fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောခိုင်၏အလေးချိန်အပေါ်လွှမ်းမိုးနိုင်သည့်အချက်များ

ငှက်ပျောစိုက်ပျိုးခြင်းနှင့် ငှက်ပျောခိုင်အလေးချိန်အပါအဝင် အထွက်နှုန်းတိုးမြင့်စေခြင်းတို့အတွက် နိုက်ထရိုဂျင်ကိုထည့်သွင်းအသုံးပြုကြသည်။

နိုက်ထရိုဂျင်

နိုက်ထရိုဂျင်သည် အသီး၏အလေးချိန်ကိုတိုးမြှင့်နိုင်ခြင်း

ယူရီးယားအခြေခံသည့် ဓာတ်မြေသြဇာများနှင့်နှိုင်းယှဉ်ကြည့်ပါက နိုက်ထရိတ်-နိုက်ထရိုဂျင် အသုံးပြုခြင်းသည် အပင်မှ အာဟာရများကောင်းမွန်စွာစုပ်ယူနိုင်ခြင်းနှင့် အခြားအာဟာရများဥပမာ- ကယ်လ်စီယမ်၊ မဂ္ဂနီဆီယံနှင့်ပိုတက်စီယမ်တို့ကိုရရှိစေနိုင်သည်။


စမ်းသပ်ကွက်မှ တွေ့ရှိချက်အရ နိုက်ထရိတ်-နိုက်ထရိုဂျင်ရရှိနိုင်သည့်နေရာများမှ ငှက်ပျောပင်များ၏ အခိုင်အလေးချိန်များသည် မြင့်မားသည်။

နိုက်ထရိုဂျင်အမျိုးစားနှင့် အခိုင်အလေးချိန်အတွက် နိုက်ထရိုဂျင်အမျိုးအစားနှင့် အခိုင်အလေးချိန်အတွက် ကယ်လ်စီယမ်နှင့် အရွက်တွင်ပါဝင်မှု

စမ်းသပ်ကွက်များတွင် ကယ်လ်စီယမ်နိုက်ထရိတ်သည် မြေနှင့် အရွက်တို့မှ ကယ်လ်စီယမ် ပံ့ပိုးပေးမှုတို့မှတဆင့် အမြစ် များပြားလာပြီးအခက်များကြီးထွားလာပါသည်။
ကယ်လ်စီယမ်အသုံးပြုခြင်းဖြင့် အမြစ်ရောဂါများကျရောက်မှုကိုလျော့နည်းစေပြီးအရွက်အရွယ်အစားကြီးမားလာစေနိုင်ကြောင်းသုတေသနတွေ့ရှိချက်မှ ခိုင်မာစာဖေါ်ပြထားသည်။

ထို့ပြင် အပင်ပိုင်းဆိုင်ရာပိုမိုကြီးထွားလာပြီးအခိုင်၏အလေးချိန်ကိုလည်းတိုးမြင့်စေပါသည်။

 

ကယ်လ်စီယမ်နှင့် အခိုင်၏သွင်ပြင်လက္ခဏာများ

 

 


မဂ္ဂနီဆီယမ်


မဂ္ဂနီဆီယမ်သည်အထွက်နှုန်းကိုတိုးမြှင့်နိုင်ခြင်း၊ မဂ္ဂနီဆီယမ်နှင့်အထွက်နှုန်း

မဂ္ဂနီဆီယမ်သည် ငှက်ပျောခိုင်၏အလေးချိန်ကိုတိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။ အကယ်၍မဂ္ဂနီဆီယမ်ချို့တဲ့မှုဖြစ်ပေါ်လာပါကအပင်ကြီးထွားမှုကိုထိခိုက်နိုင်ပြီးပိုတက်ဆီယမ်နှင့်ကယ်လ်စီယမ်တို့အားစုပ်ယူစားသုံးခြင်းလျော့နည်းလာမည့်အပြင် ငှက်ပျောအထွက်နှုန်းကိုကျဆင်းစေမည်ဖြစ်ပါသည်။

 

ဘိုရွန်နှင့်ကော့ပါးဓာတ်


ဘိုရွန်နှင့်ငှက်ပျောအခိုင်အလေးချိန်

စမ်းသပ်ကွက်များမှ ဘိုရွန်၏ အခန်းကဏ္ဍ(အချို့တွင် ကော့ပါးနှင့်ပေါင်းစပ်၍)ကို စမ်းသပ်စစ်ဆေးရာတွင် အနည်းလိုအာဟာရများသည် ကြီးထွားမှုကိုကောင်းမွန်စေပြီး ငှက်ပျောခိုင်၏ အလေးချိန်ကို တိုးမြင့်စေသည်ဟု ဖော်ပြထားပါသည်။ အကယ်၍ ဘိုရွန်ချို့တဲ့မှုဖြစ်ပေါ်ပါက ငှက်ပျောခိုင်ကြီးထွားဖွံ့ဖြိုးမှုကို လျော့နည်းစေနိုင်ပါသည်။

ကော့ပါး၏ပမာဏသည် အနည်းငယ်သာလိုအပ်သည့်အတွက် (မဂ္ဂနီစ်လိုအပ်ချက်၏ ၁ ရာခိုင်နှုန်းအောက်) မြန်ဆန်စွာကြီးထွားဖွံ့ဖြိုးနိုင်သည့်နှုန်းထားဖြစ်စေရေးမှာအလွန်အရေးကြီးပါသည်။

ဘိုရွန်နှင့်ကော့ပါးတို့ကြောင့် ကြီးထွားနိုင်သည့်သွင်ပြင်လက္ခဏာများ၊ အနည်းလို အာဟာရများနှင့်အထွက်နှုန်း

ဇင့်ဓာတ်သည် ငှက်ပျောစိုက်ပျိုးထုတ်လုပ်ရာတွင် အရေးကြီးဆုံးသော အနည်းလိုအာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။ ဇင့်ဓာတ်သည် ငှက်ပျောပင်ကြီးထွားရေးနှင့် ငှက်ပျောခိုင်အလေးချိန်တို့အပေါ်တွင် အဓိကကျသောဓာတ်ပင်ဖြစ်ပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅