fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောခိုင်တစ်ခိုင်၏ အရှည်နှင့် အခိုင်တစ်ခိုင်တွင်ပါရှိသော အဖီးအရေအတွက်ပေါ်တွင် လွှမ်းမိုးမှုများ

အပင်အဟာရနှင့်အခိုင်၏ အရှည်နှင့် တစ်ခိုင်တွင်ပါရှိသော အဖီးအရေအတွက်

ပုံ-၁၇။ နိုက်ထရိုဂျင်သည် အသီး၏အလေးချိန်နှင့် အသီးအရေအတွက်ကို တိုးမြှင့်နိုင်ခြင်း

ငှက်ပျောစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အခိုင်၏ အလေးချိန်၊ အရှည်နှင့် တစ်ခိုင်တွင်ပါရှိသော အဖီးအရေအတွက် တို့ပါဝင်သည့် အထွက်နှုန်း တိုးမြင့်စေရေးအတွက် နိုက်ထရိုဂျင်ကို ထည့်သွင်းအသုံးပြုကြသည်။ ဟင်းအဖြစ်ချက်၍ စားသုံးနိုင်သည့် ငှက်ပျောမျိုးသည်လည်း သာမန်ငှက်ပျောမျိုးများနည်းတူ နိုက်ထရိုဂျင်အားတုန့်ပြန်နိုင်စွမ်းရှိသည်။

နိုက်ထရိုဂျင်နှင့်အထွက်နှုန်း

အပင်၏ အမြစ်ထိုးဖောက်မှုမှာ တိမ်ခြင်းနှင့် အာဟာရစိမ့်ဝင်ပျောက်ဆုံးခြင်းနှင့် အငွေ့ပျံခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကြောင့် နိုက်ထရိုဂျင်အား ပုံမှန်ထည့်သွင်းပေးရပါမည်။ ထို့ပြင် ငှက်ပျော၏ ပင်စည်သည် နိုက်ထရိုဂျင်အား သိုလှောင်ထားနိုင်စွမ်းမရှိပါ။ သို့ဖြစ်ပါ၍ နိုက်ထရိုဂျင်အား လိုအပ်သည့်အချိန်တွင် မရရှိပါက အပင်ကြီးထွားမှုနှေးကွေးခြင်းနှင့်အတူ အပင်ကျိုးပြတ်လဲကျခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

သို့သော်လည်း နိုက်ထရိုဂျင်အား လိုအပ်သည်ထက် များစွာထည့်သွင်းမိပါက ငှက်ပျောခိုင်သည် ပိုမိုရှည်လျားနိုင်သော်လည်း အဖီးများအကြားတွင်ကွာဟမှုများ (အဖီးကျဲခြင်း) ဖြစ်ပေါ်နိုင်ပါသည်။ ထို့ပြင် အခိုင်များပိုမိုသေးငယ်ခြင်း၊ ကွာဟမှုများကို ဖြည့်ဆည်းပေးနိုင်မှု မရှိခြင်းတို့ကြောင့် အစိမ်းရောင် သက်တမ်းကြာရှည်မှုမရှိဘဲ အပင်မှကြွေကျနိုင်ပါသည်။

ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင်တို့အား အချိုးအစား မှန်ကန်ကောင်းမွန်စွာ ထည့်သွင်းနိုင်ရေးသည် အရေးကြီးပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းမရှိပါက ငှက်ပျောခိုင်ထွက်ပေါ်လာမှုနှောင့်နှေးခြင်း၊ ကျိုးပဲ့နေသော အသီးအညှာများဖြစ်ပေါ်ခြင်းတို့နှင့်အတူ အသီးမှည့်များအခိုင်မှ ကြွေကျခြင်းတို့ကို ဖြစ်စေနိုင်သည်။ အခိုင်များတွင်လည်း တစ်ဖီးနှင့်တဖီး ကွာဟမှုများ (အဖီးကျဲ)နိုင်ပြီး သယ်ယူပို့ဆောင်ရာတွင် ပျက်စီးလွယ်သည်။

အရွက်အားစမ်းသပ်စစ်ဆေးခြင်း

အရွက်အား စမ်းသပ်သည့်နည်းလမ်းနှင့် နမူနာယူခဲ့သည့် အရွက်အစိတ်အပိုင်းအပေါ်တွင်မူတည်၍ အထွက်နှုန်းကောင်းမွန်စေရေးအတွက် အရွက်တွင် လိုအပ်သည့် ပိုတက်စီယမ်-နိုက်ထရိုဂျင်အချိုးသည် ၁း၁ နှင့် ၁.၆း၁ ကြားတွင်တည်ရှိပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅