fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောခိုင်တစ်ခိုင်၏ အရှည်နှင့် အခိုင်တစ်ခိုင်တွင်ပါရှိသောအဖီးအရေအတွက်ပေါ်တွင် လွှမ်းမိုးမှုများ

ငှက်ပျောစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အခိုင်၏ အလေးချိန်၊အရှည်နှင့် တစ်ခိုင်တွင်ပါရှိသောအဖီးအရေအတွက် တို့ပါဝင်သည့် အထွက်နှုန်းတိုးမြင့်စေရေးအတွက် နိုက်ထရိုဂျင်ကိုထည့်သွင်းအသုံးပြုကြသည်။

အပင်အာဟာရနှင့်အခိုင်၏အရှည်နှင့် တစ်ခိုင်တွင်ပါရှိသောအဖီးအရေအတွက်

ပုံ-၁၇။ နိုက်ထရိုဂျင်သည် အသီး၏အလေးချိန်နှင့် အသီးအရေအတွက်ကိုတိုးမြှင့်နိုင်ခြင်း


ဟင်းအဖြစ်ချက်၍စားသုံးနိုင်သည့် ငှက်ပျောမျိုးသည်လည်း သာမန်ငှက်ပျောမျိုးများနည်းတူ နိုက်ထရိုဂျင်အားတုန့်ပြန်နိုင်စွမ်းရှိသည်။

 

နိုက်ထရိုဂျင်နှင့်အထွက်နှုန်း


အပင်၏ အမြစ်တိမ်ခြင်းနှင့် စိမ့်ဝင်မှုနှင့်အငွေ့ပျံခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုများကြောင့် နိုက်ထရိုဂျင်အားပုံမှန်ထည့်သွင်းပေးရပါမည်။ ထို့ပြင် ငှက်ပျော၏ ပင်စည်သည် နိုက်ထရိုဂျင်အားသိုလှောင်ထားနိုင်စွမ်းမရှိပါ။ သို့ဖြစ်ပါ၍ နိုက်ထရိုဂျင်အား လိုအပ်သည့်အချိန်တွင် မရရှိပါက အပင်ကြီးထွားမှုနှေးကွေးခြင်းနှင့်အတူ အပင်ကျိုးပြတ်လဲကျခြင်းကိုလည်းဖြစ်ပေါ်စေနိုင်ပါသည်။


သို့သော်လည်း နိုက်ထရိုဂျင်အားလိုအပ်သည်ထက် များစွာထည့်သွင်းမိပါကငှက်ပျောခိုင်သည် ပိုမိုရှည်လျားနိုင်သော်လည်းအဖီးများအကြားတွင် ကြီးမားသောကွာဟမှုများဖြစ်ပေါ်နိုင်ပါသည်။ ထို့ပြင် အခိုင်များပိုမိုသေးငယ်ခြင်း၊ ကွာဟမှုများကို ဖြည့်ဆည်းပေးနိုင်မှုမရှိခြင်းတို့ကြောင့် အစိမ်းရောင်သက်တမ်းကြာရှည်မှုမရှိဘဲ အပင်မှကြွေကျနိုင်ပါသည်။
ပိုတက်ဆီယမ်နှင့်နိုက်ထရိုဂျင်တို့အားအချိုးအစားမှန်ကန်ကောင်းမွန်စွာထည့်သွင်းနိုင်ရေးသည် အရေးကြီးပါသည်။ ထိုကဲ့သို့ဆောင်ရွက်နိုင်ခြင်းမရှိပါကငှက်ပျောခိုင်ထွက်ပေါ်လာမှုနှောင့်နှေးခြင်း၊ကျိုးပဲ့နေသောအသီးအညှာများဖြစ်ပေါ်ခြင်းတို့နှင့်အတူအသီးမှည့်များအခိုင်မှကြွေကျခြင်းတို့ကို ဖြစ်စေနိုင်သည်။ အခိုင်များတွင်လည်းတစ်ဖီးနှင့်တဖီးကွာဟမှု(အဖီးကျဲ)နိုင်ပြီးသယ်ယူပို့ဆောင်ရာတွင် ပျက်စီးလွယ်ကူသည်။

 

အရွက်အား စမ်းသပ်စစ်ဆေးခြင်း


အရွက်အားစမ်းသပ်သည့်နည်းလမ်းနှင့် နမူနာယူခဲ့သည့် အရွက်အစိတ်အပိုင်းအပေါ်တွင်မူတည်၍အထွက်နှုန်းကောင်းမွန်စေရေးအတွက် အရွက်တွင် လိုအပ်သည့် ပိုတက်စီယမ်-နိုက်ထရိုဂျင်အချိုးအဆသည် ၁း၁ နှင့် ၁.၆း၁ ကြားတွင်တည်ရှိပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅