောင့်နှေးခြင်းရုံသာမကရပ်တန့်သွားနိုင်သည်။
ပိုတက်စီယမ်အာဟာရပြည့်ဝမှုသည် အပပ်တစ်ပင်မှ အသီးအရေအတွက်ကိုတိုးမြင့်စေသော်လည်းပိုတက်စီယမ်အားလုံလောက်စွာထည့်သွင်းခြင်းမပြုပါကထုတ်လုပ်မှုလျော့နည်းခြင်း၊ ကျိုးပဲ့လွယ်သောအခိုင်များနှင့် အပင်သန်မာမှုအားနည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။


ပိုတက်စီယမ်အားအထူးသဖြင့် မိုးရွာသွန်းသည့်နေရာများနှင့် ဖွယ်သောမြေများတွင် ပမာဏမှန်ကန်စွာဖြင့် အကြိမ်ရေများများထည့်သွင်းပါကအထွက်နှုန်းအမြင့်ဆုံးကိုရရှိနိုင်မည်ဖြစ်ပါသည်။ ပိုတက်စီယမ်အာဟာရဓာတ်လုံလောက်စွာရရှိခြင်းသည် အပင်အမြင့်၊ ပင်စည်လုံးပတ်နှင့် အရွက်စိမ်းအရေအတွက်တို့သာမကအပင်တစ်ပင်မှ အသီးအရေအတွက်တို့ကိုတိုးမြင့်စေနိုင်သော်လည်းပိုတက်စီယမ်အားလုံလောက်စွာထည့်သွင်းခြင်းမပြုပါကထုတ်လုပ်မှုလျော့နည်းခြင်း၊ အခိုင်များပွန်းပဲ့လွယ်ခြင်းနှင့် အပင်သန်စွမ်းမှုအားနည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။


ပိုတက်စီယမ်ပါဝင်မှု နှင့် အသီးအရွယ်အစား


အရွက်မှအသီးသို့ ကာဗိုဟိုက်ဒရိတ် ကူးပြောင်းပေးရန်နှင့် ငှက်ပျောသီးအသားတွင် ပိုတက်စီယမ်ပါဝင်မှုနှင့် အသီးအရွယ်အစားတို့အတွက် ပိုတက်စီယမ်သည် အရေးကြီးပါသည်။

 

မဂ္ဂနီဆီယမ်နှင့်အထွက်နှုန်း

 


မဂ္ဂနီဆီယမ်သည် အစိမ်းရောင်ဓာတ်ထုတ်လုပ်ရာတွင် အရေးပါသည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့်အသားဓာတ်ထုတ်လုပ်မှုအတွက် လှုံ့ဆော်ပေးသည့်ဓာတ်သတ္တုတစ်ခုဖြစ်ပြီး ဖော့စဖရပ်သယ်ယူပို့ဆောင်ရာတွင်လည်း ပါဝင်သည်။ မဂ္ဂနီဆီယမ်သည် ငှက်ပျောခိုင်အလေးချိန်နှင့် အထွက်နှုန်းအား တိုက်ရိုက်အကျိုးပြုသည်။


အထွက်နှုန်းကိုထိခိုက်မှုမရှိစေရေးအတွက် မြေဆီလွှာတွင် ပိုတက်စီယမ်နှင့်မဂ္ဂနီဆီယမ်တို့၏ အချိုးအစားမှန်ကန်ရေးသည် အရေးကြီးပါသည်။ ပိုတက်စီယမ်ပမာဏများများကိုထည့်သွင်းခြင်းသည် မဂ္ဂနီဆီယမ်စုပ်ယူမှုကိုအဟန့်အတားဖြစ်စေသည်။ မြေဆီလွှာတွင် ပိုတက်ဆီယံနှင့်ကယ်လ်စီယမ်တို့နှင့်နှိုင်းယှဉ်ထားသောမဂ္ဂနီဆီယမ်ပါဝင်မှုအချိုးကိုမြေဆီလွှာတွင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ် သင့်တော်သောပမာဏ ပါဝင်ရန်လိုပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅