fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ဈေးကွက်လိုအပ်ချက်များ

ဟင်းအဖြစ်ချက်ပြုတ်၍စားသောက်နိုင်သောငှက်ပျောမျိုးအားအစိမ်းရောင်သက်တမ်းကြာရှည်ပြီး

အရည်အသွေးအဆင့်အလွန်မြင့်မားသောအခိုင်ကြီးများထုတ်လုပ်ရန်လိုအပ်ပါသည်။ခူးဆွတ်ချိန်တွင် ပြည်ပသို့တင်ပို့နိုင်သည့်ငှက်ပျောသီးဖြစ်စေရန်အတွက် အတွင်း၌ပျက်စီးမှုမရှိဘဲပိုးမွှားများနှင့်ဖုန်မှုန့်ကင်းစင်ရန် လိုအပ်ပါသည်။ ငှက်ပျောသီးများကိုအကောင်းဆုံးအဆင့်၊ ပထမတန်းအဆင့်နှင့် ဒုတိယတန်းအဆင့်ဟူ၍အဆင့် သုံးဆင့်ခွဲခြားလေ့ရှိသည်။

ငှက်ပျောသီး၏ ဈေးကွက်လိုအပ်ချက်များအတွက် နိုင်ငံတကာအဆင့် စံချိန်စံညွှန်းသတ်မှတ်ချက်(Codex)

 

 နေရာဒေသအလိုက်သတ်မှတ်ချက်များနှင့် ပိုမိုရင့်မာ(ရင့်မှည့်)သည့် ငှက်ပျောလုံးပတ်

ငှက်ပျောရင့်မာမူ(ရင့်မှည့်မှု)သတ်မှတ်ချက်များသည် နိုင်ငံအလိုက် သို့မဟုတ် ဒေသအလိုက်နှင့် အသီးများအားသယ်ယူပို့ဆောင်ရေးနှင့်သိုလှောင်ရေးတို့အတွက် လိုအပ်သည့်အချိန်ကာလအပေါ်မူတည်၍ကွဲပြားခြားနားကြသည်။ အသီး၏ အရောင် အစိမ်းရောင်ဖျော့ဖျော့ရှိလာပြီးအသီး၏ ဒေါင့်စွန်းများ လုံးဝန်းသည့်ပုံစံဖြစ်ပေါ်လာချိန်တွင်ဆွတ်ခူးလေ့ရှိကြသည်။ အချိန်မတန်မီဆွတ်ခူးပါကသယ်ယူပို့ဆောင်ရာတွင် အလေးချိန်လျော့နည်းနိုင်ပြီးအသီးမှည့်ရန်အတွက် အချိန်ကြာမြင့်မည်ဖြစ်ပါသည်။ သို့တည်းမဟုတ် အမှည့်လွန်သည့်အချိန်မှ ဆွတ်ခူးပါကပျက်စီးခြင်း၊အသီးပုတ်ခြင်းနှင့်အရည်အသွေးကျဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ရင့်မာ(ရင်မှည့်)သောငှက်ပျောအားဖြတ်တောက်ခြင်း

 

 

ငှက်ပျောသီးကိုဒေသခံဈေးကွက်တွင်စားသုံးနိုင်ရန်အတွက် အပြည့်အဝမှည့်သည့်အချိန်တွင် ဆွတ်ခူးကြသည်။ ခရီးတိုတောင်းသောဈေးကွက်များအတွက် အသီး၏ ၉၀ရာခိုင်နှုန်းရင့်မှည့်ချိန်တွင် ခူးဆွတ်သင့်ပြီးခရီးရှည်လျားသောဈေးကွက်များသို့သယ်ယူပို့ဆောင်နိုင်ရေးအတွက် ၇၅ရာခိုင်နှုန်းရင့်မှည့်ချိန်တွင် ဆွတ်ခူးရန် သတ်မှတ်ထားသည်။ ၇၅ရာခိုင်နှုန်းရင့်မှည့်မှုဆိုသည်မှာအသီးများလေးပုံသုံးပုံခန့်လုံးဝန်းလာခြင်း ဥပမာအသီးများထပ်မံရှည်ထွက်ရန်အလားအလာရှိသော်လည်းအသီးမျက်နှာပြင်သည် ခုံးနေသည့်ပုံစံရှိခြင်းကိုဆိုလိုသည်။ များစွာသောရင့်မာမှု(ရင့်မှည့်)ကိုတိုင်းတာရန်အတွက် အရည်အသွေးစမ်းသပ်စစ်ဆေးသည့်နည်းလမ်းများမှာဥပမာ အသားနှင့်အခွံပါဝင်မူအချိုးအစားနှင့် အပေါ်ယံအခွံခိုင်မာတောင့်တင်းမှုညွန်းကိန်းစသည်တို့ကိုရေးဆွဲခဲ့ကြသော်လည်းလက်တွေ့ကျ၍စိုက်ခင်းတွင်အသုံးပြုနိုင်သောအကောင်းဆုံးနည်းလမ်းမှာပန်းပွင့်ပြီးနောက်ပိုင်းသတ်မှတ်ထားသည့်ရက်တွင် ဆွတ်ခူးခြင်းပင်ဖြစ်ပါသည်။

 

ငှက်ပျောဈေးကွက်လိုအပ်ချက်များ

ရင့်မာမှု(ရင့်မှည့်မူ)အတွက် စိုက်ခင်းတွင်လျင်မြန်စွာစစ်ဆေးနိုင်သည့်နည်းလမ်းမှာဖြတ်တောက်ထားသည့် ငှက်ပျောသီးအားအိုင်အိုဒင်းတွင် စိမ်နှစ်ထားခြင်းဖြင့် အသား၏အရောင် နက်လာပါကကစီဓာတ်နှင့်သကြားဓာတ်ပါဝင်မှုများကြောင်းသိရှိရပါသည်။ အခိုင်များ၏ ရင့်မာမှုကို ပြုပြင်ထုတ်လုပ်သည့် နေရာများတွင် စစ်ဆေးသည်။ ဖြတ်တောက်ထားသည့်အသီးမှ အနှစ်နှင့်အပေါ်ယံအသားသည် တောင့်တင်းခိုင်မာရန်လိုအပ်ပြီး အနှစ်သည် မလိုင်ကဲ့သို့မွတ်ညက်၍ထောပတ်ကဲ့သို့ပျော့အိပြီးတပြေးညီ အဝါရောင်ဖြစ်ရန်လိုအပ်ပါသည်။ အစေ့၏အရောင်သည် အညိုရောင်ဖြစ်ပြီး ဖြတ်တောက်ထားသည့်အခွံတွင် အစေးထွက်ရှိရပါမည်။


အပူပိုင်းဒေသများတွင် ပန်းပွင့်သည့်အချိန်မှ ဆွတ်ခူးသည့်အချိန်အထိပျမ်းမျှကြာချိန်သည် ရက် ၉၀ မှ ၁၁၅ ရက်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ဒေသအသီးသီးအတွက် သင့်လျော်သောရင့်မှည့်သည့်ရက်သတ်မှတ်ရာတွင် ဆွတ်ခူးသည့်ရက် မှန်ကန်စေရေးအတွက် အခိုင်များ၏ အရွယ်အစားနှင့် ပုံစံကိုပုံမှန်စစ်ဆေးရန်လိုအပ်ပါသည်။ဤအဆင့်တွင် ငှက်ပျောဖီး၏ အလယ်သီးသည် ၃၁ မီလီမီတာမှ ၄၁ မီလီမီတာအတွင်းဆိုလျင် ခူးဆွတ်နိုင်သည်။သို့သော်လည်းအမေရိကန်ဈေးကွက်သည် ဥရောပဈေးကွက်ထက် ပိုမိုကြီးမားသောလုံးပတ်အရွယ်အစားရှိသောအသီးကို နှစ်သက်ကြသည်။


သင်္ဘောဖြင့်သယ်ယူပို့ဆောင်ရာတွင် အပူချိန် ၁၄.၅ ဒီဂရီထားရှိရမည်ဖြစ်ပြီးစိုထိုင်းဆအခြေအနေများကိုစဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ပါသည်။ အပူချိန် ၁၄.၅ ဒီဂရီစင်တီဂရိတ်နှင့် ၁၈ဒီဂရီစင်တီဂရိတ် အကြားနှင့် ယေဘူယျအားဖြင့် ၈၅ရာခိုင်နှုန်းအောက်ရှိစိုထိုင်းဆတွင် အသီးမှည့်သည်။ လက်လီရောင်းချမှုမပြုမီတောက်ပညီညာမှုရှိသည့် အရောင်ရရှိမည့် အသီးမှည့်စေရန် ၄ရက်မှ ၈ရက်အကြား အချိန်ယူဆောင်ရွက်ရသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅